menu-iconlogo
huatong
huatong
avatar

သူမနဲ့ကျွန်တော်ရဲ့အတ္တုပ္ပတ္တိ

ဖြိုးမြတ်​​အောင်​huatong
ermauyqhuatong
Тексты
Записи
သူမနဲ့ကျွန်တော်ရဲ့အတ္တုပ္ပတ္တိ

ရေး အောင်ရာ

ဆို ဖြိုးမြတ်အောင်

ကျွန်တော့်မှာ လူငေးစရာ ရူပါမရှိ

ကျွန်တော့်မှာ ငွေကြေးအတော် ခြူခြာ၏

ကျွန်တော့်ဆို မျက်နှာမွဲသာ မြင်ပါသည်

ကျွန်တော့်ကိုဘယ်သူမှ အို သေချာမသိ

သူမ ရူပါက အကုန်ကြွေပါသည်

သူ့မှာ အဆင့်အတန်း ဂုဏ်ထည်ဝါရှိ

သူ့ဆို လူတိုင်းအကုန် ခင်ချင်သည်

သူ့ကို အထင်ကြီးသူတွေ အများကြီး

ကျွန်တော်သူ့ကို ကြိတ်ပိုးနေတာ ကြာပြီ

ကျွန်တော့်ဆို သူရှိနေတယ်တောင် မသိ

သူနဲ့ဆုံရင် ကျွန်တော့်မှာ နေစရာမရှိ

သူ့ကို ကြိတ်ပိုးသူတွေ အများကြီး

သူအတန်းရှိတဲ့ ကျောင်းကြီးရဲ့

နေရာတိုင်းမှာ

ကျွန်တော့်အမြဲရှိဖို့ ကြိုးစားခဲ့ရင်း

သူမမြင်အောင်သာ နေတိုင်းခိုးကြည့်မိတဲ့

ကျွန်တော့်ရင်မှာ သူ့အတွက်

အို မရေမတွက်နိုင်ခဲ့

သူမလိုချင်သော အချစ်စစ်များ ပိုင်သည်

ကျွန်တော်သူ့ကို ကြိတ်ပိုးနေတာ ကြာပြီ

ကျွန်တော့်ဆို သူရှိနေတယ်တောင် မသိ

သူနဲ့ဆုံရင် ကျွန်တော့်မှာ နေစရာမရှိ

သူ့ကို ကြိတ်ပိုးသူတွေ အများကြီး

သူအတန်းရှိတဲ့ ကျောင်းကြီးရဲ့

နေရာတိုင်းမှာ

ကျွန်တော့်အမြဲရှိဖို့ ကြိုးစားခဲ့ရင်း

သူမမြင်အောင်သာ နေတိုင်းခိုးကြည့်မိတဲ့

ကျွန်တော့်ရင်မှာ သူ့အတွက်

အို မရေမတွက်နိုင်ခဲ့

သူမလိုချင်သော အချစ်စစ်များ ပိုင်သည်

အချိန်များပြောင်းလို့

ကျောင်းကြီးပိတ်စဉ် အချိန်အခါ

နေတိုင်းဖတ်တဲ့ ခေါင်းစီးသတင်းစာနေရာ

သူစေ့စပ်တဲ့အကြောင်း တွေ့မိခဲ့ချိန်

ကျွန်တော်ရဲ့

အို ကမ္ဘာကြီး ပျက်စီးသွားပြီ

သူ့အတွက် ကျွန်တော့်ရဲ့အချစ်များ

ထာဝရ သိမ်းဆည်း လိုက်ပါပြီ

အို သူ့အတွက် ကျွန်တော့်ရဲ့အချစ်များ

ထာဝရ သိမ်းဆည်း လိုက်ပါပြီ

E Htote

Еще от ဖြိုးမြတ်​​အောင်

Смотреть всеlogo