menu-iconlogo
huatong
huatong
avatar

အချစ်ကြီးသူ

ငြိမ်းစည်သူhuatong
nlawrence88huatong
Тексты
Записи

ချစ်စတုန်းကတော့

အသည်းနင့်အောင်ချစ်ခဲ့မိတယ်

လွမ်းဖို့ဆိုတာလည်း

မောင်လည်းမတွေးမိပါဘူးကွယ်

ပျော်ရွှင်ကြည်နူးခဲ့တာ

ဘဝတစ်ခုလုံးပျော်မဆုံးနိုင်တယ်

မောင့်နှလုံးသားကို

ပုံအပ်ပြီးချစ်ခဲ့ရတယ်

အချစ်ကြီးချစ်တဲ့သူမို့ပါကွယ်

နှစ်ကိုယ်တူကြည်နူးခဲ့ကြ

ကြင်နာယုယနှစ်သက်ကြမှာကွယ်

ကံကြမ္မာဖန်လာတော့လည်း

ဝေးကွာခဲ့ရလေတယ်

အသည်းနှလုံးမှ

တစ်ကယ်ပဲဆွေးရပြီအချစ်ရယ်

ခုအနေများတော့လည်း

တစ်ကမ္ဘာဆီဝေးခဲ့ရတယ်

မောင့်ကမ္ဘာထဲမှာလွမ်းရတဲံအဖြစ်များ

ဘယ်သူမှနားမလည်နိုင်ဘူးကွယ်

လွမ်းနေတဲ့အသည်းနှလုံးကို

မောင်ဘယ်လိုဖြေသိမ့်နိုင်ပါ့မယ်

ပြိုပျက်သွားတဲ့မောင့်နှလုံးသားကို

ဘယ်လိုများလန်းဆန်းနိုင်မလဲလေ

လောကတစ်ခွင်လုံး

ပျောက်ဆုံးသွားတာအမှန်ပါပဲ

မောင့်မှာအနေခက်လှတယ်

အချစ်ကြီးချစ်သူမောင့်ကို

လွမ်းရပြီဆိုတော့လည်း

ဖြေမဆည်နိုင်အောင်

လွမ်း လွမ်းရပြီအချစ်ရယ်

နှစ်ကိုယ်တူကြည်နူးခဲ့ကြ

ကြင်နာယုယနှစ်သက်ကြမှာကွယ်

ကံ ကြမ္မာဖန်လာတော့လည်း

ဝေးကွာခဲ့ရလေတယ်

အသည်းနှလုံးမှ

တစ်ကယ်ပဲဆွေးရပြီအချစ်ရယ်

ခုအနေများတော့လည်း

တစ်ကမ္ဘာဆီဝေးခဲ့ရတယ်

မောင့်ဘဝကမ္ဘာထဲမှာလွမ်းရတဲ့အဖြစ်များ

ဘယ်သူမှနားမလည်နိုင်ဘူးကွယ်

လွမ်းနေတဲ့အသည်းနှလုံးကို

မောင်ဘယ်လိုဖြေသိမ့်နိုင်ပါ့မယ်

ပြိုပျက်သွားတဲ့မောင့်နှလုံးသားကို

ဘယ်လိုများလန်းဆန်းနိုင်မလဲလေ

လောကတစ်ခွင်လုံး

ပျောက်ဆုံးသွားတာအမှန်ပါပဲ

မောင့်မှာအနေခက်လှတယ်

အချစ်ကြီးချစ်သူမောင့်ကို

လွမ်းရပြီဆိုတော့လည်း

ဖြေမဆည်နိုင်အောင်

လွမ်း လွမ်းရပြီ အချစ်ရယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ZinKoKo15

Еще от ငြိမ်းစည်သူ

Смотреть всеlogo