သီချင်း - ဆေးကျောင်းသား
တေးဆို - Blueberry
ဆေးကျောင်းထဲက ကောင်ကလေး
သိပ်ချစ်လွန်းလို့ ငါလိုက်ငေး
ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့်
သူလေ တကယ်ကိုမသိ
ဆေးကျောင်းထဲသို့ ငါလိုက်သွား
တို့တစ်ယောက်တည်းမို့ အူကြောင်ကြား
မိုးတိုးမတ်တတ် နေတကာရပ်
ငူငူငိုင်ငိုင်နဲ့
ကောင်ကလေးရေ မင်းကို
သိပ်ချစ်လို့သာ ကိုယ့်မှာ
ဒုက္ခများစွာ ရင်ဆိုင်ရ
ဒါပေမယ့်လေ အချစ်ရာ
ကိုယ့်အတွက် ပြဿ နာ မရှိပါ
မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ
စတွေ့မိတဲ့ ပုံရိပ်လေး
အခုထိ တို့ဖြင့်မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့
ဂျူတီကုတ် အဖြူရောင်လေးနဲ့
သိပ်ခန့်တဲ့ ကောင်လေးရာ
ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို
နည်းနည်းလောက် chance ပေးပါ
သိပ်ချစ်တဲ့ ဒေါက်တာလေးရာ
ကျောင်းကြီးထဲက ထိုင်ခုံလေး
တို့နဲ့မင်းအတွက် အဖော်လုပ်ပေး
အသိအမှတ်ပြုဖို့ ဒီကောင်မလေး
ဝန်ခံပါတယ်လေ
အတန်းရှေ့ဖြတ်လို့ အခါခါရပ်
မျက်စိနောက်လို့ အမြင်တွေကပ်
မင်းအတန်းထဲက အဖော်တွေများ
ဒီကို လှောင်ကြမလား
စာတွေလုပ်ကာ မင်းမှာ
စိတ်ညစ်မိရင်လည်းကွာ
တို့ရဲ့သီချင်းကို ပြန်လည်ကြားပါ
ဒါပေမယ့်လေ တို့ဟာ
မိန်းကလေးဘဝမို့ သနားပါ
မင်းရဲ့အချစ်ကို မျှော်နေမှာပါ
စတွေ့မိတဲ့ ပုံရိပ်လေး
အခုထိ တို့ဖြင့်မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေ့
ဂျူတီကုတ် အဖြူရောင်လေးနဲ့
သိပ်ခန့်တဲ့ ကောင်လေးရာ
ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို
နည်းနည်းလောက် chance ပေးပါ
သိပ်ချစ်တဲ့ ဒေါက်တာလေးရာ
ဂျူတီကုတ် အဖြူရောင်လေးနဲ့
သိပ်ခန့်တဲ့ ကောင်လေးရာ
ကိုယ့်ရဲ့အသည်းကို အမြန်ကုစားပါ
ဆိုင်သူရှိရင် ကိုယ့်ကို
နည်းနည်းလောက် chance ပေးပါ
သိပ်ချစ်တဲ့ ဒေါက်တာလေးရာ