စက္ကန့်လေးတွေစိန်စီထားမယ်
တေးရေး ဂီတစာဆို မောင်ကြေးမုံ
တေးဆို ဟင်္သာတထွန်းရင်
အချစ်ရယ် မှုန်နံ့သာလေးလို အမြဲ
ပါးမှာကပ်လို့ချွဲတဲ့
အညာသမားလေး သနပ်ခါးနှယ်
အနားမှာ မချစ်ချင်ဘူးကွယ်
အလှအပဆိုတာကလည်း ခဏခဏမြင်ရင် ရိုးမယ်
ချစ်စကားလေးတွေလည်း
ဓာတ်ပြားလေးလို တေးဆိုပါများ
အပ်သွားထပ်တော့ ခံစားမှုလေအားပျော့ပြီကွယ်
ဝေးတော့ ပိုလို့မလွမ်းလားကွယ်
ဝေးတော့ ပိုလို့မချစ်လားကွယ် . . .
အချစ်ရယ် မှုန်နံ့သာလေးလို အမြဲ
ပါးမှာကပ်လို့ချွဲတဲ့
အညာသမားလေး သနပ်ခါးနှယ်
အနားမှာ မချစ်ချင်ဘူးကွယ်
အလှအပဆိုတာကလည်း ခဏခဏမြင်ရင် ရိုးမယ်
ချစ်စကားလေးတွေလည်း
ဓာတ်ပြားလေးလို တေးဆိုပါများ
အပ်သွားထပ်တော့ ခံစားမှုလေအားပျော့ပြီကွယ်
ဝေးတော့ ပိုလို့မလွမ်းလားကွယ်
ဝေးတော့ ပိုလို့မချစ်လားကွယ် . . .
ဝေးရက်တွေများမှာ
ကျခဲ့လုလုလွမ်းမျက်ရည်ဥတွေ
စုပုံရင်ထဲသိမ်းထားတဲ့ လွမ်းစကားလေးတွေ
တွေ့တော့ ဆုံတော့ ပုံစုလို့
ချစ်အားလွမ်းအားသန်မယ်ကွယ် ဝေးနေဆဲ
စက္ကန့်လေးတွေ စိန်စီထားဦးပေါ့
အချစ်ရယ် . . .
မောင်သဘောပြောပြချင်တယ်
ဒီလိုအချစ်ရယ် ခဏပဲချစ်
သြော် ပြန်ပြန်ချစ်တဲ့ တစ်နှစ်မှာတစ်လ
တစ်လမှာတစ်ရက်တည်း ခက်ခက်ခဲခဲ
ပျက်လည်းမပျက်ကွက် ဆက်ဆက်လာတယ်
တစ်ရက်ကလေးချစ်ဖို့အရေး
တစ်နှစ်ကြိုလို့ရင်ဖိုတွေး
မျှော်သလောက်ခရီးရောက်တဲ့
ပိတောက်လိုအချစ်မျိုး ချစ်ချင်တယ် ဝေးနေဆဲ
စက္ကန့်လေးတွေ စိန်စီထားဦးမယ်
အချစ်ရယ် . . .
Music
ဝေးရက်တွေများမှာ
ကျခဲ့လုလုလွမ်းမျက်ရည်ဥတွေ
စုပုံရင်ထဲသိမ်းထားတဲ့ လွမ်းစကားလေးတွေ
တွေ့တော့ ဆုံတော့ ပုံစုလို့
ချစ်အားလွမ်းအားသန်မယ်ကွယ် ဝေးနေဆဲ
စက္ကန့်လေးတွေ စိန်စီထားဦးပေါ့
အချစ်ရယ် . . .
မောင်သဘောပြောပြချင်တယ်
ဒီလိုအချစ်ရယ် ခဏပဲချစ်
သြော် ပြန်ပြန်ချစ်တဲ့ တစ်နှစ်မှာတစ်လ
တစ်လမှာတစ်ရက်တည်း ခက်ခက်ခဲခဲ
ပျက်လည်းမပျက်ကွက် ဆက်ဆက်လာတယ်
တစ်ရက်ကလေးချစ်ဖို့အရေး
တစ်နှစ်ကြိုလို့ရင်ဖိုတွေး
မျှော်သလောက်ခရီးရောက်တဲ့
ပိတောက်လိုအချစ်မျိုး ချစ်ချင်တယ် ဝေးနေဆဲ
စက္ကန့်လေးတွေ စိန်စီထားဦးမယ်
အချစ်ရယ် . . .
Thank You
Fb AhkarMannAung