သီချင်း - ဟိုဖက်အိမ်ကကောင်မလေး
တေးဆို - Benjamin Sum
ဘယ်ရှေးဆုတောင်းတွေကြောင့်များ
ကိုယ့်အိမ်ဘေး
မင်းတို့ပြောင်းလာတာလဲတွေး
လေတိုက်နေတဲ့ လမ်းထက်ကရွက်ဝါတွေဟာ
ကြွေကျနေတဲ့နွေနေ့တစ်နေ့
အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်မှာရေး
မရေးတတ်ရေးတတ် ဇာတ်လမ်းလေး
လေတိုက်နေတဲ့ လမ်းထက်က
ရွက်ဝါတွေလို အိပ်မက်တွေက
ရင်မှာကြွေ မင်းအရိပ်လေး
မင်းအငွေ့လေး စိုးမိုးထားပါပြီလေ
ကိုယ့်ဘဝမှာ အဝေးကငေး အဝေးကဆွေး
ကိုယ့်အကြောင်းလေးတွေ သိမလား
ဟိုဘက်အိမ်က ကောင်မလေး
နီးစပ်ဖို့ကြံစမ်း ကိုယ့်ရဲ့စိတ်ကူးတွေ
ဦးနှောက်ထဲက ထွက်စမ်းဟေ့
မေးခွန်းများစွာနဲ့ပဲ ကိုယ့်ရဲ့ကမ္ဘာမှာ
လည်ပတ်နေဆဲ နေ့လေးတွေ
အို လွယ်တော့မလွယ်ဘူး
အဖြေလည်းမတွေ့
မင်းအရိပ်လေး
မင်းအငွေ့လေး စိုးမိုးထားပါပြီလေ
ကိုယ့်ဘဝမှာ အဝေးကငေး အဝေးကဆွေး
ကိုယ့်အကြောင်းလေးတွေ သိမလား
ဟိုဘက်အိမ်က ကောင်မလေး
(မင်းအရိပ်လေး)
မင်းအငွေ့လေး စိုးမိုးထားပါပြီလေ
အဝေးကငေး (အဝေးကငေး)
အဝေးကဆွေး (အဝေးကဆွေး)
ကိုယ့် အကြောင်းလေးတွေသိမလား
ဟိုဘက်အိမ်က ကောင်မလေးရေ
မင်းအရိပ်လေး
မင်းအငွေ့လေး စိုးမိုးထားပါပြီလေ
ကိုယ့်ဘဝမှာ အဝေးကငေး အဝေးကဆွေး
ကိုယ့်အကြောင်းလေးတွေ သိမလား
ဟိုဘက်အိမ်က ကောင်မလေး ရေး ရေး ရေး
ကိုယ့်အကြောင်းလေးတွေ သိမလား
ဟိုဘက်အိမ်က ကောင်မလေးရေ .. ရေး ရေး ရေး
ကိုယ့်အကြောင်းလေးတွေ သိမလား