menu-iconlogo
huatong
huatong
avatar

အိမ်

ဟန်ထွန်huatong
nicaela21huatong
Тексты
Записи
သီချင်း - အိမ်

တေးဆို - ဟန်ထွန်း ၊ တင်ဇာမော်

တို့ဆောက်မယ့် အိမ်လေးရယ်

လေမုန်တိုင်းနဲ့ နှင်းတွေထဲ

လဲသွားမှာ စိုးထိတ်ခဲ့

အတူတူ တို့နှစ်ယောက်ရဲ့ ရင်ထဲ

ဘယ်လိုမှ ပြောင်းလဲမသွားမယ့် အချစ်တွေ

ဒီရင်မှာ တို့နှစ်ယောက် ရှိနေလည်း

ကံကြမ္မာရဲ့ လှည့်ကွက်များ အလယ်မှာ

သင်္ခါရတရားကို ဆန့်ကျင်ကာ

အချိန်တွေတိုင်း တို့ ဆုတောင်းနေတယ်

မပြိုပါနဲ့ အချစ်အိမ်လေး

တို့နှစ်ယောက်ရဲ့ အိမ်လေးရယ်

ပျော်ရွှင်ခြင်းအပြည့်ရှိချင်ခဲ့

တို့ဘဝတွေ ပေးဆပ်ခဲ့

ခိုင်မာတဲ့ အချစ်သစ္စာနဲ့

သံစဉ်တွေ လှပလွန်းတဲ့ သီချင်းရယ်

ထာဝစဉ် ကြားခွင့်ရချင်တယ်

ကံကြမ္မာရဲ့ လှည့်ကွက်များ အလယ်မှာ

သင်္ခါရတရားကို ဆန့်ကျင်ကာ

အချိန်တွေတိုင်း တို့ ဆုတောင်းနေတယ်

မပြိုပါနဲ့ အချစ်အိမ်လေး

ကြမ်းတမ်းလွန်းတဲ့

ဒီမုန်တိုင်းတွေထဲ

အတူ ရင်ဆိုင်ရဲရင့်မယ်

တို့ဆောက်မယ့် အိမ်လေးရယ်

လေမုန်တိုင်းနဲ့ နှင်းတွေထဲ

လဲသွားမှာ စိုးထိတ်ခဲ့

အတူတူ တို့နှစ်ယောက်ရဲ့ ရင်ထဲ

ဘယ်လိုမှ ပြောင်းလဲမသွားမယ့် အချစ်တွေ

ဒီရင်မှာ တို့

နှစ်ယောက် ရှိနေလည်း

ကံကြမ္မာရဲ့မာယာများ အလယ်မှာ

သင်္ခါရတရားကို ဆန့်ကျင်ကာ

အချိန်တွေတိုင်း တို့ ဆုတောင်းနေ

မပြိုပါနဲ့ အချစ်အိမ်လေး

မပြိုပါနဲ့ အချစ်အိမ်လေး

အတူတူသာ တို့ဆုတောင်းမယ်

မပြိုပါနဲ့ အချစ်အိမ်

အချစ်အိမ်လေး

Еще от ဟန်ထွန်

Смотреть всеlogo