တောင်တန်းမြေမှ မီးအိမ်ရှင်
ကြွေကာလေမစဲ နေပူပူတွေထဲ ပျံကာဝဲ
တောင်တန်းကြီးလည်း
ခိုက်ခိုက်တုန်တုန်နေစဉ်မှာ
တောင်ပေါ်ကြွေတဲ့ နှင်းထု
မြူခြေတွေရစ်ဆိုင်း ငွေတိမ်လှိုင်း
တစ်တောင်လုံးမှိုင်းလို့ လှမ်းမမြင်နိုင်
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ
ချင်းမိခင်တောင်တန်းချမ်းနေတယ်
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒါဟေး
ဂျင်ဂျားဒန်ဒါဟေ
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ထိုစဉ်ဟိုအဝေး မှန်အိမ်ငယ်ကလေး
တောင်ခြေမှ တောင်ထွဋ်ဖျားအထိ
တရွေ့ရွေ့ညင်သာစွာလာနေ
တောင်ပေါ်ဆရာမလေး
စေတနာရှင်မလေး သူလာနေပြီ
ရင်တွင်းအမောဆို့ နှင်းတွေစို
သွေးခဲမတတ်အအေးဓါတ်ကို
ရင်ဆိုင်ကာတို့အတွက်လေ
ထက်မြက်တဲ့အခွင့်အရေးဖြစ်တဲ့
ပညာတွေ သင်ပေးခဲ့
တောင်တန်းမြေမှ မီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေး နှင်းတွေစို
ဟိုတနွေဆီက သူငယ်စဉ်တွယ်တာတဲ့
ကြင်နာသူမြေပြန့်သားလေးလိုက်လို့
လာခေါ်စဉ်အချိန်မှ ကြင်နာသူတစ်ဖက်
တောင်ပေါ်မြေတစ်ဖက် ဒီအခက်အခဲ
လက်တွဲဖြုတ်လို့ခေါင်းခါခဲ့
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ
ချင်းမိခင်တောင်တန်းချမ်းနေချိန်
သွေးခဲမတတ်အအေးဓါတ်ကို
ရင်ဆိုင်ကာတို့အတွက်လေ
ထက်မြက်တဲ့အခွင့်အရေးဖြစ်တဲ့
ပညာတွေ သင်ပေးခဲ့
တောင်တန်းမြေမှ မီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေး နှင်းတွေစို
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့..
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျားဒန်ဒါဟေ့...