menu-iconlogo
huatong
huatong
avatar

ပုဂံလမ်းမှ အလွမ်းရှင်

အောင်သူhuatong
ouarourhuatong
Тексты
Записи
ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ

သူတစ်ပါးခူးဆွတ်တာ

စိုးရိမ်ရတာ ကြုံဖူးကြမယ်

ရာဇဝင်မှာ သူရဲကောင်းကြီးဖြစ်တဲ့

စစ်သားကြီးအသည်းနဲ့ ဥဿာနဲ့ ပုဂံ

ဒီလမ်းကို ဆက်ခဲ့သူရှိတယ် . .

ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ

သူတစ်ပါးခူးဆွတ်တာ

စိုးရိမ်ရတာ ကြုံဖူးကြမယ်

ရာဇဝင်မှာ သူရဲကောင်းကြီးဖြစ်တဲ့

စစ်သားကြီးအသည်းနဲ့ ဥဿာနဲ့ ပုဂံ

ဒီလမ်းကို ဆက်ခဲ့သူရှိတယ် . .

ရန်သူကို ဖြိုခွင်းကာပေးခဲ့ဖူးတဲ့

ကျေးဇူးကြောင့်ကွယ်

ဥဿာရှင်ချစ်ကြည်ရင်းလို့

ရွှေလမ်းတွေခင်းဖို့ရယ်

သမီးတော်ကိုကွယ်

ပုဂံမင်းထံ ဆက်စေပြန်တယ်

မြတ်နိုးသူရယ် အခုမှခက်ပြီကော

အချစ်ရယ် ချစ်ခြင်းငယ်ပြိုင်

နှစ်ကိုယ်တိုင်တည်ထားလည်းကွယ်

ဒီနိုင်ငံအရေးကြောင့်ရယ်

လွမ်းရေးကို မတွေးနိုင်ပါကွယ်

ဆုံးရှုံးစေတော့အချစ်ရယ်

စွန့်ရတော့မယ် ခင်ဦးငယ်ရယ်

နွေတစ်ရာပူပြင်းခဲ့ပါစေ

သူမသိအောင် နေပြပါ့မယ်

ရင်ထဲမှာကြွေတဲ့မျက်ရည်

မင်းမသိအောင် ကြွေမယ်အချစ်ရယ်

ကိုယ်ကိုယ်တိုင် စောင့်ရှောက်လို့

ခေါ်လာရတယ်

ကိုယ်ကိုယ်တိုင်

ဘုရင့်ထံပါး နှင်းအပ်ရတယ်

ချစ်တယ် သြော် သိပ်ချစ်တယ်

အသည်းနင့်အောင် ချစ်ရပေမယ့်

ကျန်စစ်သားရယ် အချစ်ရှုံးသမားမို့

နှစ်ပြည်ထောင်လမ်းကို

အသည်းနဲ့ခင်းခဲ့တယ် . . .

ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ

သူတစ်ပါးခူးဆွတ်တာ

စိုးရိမ်ရတာ ကြုံဖူးကြမယ်

ရာဇဝင်မှာ သူရဲကောင်းကြီးဖြစ်တဲ့

စစ်သားကြီးအသည်းနဲ့ ဥဿာနဲ့ ပုဂံ

ဒီလမ်းကို ဆက်ခဲ့သူရှိတယ် . .

ကြင်နာသူ ကိုယ်နဲ့ချစ်ခဲ့ပြီးမှ

သူတစ်ပါးခူးဆွတ်တာ

စိုးရိမ်ရတာ ကြုံဖူးကြမယ်

ရာဇဝင်မှာ သူရဲကောင်းကြီးဖြစ်တဲ့

စစ်သားကြီးအသည်းနဲ့ ဥဿာနဲ့ ပုဂံ

ဒီလမ်းကို ဆက်ခဲ့သူရှိတယ် . .

ရန်သူကို ဖြိုခွင်းကာပေးခဲ့ဖူးတဲ့

ကျေးဇူးကြောင့်ကွယ်

ဥဿာရှင်ချစ်ကြည်ရင်းလို့

ရွှေလမ်းတွေခင်းဖို့ရယ်

သမီးတော်ကိုကွယ်

ပုဂံမင်းထံ ဆက်စေပြန်တယ်

မြတ်နိုးသူရယ် အခုမှခက်ပြီကော

အချစ်ရယ် ချစ်ခြင်းငယ်ပြိုင်

နှစ်ကိုယ်တိုင်တည်ထားလည်းကွယ်

ဒီနိုင်ငံအရေးကြောင့်ရယ်

လွမ်းရေးကို မတွေးနိုင်ပါကွယ်

ဆုံးရှုံးစေတော့အချစ်ရယ်

စွန့်ရတော့မယ် ခင်ဦးငယ်ရယ်

နွေတစ်ရာပူပြင်းခဲ့ပါစေ

သူမသိအောင် နေပြပါ့မယ်

ရင်ထဲမှာကြွေတဲ့မျက်ရည်

မင်းမသိအောင် ကြွေမယ်အချစ်ရယ်

ကိုယ်ကိုယ်တိုင် စောင့်ရှောက်လို့

ခေါ်လာရတယ်

ကိုယ်ကိုယ်တိုင်

ဘုရင့်ထံပါး နှင်းအပ်ရတယ်

ချစ်တယ် သြော် သိပ်ချစ်တယ်

အသည်းနင့်အောင် ချစ်ရပေမယ့်

ကျန်စစ်သားရယ် အချစ်ရှုံးသမားမို့

နှစ်ပြည်ထောင်လမ်းကို

အသည်းနဲ့ခင်းခဲ့တယ် . . .

ကျေးဇူးတင်ပါတယ် ..

Еще от အောင်သူ

Смотреть всеlogo