ချစ်မာယာ
တေးရေး? နေထွဏ်ဦး
တေးဆို ?အနိုင်
********
go
မာယာဟန်ထည် မာယာနဲ့စွယ်
မာယာစာဖွဲ့ အလှတွေတင်း...
မာယာဥာဏ်နဲ့ အသက်ကိုညှင်း..
ဘုရားလောင်းဥဒေါင်းမင်း
ညွှတ်ကွင်းသက်ဆင်း
ဆင်း ရပြီကွယ်...
မိန်းမမာယာ သြော် သဲကိုးဖြာပမာ
ရှေးကအဆင်လာ ထားရှိခဲ့တာ
ပမာပုံခိုင်းနှိုင်းရင်
ဇာတ်လမ်းကလေးတွေဆင့်ကာစီကာ
သိသလောက်မောင်ပြောပြမယ်ကွာ..
နားဆင်ပေါ့ တစ်ခါ..
.go
မာယာဟန်ထည် မာယာနဲ့စွယ်
မာယာစာဖွဲ့ အလှတွေတင်း...
မာယာဥာဏ်နဲ့ အသက်ကိုညှင်း..
ဘုရားလောင်းဥဒေါင်းမင်း
ညွှတ်ကွင်းသက်ဆင်း
ဆင်း ရပြီကွယ်...
မိန်းမမာယာ သြော် သဲကိုးဖြာပမာ
ရှေးကအဆင်လာ ထားရှိခဲ့တာ
ပမာပုံခိုင်းနှိုင်းရင်
ဇာတ်လမ်းကလေးတွေဆင့်ကာစီကာ
သိသလောက်မောင်ပြောပြမယ်ကွာ..
နားဆင်ပေါ့ တစ်ခါ..
.go
ဟိုးရှေးအခါက
ဗျတ်ဝိဗျတ်တညီနောင်နှစ်ဦးမှာ
လေပြင်းတိုက်ခက်လို့သာ
သင်ဘောပျက်ကာ ပင်လယ်အတွင်းမှာ
ကံကောင်းထောက်မလို့သာ
ကမ်းပါးတစ်ခုကို ခိုဝင်နားလာ
ရသေ့ကြီးတစ်ဦးရဲ့ထံ
ဝတ်ပြုလို့သာနေလာခဲ့ရာ
ဂုဏ်ရည်ခြင်းရယ်မတူ မအိုဇာနဲ့
ချစ်ရည်တူမျှခဲ့လေတာ ဗျတ်ဝိခမျာမှာ
solo
go
မနာလိုသူတွေ ထင်သလိုအပြစ်ရှာ
ဗျတ်ဝိကိုတဲ့ သတ်လိုခြင်း...
မအိုဇာနဲ့ခွဲခွါခြင်း..
သတ်လိုသော်လည်း မဖြစ်ဘူး
အဖြစ်ထူးတော့ အခတ်တွေ့စဥ်ဝယ်...
ဗျတ်ဝိခမျာမှာ သြော် အချစ်စိတ်တွေဖြာ
အဆုံးမတော့လေကွာ အားလျှော့ခဲ့တာ
မယ်အိုဇာ လာဆက်သပါ
ရေတစ်မှုတ်နဲ့ ကွမ်းယာ တစ်ယာ
မိန်းမတွေရဲ့ အလှမာယာ အချစ်နွံထဲမှာ
.go
မောင်လည်းကြုံခဲ့ရတာ
မင်း နဲ့ချစ်ခဲ့စဥ်ကာလမှာ
အမြတ်တနိုးယုံစားမိတာ
မင်းရဲ့သစ်စာကြင်နာခြင်းမှာ
နောက်ဆုံးမှာတော့အချစ်ရာ
လမ်းခွဲခဲ့ပါကိုအပြစ်ရှာ
မောင့်အသည်းကိုခွဲခဲ့တာ
မင်းရဲ့သစ်စာမာယာလားကွာ
မောင်လည်းလေ လောကီသာရယ်မို့
တိမ်းလို့ရှောင်လို့
မလွတ်သာပါ မင်းတို့မာယာ
.go
မောင်လည်းကြုံခဲ့ရတာ
မင်း နဲ့ချစ်ခဲ့စဥ်ကာလမှာ
အမြတ်တနိုးယုံစားမိတာ
မင်းရဲ့သစ်စာကြင်နာခြင်းမှာ
နောက်ဆုံးမှာတော့အချစ်ရာ
လမ်းခွဲခဲ့ပါကိုအပြစ်ရှာ
မောင့်အသည်းကိုခွဲခဲ့တာ
မင်းရဲ့သစ်စာမာယာလားကွာ
မောင်လည်းလေ လောကီသာရယ်မို့
တိမ်းလို့ရှောင်လို့ မလွတ်သာပါ..
မင်း တို့ မာယာ..။
minKhent