menu-iconlogo
huatong
huatong
--cover-image

အဲသလောက်တောင် ချစ်ရသည်

ဇော်ပိုင်huatong
phyllisjamarhuatong
Тексты
Записи
အဲသလောက်တောင် ချစ်ရသည်

တူနှစ်ကိုယ်ဆုံချိန်မှာ

စကားလေးတွေ တီတီတာ

ပြောမ၀ အောင်ဖြစ်ရသည်

မေ့မျက်နှာ ကြည့်ပြီး

ချွဲနွှဲ့တဲ့ ဘ၀မှာ

အားလုံးကို မေ့လိုက်ပြီ

ရင်မှာ အပျော်ဆုံးပန်းချီ

သာယာ လှိုဏ်​မောပြီ မေရေ

အဲ့သလောက်တောင် ချစ်ရသည်

အိမ်ပြန်လာပြီ ဆို..တွေ့ခဲ့တာတွေ ကို

စဉ်းစား ကာ ပြုံးရသည်

နှောက်ယှက် နေသူအမြဲ စွဲလမ်းတဲ့ မျက်နှာ

အသဲထဲမှာ စိုးမိုးပြီ

မေလေ သူ့ အကြောင်းတွေးကာ

တကယ်ကို စာကျက်မရပြီ

မောင်ရေ အဲ့သလောက်တောင် ချစ်ရသည်

အိပ်စက်တဲ့ အချိန်လေး

အိမ်မက်ထဲ အထိအောင်

အပြုံးကလေး နဲ့ အလည်လာ ပြန်သည်

အိပ်မရတော့ပါဘူး

အချစ်ရူးလေး နိုးလာ

ရင်ခုန်သံတောင် မြန်ကုန်ပြီ...

အမှောင်မပြယ်ခင်မှာ ပင်

အစောကြီးပြင်ပြီးတော့

ကျောင်းသွား ချင်လွန်းလှသည်

သိပ်တွေ့ချင် မောင့်အပြုံး

နှလုံးသားထဲ အေးစရာ

ဆေးကလေး ပမာ အားရှိသည်

ပျော်စရာ စိတ်ကူးထဲ မှာ

မေလေ တကယ်ရူးသွားပြီ

မောင်ရေ အဲ့သလောက်တောင် ချစ်ရသည်

အိပ်စက်တဲ့ အချိန်လေး

အိမ်မက်ထဲ အထိအောင်

အပြုံးကလေး နဲ့ အလည်လာ ပြန်သည်

အိပ်မရတော့ပါဘူး

အချစ်ရူးလေး နိုးလာ

ရင်ခုန်သံတောင် မြန်ကုန်ပြီ...

တူနှစ်ကိုယ်ဆုံချိန်မှာ

စကားလေးတွေ တီတီတာ

ပြောမ၀ အောင်ဖြစ်ရသည်

မေ့မျက်နှာ ကြည့်ပြီး

ချွဲနွှဲ့တဲ့ ဘ၀မှာ

အားလုံးကို မေ့လိုက်ပြီ

ရင်မှာ အပျော်ဆုံးပန်းချီ

သာယာ လှိုဏ်မောပြီ မေရေ

အဲ့သလောက်တောင် ချစ်ရသည်

ရင်မှာ အပျော်ဆုံးပန်းချီ

သာယာ လှိုဏ်မောပြီ မောင်ရေ

အဲ့သလောက်တောင် ချစ်ရသည်

ရင်မှာ အပျော်ဆုံးပန်းချီ

သာယာ လှိုင်မောပြီ ..

မောင်ရေ...အဲ့သလောက်တောင်..ချစ်ရသည်

Еще от ဇော်ပိုင်

Смотреть всеlogo