"တင့်တင့်တယ်တယ်" (နားထောင်ရန်)
တေးရေး> ရွှေတိုင်ညွန့်
တေးဆို> ဟေမာနေဝင်း
(မူရင်းသီဆိုသူ-စိန်ပါတီ)
<ခြေဆင်း>
လောကီ ဘဝရယ်
သဘောညီ မျှတယ်
ရှင်နဲ့ကျမနဲ့ တိုင်တိုင်ပင်ပင် . .
ချစ်ခင်ဖို့ရယ် ရှေးကံ ဆက်သွယ် . .
ကျမအတွင်းသဘောကို-
အကုန်လုံးပဲ ပြောပြပါမယ် . .
မောင်ရဲ့ စိတ်ကူး
အထူးပဲ သိလိုပါ... တယ်...
သနပ်ခါးခြေဆုံးခေါင်းဆုံး
မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့
ကျောထောက် နောက်ခံ
ကူညီရန်ပဲ တကယ် . .
><><
သနပ်ခါးခြေဆုံးခေါင်းဆုံး
မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့
ကျောထောက် နောက်ခံ
ကူညီရန်ပဲ တကယ် . .
><><
စီးပွါးရှာမယ် ကြီးပွားကာရယ်
တူစုံ မောင်နဲ့ မယ် . .
ကိုယ့်အိုးအိမ်နဲ့
စိန်နဲ့ ရွှေနဲ့ ဂုဏ်မငယ် . .
><><
စီးပွါးရှာမယ် ကြီးပွားကာရယ်
တူစုံ မောင်နဲ့ မယ် . .
ကိုယ့်အိုးအိမ်နဲ့
စိန်နဲ့ ရွှေနဲ့ ဂုဏ်မငယ် . .
ကုသိုလ် ဆုံဖွယ်
မြတ်တဲ့စိတ်မှာ သဒ္ဓါ . . မနွမ်း . .
လှူမယ် တန်းမယ် မှန်းကာရွယ် . .
ချမ်းသာစွာ တကယ်
ခင်နဲ့မောင်နဲ့ အကျိုးပေးသန်ပါတယ် . .
><><><><
ခုလို တူနှစ်သွယ်
ဖူးစာရေစက်ရယ်
လူမဖက်လို့သာ နတ်ဖက်ပါတယ်
ခုလို တူနှစ်သွယ်
ဖူးစာ ရေစက်ရယ်
လူမဖက်လို့သာ နတ်ဖက်ပါတယ်
><><
ဘုရားသွားလည်း
အတူတူပဲကွယ်
မခွဲနိုင်ပေါင် မောင်နဲ့မယ် . .
><><
ကျောင်း သွားလည်း
အတူတူပဲ ကွယ်
မခွဲနိုင်ပေါင် မောင်နဲ့မယ် . .
ရာသက်တိုင်ပေါင်း
အကြောင်းဆက်သွယ်
အမြဲတူစုံချစ်မယ် . . .
တင့်တင့်တယ်တယ်
><><><><><><><><
မူရင်းစာသားကိုသာ ရှာဖွေရေးထား၍
ဟေမာ့အဆိုနှင့် ကွဲလွဲမှုရှိပါသည်။
(မူရင်းတေးရေး+ တေးဆို+ တီးခတ်သူ+ အသံဖမ်းသူ+ စီစဉ်သူ+ ထုတ်ဝေသူ အားလုံးကို လေးစားကျေးဇူးတင်လျက်)
-ကိုကိုဆိုးပေ-
><><><><><><><><
ဝိရီယ ရှိသောသူမှာ
ရွှေငွေ စီးပွါး များနိုင်တယ်
ဓမ္မိယ လဒ္ဓစင်ကြယ်
အမှန် ပြော . . မယ်
သစ်တစ်ပင် အခက်ကောင်းရင်
ငှက်တစ်သောင်းလည်း
အောင်း နိုင်တယ် . .
ရှေးစကားနဲ့သာပင် ညီမျှဖွယ်
ဝိရီယ ရှိသောသူမှာ
ရွှေငွေ စီးပွါး များနိုင်တယ်
ဓမ္မိယ လဒ္ဓစင်ကြယ်
အမှန် ပြော . . မယ်
သစ်တစ်ပင် အခက်ကောင်းရင်
ငှက်တစ်သောင်းလည်း
အောင်း နိုင်တယ် . .
ရှေးစကားနဲ့သာပင် ညီမျှဖွယ်
ဆွေကောင်းရင် တစ်စလယ်
မျိုးကြွယ်ရင် တစ်စလောင်း . .
လင်ကောင်းရင် စံကာရယ်
တင့်တင့် တယ်တယ် . . .
><><><
ကပ္ပိဏ္ဏနဲ့ အနော်ဇာ
မဟော်သဓာ အမရာပုံနှယ်
ဘဝ ရှေးဟောင်းက
အကြောင်းကံ ဆုံတယ်
မယ်မဒ္ဒီ ဝေဿန်အလားလို့
အား . . ကျ စေဖွယ်
အထူးပဲပြည့်တဲ့
ပါရမီ . . တွေရယ် . .
ကပ္ပိဏ္ဏနဲ့ အနော်ဇာ
မဟော်သဓာ အမရာပုံနှယ်
ဘဝ ရှေးဟောင်းက
အကြောင်းကံ ဆုံတယ်
မယ်မဒ္ဒီ ဝေဿန်အလားလို့
အား . . ကျ စေဖွယ်
အထူးပဲပြည့်တဲ့
ပါရမီ . . တွေရယ် . .
ရွှေနဲ့မြ လိုက်လျောညီပေတယ်
ငွေသော်တာ စန္ဒာမင်းလို
ထွန်းလင်းကာသာ နှစ်ဖြာတူမောင်မယ်
><><><
ခုလို တူနှစ်သွယ်
ဖူးစာရေစက်ရယ်
လူမဖက်လို့သာ နတ်ဖက်ပါတယ်
ခုလို တူနှစ်သွယ်
ဖူးစာ ရေစက်ရယ်
လူမဖက်လို့သာ နတ်ဖက်ပါတယ်
><><
ဘုရားသွားလည်း
အတူတူပဲကွယ်
မခွဲနိုင်ပေါင် မောင်နဲ့မယ် . .
><><
ကျောင်း သွားလည်း
အတူတူပဲ ကွယ်
မခွဲနိုင်ပေါင် မောင်နဲ့မယ် . .
ရာသက်တိုင်ပေါင်း
အကြောင်းဆက်သွယ်
အမြဲတူစုံချစ်မယ် . . .
တင့်တင့် တယ်... တယ်...။
><><><>
<><><>< "သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။" -ကိုကိုဆိုးပေ- (သီချင်းတင်ပေးသူ စီနီယာများကို လေးစားလျက်)