menu-iconlogo
huatong
huatong
avatar

မောင့်အရိုင်းပန်း

ဖြိုးကျော်ထိုက်huatong
🕊️🎸❥𝄞Jo❦Jo⎯❥Joker𝄞🕊️huatong
Тексты
Записи
ကံဇာတာခေချိန်လား

ဝဋ်ကြွေးတွေမကုန်လို့လား

ရေတိမ်မှာ နစ်မွန်း ရ တာ

.....

မောင့်အရိုင်းပန်း

ဖြိုးကျော်ထိုက် - Phyo Kyaw Htike

UPLOAD/JOKER

____Jo Jo____

ညှာတာမှုကင်းမဲ့လှစွာ

လေပွေသရမ်းတွေ

အမှတ်မထင်ဘဲ တိုက်ခိုက်ရက်စက်လာ

နုငယ်တဲ့

မောင့် အရိုင်းပန်း

အသိမကြွယ်တဲ့

မောင့် တစ်ပွင့်ပန်း

အညှာမခိုင်သေးတော့ကွယ် မဖွံ့ဖြိုးခင်

မြေမှာ ခ ရ ရှာပြီ

စာနာမှု လုံးဝမရှိတဲ့

လူယဉ်ကျေးတွေ

အလစ်ကိုချောင်း

တစ်ဖက်သားတစ်ချက်အငိုက်ကို

အပြစ်အနာမဲ့

မောင့် အရိုင်းပန်း

သန့်စင်တဲ့

မောင့် တစ်ပွင့်ပန်း

အနီရောင် စွန်းထင်းကာ အလှမပြည့်ခင်

မြေမှာ ခ ရ ရှာပြီ

ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

ဝဲဂယက်ထန် လှုပ်ရှားသွားရပြီ ကော

သာယာကာအေးချမ်းတဲ့

အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

မောင့် အရိုင်းပန်း

မောင့် အသည်းပန်း

ကံဇာတာ ခေချိန်လား

ဝဋ်ကြွေးတွေ မကုန်လို့လား

ရေတိမ်မှာ နစ်မွမ်းရတာ

? ? ?

သန်းခေါင်ယံည လမိုက်ခိုက်တောင်

မမှီနိုင်ဘူးထင်

စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်

မေတ္တာတရား ခေါင်းပါးလွန်းနေ

ဂရုဏာမဲ့ သွေးသားအလိုအတွက်

ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ

ခန္ဓာကိုယ် စတေးရရှာတယ်

သေတမန် ပြောင်းဝကို အရိုင်းပန်းငယ်

မလွန်ဆန်နိုင် ဆက်သရုံပဲ

ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

ဝဲဂယက်ထန် လှုပ်ရှားသွားရပြီ ကော

သာယာကာအေးချမ်းတဲ့

အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

မောင့် အရိုင်းပန်း

မောင့် အသည်းပန်း

ကံဇာတာ ခေချိန်လား

ဝဋ်ကြွေးတွေ မကုန်လို့လား

ရေတိမ်မှာ နစ်မွမ်းရတာ

မောင့် အရိုင်းပန်း

မောင့် အသည်းပန်း

မောင့် အသည်းပန်း

မောင့် အရိုင်းပန်း

ကျေးဇူးအများကြီးတင်ပါတယ်ဗျ

<<<<<( ဂျိုဂျိုလေး )>>>>>

Еще от ဖြိုးကျော်ထိုက်

Смотреть всеlogo