menu-iconlogo
huatong
huatong
avatar

တောသားလေးတို့လယ်ယာဝင်ချိန်

အောင်ခန့်ပိုင်huatong
အလွမ်းပြေမိသားစုhuatong
Тексты
Записи
တောသားလေးတို့လယ်ယာဝင်ချိန်

တေးရေး ကိုထွေးလေး(ဟင်္သာတ)

တေးဆို အောင်ခန့်ပိုင်

🎶🎶🎶🎶🎶🎶🎶🎶🎶

💞💞💞💞💞💞💞💕

တိမ်ညိုတွေက ကောင်းကင်ဆီမှာ

မှိုင်းညှို့စွာ သိုင်းဖွဲ့လို့လာ

ကမ္ဘာမြေဆီ ပြိုဆင်းတော့မယ်

ဟန်တွေပြင် အသံပေးလို့ရယ်

ဝသန်ရာသီ မိုးဦးရောက်ပြီကွယ်

ဂျိုးဂျိမ်းသံပေးတဲ့ ဝသန်ရာသီမှာ

တို့ရဲ့ရွာတော တောဓလေ့မှာ

သာယာပုံ တင့်ဆန်းလှတယ်

စိမ်းလန်းစို လယ်တောထဲဝယ်

ပျော်ရွှင်စွာအလုပ် လုပ်ကြပြန်တယ်

အနောက်တောင်ဆီက မိုးရယ်ညို

မျိုးစေ့တွေပက်ဖြန်းလို့သာ ဒီမိုးကိုကြို

သံသာသာဟစ်ကြွေးလို့ရယ်

ညီညာစွာ ထွန်ယက်ကြစို့ကွယ်

ပျော်စရာတွေ အလွန်ကောင်းလှတဲ့

ဝသန်မိုးဦးရဲ့ တို့လယ်ယာဝင်ချိန်ကွယ်

🎶🎶🎶🎶🎶🎶🎶🎶🎶

💞💞💞💞💞💞💞💕

နွားညီနောင်လက်မှာဆွဲလို့

အိမ်ပြန်ချိန်မှာ

သီချင်းလေးတွေ ညည်းညည်းလို့ပါ

ကမ္ဗလာပြင် လယ်ကွင်းကြီးရယ်

ရိုးမတောင်ရူ့မောမဆုံးတယ်

နေညိုချိန် လွမ်းစရာ့ဓလေ့ပါကွယ်

🎶🎶🎶🎶🎶🎶🎶🎶🎶

💞💞💞💞💞💞💞💕

တိမ်ညိုတွေက ကောင်းကင်ဆီမှာ

မှိုင်းညှို့စွာ သိုင်းဖွဲ့လို့လာ

ကမ္ဘာမြေဆီ ပြိုဆင်းတော့မယ်

ဟန်တွေပြင် အသံပေးလို့ရယ်

ဝသန်ရာသီ မိုးဦးရောက်ပြီကွယ်

ဂျိုးဂျိမ်းသံပေးတဲ့ ဝသန်ရာသီမှာ

တို့ရဲ့ရွာတော တောဓလေ့မှာ

သာယာပုံ တင့်ဆန်းလှတယ်

စိမ်းလန်းစို လယ်တောထဲဝယ်

ပျော်ရွှင်စွာအလုပ် လုပ်ကြပြန်တယ်

အနောက်တောင်ဆီက မိုးရယ်ညို

မျိုးစေ့တွေပက်ဖြန်းလို့သာ ဒီမိုးကိုကြို

သံသာသာဟစ်ကြွေးလို့ရယ်

ညီညာစွာထွန်ယက်ကြစို့ကွယ်

ပျော်စရာတွေ အလွန်ကောင်းလှတဲ့

ဝသန်မိုးဦးရဲ့ တို့လယ်ယာဝင်ချိန်ကွယ်

နွားညီနောင်လက်မှာဆွဲလို့

အိမ်ပြန်ချိန်မှာ

သီချင်းလေးတွေ ညည်းညည်းလို့ပါ

ကမ္ဗလာပြင် လယ်ကွင်းကြီးရယ်

ရိုးမတောင်ရူ့မောမဆုံးတယ်

နေညိုချိန် လွမ်းစရာ့ဓလေ့ပါကွယ်

🎶🎶🎶🎶🎶🎶🎶🎶🎶

💞💞💞💞💞💞💞💕

မြန်မာသံစဉ်တေးသီချင်းလေးတွေကို

ချစ်မြတ်နိုးတဲ့ ကိုကိုမမတွေ

သီဆိုရင်း အလွမ်းပြေနိုင်ကြပါစေ

အဆင်မပြေတာများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါဗျာ့

🙏🙏🙏

💕ကြွေးရှင်လေး💕အလွမ်းပြေ💕

Еще от အောင်ခန့်ပိုင်

Смотреть всеlogo