လမ်းပြကြယ်
ရေး ထူးအိမ်သင်
ဆို ဖြိုးကြီး ၊ Lဆိုင်းဇီ
သူပျော်မယ်ဆိုရင်နေနိုင်ပါတယ်
ကြည်ဖြူစွာကိုယ်ခွင့်လွှတ်ထားတယ်
ယုံရဲ့လားကွယ် …
အိုကြင်နာသူသာပိုင်ဆိုင်မယ်ဆို
လိုချင်တာတွေအားလုံးပြည့်စုံ
နေမှာပေါ့ကွယ် …
အိုယုံကြည်စွာကိုယ်ခင်တွယ်နေမယ်
ရင်နာအောင်သူခွဲမသွားပါနဲ့
ချစ်သူရယ် …
ကိုယ်အားကိုးတကြီးကိုင်ဆွဲထားတဲ့
လက်ကလေးများဝေးမှာ
ကြင်နာသူသိပ်ကြောက်တယ် …
ကိုယ်ရင်ခုန်စွာပင်ခံယူချင်တယ်
တာရာရွှေစင်လမ်းပြကြယ်လေး
ချစ်သူရယ် …
ကိုယ်ရင်ခုန်စွာပင်ခံယူချင်တယ်
အမှောင်ကိုဖယ်ခွာ
ကြင်နာစွာအလင်းပေးပါကွယ် …
သူအနိုင်လိုချင်ရင်ယူနိုင်ပါတယ်
ကြည်ဖြူစွာကိုယ်အရှုံးပေးထားတယ်
ကျေနပ်လားကွယ် …
ဒီမြေပြင်ပေါ်မှာပိုင်ဆိုင်ချင်တာ
ထာဝစဉ်သူ ချစ်ဖို့ပေါ့ကွယ်
သိနားလည် …
အိုယုံကြည်စွာကိုယ်ခင်တွယ်နေမယ်
ရင်နာအောင်သူခွဲမသွားပါနဲ့
ချစ်သူရယ် …
ကိုယ်အားကိုးတကြီးကိုင်ဆွဲထားတဲ့
လက်ကလေးများအသိပါ
ကြင်နာသူသိပ်ချစ်တယ် …
အိုယုံကြည်စွာကိုယ်ခင်တွယ်နေမယ်
ရင်နာအောင်သူခွဲမသွားပါနဲ့
ချစ်သူရယ် …
ကိုယ်အားကိုးတကြီးကိုင်ဆွဲထားတဲ့
လက်ကလေးများဝေးမှာ
ကြင်နာသူသိပ်ကြောက်တယ် …
ကိုယ်ရင်ခုန်စွာပင်ခံယူချင်တယ်
တာရာရွှေစင်လမ်းပြကြယ်လေး
ချစ်သူရယ် …
ကိုယ်ရင်ခုန်စွာပင်ခံယူချင်တယ်
အမှောင်ကိုဖယ်ခွာ
ကြင်နာစွာအလင်းပေးပါကွယ် …
သူအနိုင်လိုချင်ရင်ယူနိုင်ပါတယ်
ကြည်ဖြူစွာကိုယ်အရှုံးပေးထားတယ်
ကျေနပ်လားကွယ် …
ဒီမြေပြင်ပေါ်မှာပိုင်ဆိုင်ချင်တာ
ထာဝစဉ်သူ ချစ်ဖို့ပေါ့ကွယ်
သိနားလည် …
အိုယုံကြည်စွာကိုယ်ခင်တွယ်နေမယ်
ရင်နာအောင်သူခွဲမသွားပါနဲ့
ချစ်သူရယ် …
ကိုယ်အားကိုးတကြီးကိုင်ဆွဲထားတဲ့
လက်ကလေးများအသိပါ
ကြင်နာသူသိပ်ချစ်တယ် …
သိပ်ချစ်တယ်
သိပ်ချစ်တယ်
အို အချစ်လေး
သိပ် ချစ် တယ် …..