ရှေးရေစက်မကုန် 
ဆုံဆည်းခဲ့တဲ့ရွှေမြို့သူရယ် 
လောကမြေကမ္ဘာပေါ်ဝယ် ခင့်တစ်ယောက်ပဲခင်တွယ် 
မသွေးတမ်းကြင်မယ့် 
ကြင်ဖက်သက်လျာထာဝစဉ်ပါကွယ် 
တောကမောင်ကြီးမေတ္တာ အလွန်ကြီးမားပါတယ် 
ယုံပါကွယ် ပျိုပျိုရယ် 
မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ် 
ရိုးရိုးသားသားနဲ့ 
မောင်တို့တောဓလေ့ပျော်မွေ့လို့နေမယ် 
ရှေးရေစက်မကုန် 
ဆုံဆည်းခဲ့တဲ့မောင်ကြီးကိုကွယ် 
လောကမြေကမ္ဘာပေါ်ဝယ် မောင့်တစ်ယောက်ထဲခင်တယ် 
မသွေးတမ်းကြင်မယ့် 
ကြင်ဖက်သက်လျာထာဝစဉ်ပါကွယ် 
တောကမောင်ကြီးမေတ္တာ ပျိုလေးသိပါတယ် 
ယုံပါတယ် မောင်မောင်ရယ် 
မောင်ခေါ်ရာလိုက်ဖို့တော့ကွယ် 
စဉ်းစားလို့ ဖြင့် 
မောင်တို့တော့ဓလေ့ ပျော်မွေ့ဖို့မလွယ်တယ် 
လိုက်တော်မူသင့်တယ် 
ချစ်တဲ့သက်လယ်မောင်ကြီးမျက်ချယ် 
သဘောကျအောင်ထားပါ့မယ် မောင်ကြီးပျိုနှမရယ် 
မလိုက်ချင်ပါဘူးကွယ် 
တောဓလေ့ဖြင့်ပျော်မွေ့ဖို့မလွယ် 
အစစအရာနွမ်းပါးလှတဲ့ မောင်တို့ဒေသ၀ယ် 
မြို့သူပျိုဖြူချော 
တောသားမို့အထင်သေးသလားကွယ် 
ခါးလှသလိုဝမ်းလည်းဝအာင် 
လုပ်ကျွေးနိုင်သပကွယ် 
ကိုလူညိုချော တောသားမို့အထင်မသေးဝံ့တယ် 
အားခွန်တွေကြီးမားသလောက်ကွယ် 
ယောကျာ်းပီသတယ် 
မောင်ကြီးတို့ဆီမှာကွယ် 
ယာမြေတစ်ဝှမ်းနဲ့လယ်ပြင်ကျယ် 
ဖြာဝေဆန်းလို့ရွှင်လန်းစရာကွယ် 
ငြိမ်းချမ်းမွေ့ကြဖွယ် 
ပျိုလေးတို့ဆီမှာကွယ် 
မော်တော်ကားနဲ့တ၀ီဝီလည် 
မောင်ကြီးတို့ဆီကျရင်ကွယ် 
လှည်းကြမ်းစီးရမယ် 
စိုးတယ်ရွံ့တယ် မောင်ရယ် 
ရွှံ့တွေဗွက်တွေ ပေမယ် 
ပျိုမေနှမရယ် ကြောက်အားပိုလှတယ် 
စိုးပါနဲ့ကွယ်မေရယ် စိုးပါနဲ့ကွယ်မေရယ် 
ညာလက်ရုံးနဲ့ မောင်ကြီးလုပ်ကျွေးမယ် 
မိုးကျရင်ပျိုးချမယ် ယာချိန်တန်ယာထွန်မယ် 
လယ်ထွန်တုံးနဲ့ လယ်ခင်းယာခင်းဆင်းလို့ရယ် 
လုပ်အားကိုမနှေးပေးရမယ် ဒါမှသာလူသားတွေ 
အသက်နဲ့ခန္ဓာ 
စည်းစိမ်ချမ်းသာသုခပြည့်ကြမယ်.. 
  ဒီလိုဆိုပြန်တော့ 
မောင်ကြီးသဘောထားမြင့်မြတ်ပါလှတယ် 
စိတ်စေတနာ အသေချာတွေးမိပြီကွယ် 
တောသူတောင်သား လယ်သမားတို့ 
ဂုဏ်ယူထိုက်စရာကောင်းလှတယ် 
ဂုဏ်ယူထိုက်စရာကောင်းလှတယ် 
ကိုင်းကျွန်းလယ်မြေ ရိုးရာဓလေ့ကိုခင်တွယ် 
ကျေးဇူးရှင်မောင်ကြီးတို့နဲ့ 
အတူတွဲကာပဲ မနှေးတမ်းကွယ်နွှဲလို့ရယ် 
လယ်မြေယာမြေ ဖြာဝေဆန်းအောင်ထမ်းဆောင်မယ် 
ယောကျာ်းကောင်းပီသတဲ့ 
မောင်ကြီးကိုကွယ် 
ဆတက်ထမ်းပိုးတိုးလို့ချစ်ကြင်မယ် 
မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ် 
ရွှေမြို့သူလေးရယ် 
ဌာနေကိုအောက်မေ့လို့ဖြင့် 
မောင်ကြီးပြန်တော့မယ် 
ဘယ်မကွာဘုန်းသက်ပိုင်ရယ် ဆုံးသက်တိုင်ရွယ် 
ရိုးမြေကျအောင်ပဲ 
မောင်လည်းမေ့ကိုကြင်နာမယ် 
လိုက်ခဲ့ပါမောင်ကြီးနှမရယ် 
သေအတူရှင်မကွာ 
သစ္စာမေတ္တာပွားလို့ချစ်ပါ့မယ် 
မောင်ခေါ်ရာလိုက်ခဲ့တော့မယ် 
ယုံတော့မောင်ကြီးရယ် 
စေတနာရိုးသားလွန်းလို့ ချစ်အမွှန်းတင်ရမယ် 
ဘယ်မကွာဆုံးသက်တိုင်ရွယ် 
ဘုန်း(ပျို့)သက်ပိုင်ရယ် 
ရိုးမြေကျအောင်ပဲ 
မောင်လည်းမေ့ကိုကြင်နာမယ် 
လိုက်ခဲ့ပါ(မယ်)မောင်ကြီးနဲ့ကွယ် 
သေအတူ ရှင်မကွာ 
သစ္စာမေတ္တာပွါး(ထား)လို့ချစ်ပါ့မယ်..