menu-iconlogo
huatong
huatong
avatar

နဖူးမှာရေးတဲ့စာ

Bobby Soxerhuatong
milieuennatuurhuatong
Тексты
Записи
သီချင်း - နဖူးမှာရေးတဲ့စာ

တေးဆို - မိစန္ဒီ, Bobby Soxer

မင်းနဲ့ငါစတွေ့ကတည်းက

ငါ့စိတ်မှာ သိနေခဲ့တာ

ဖြတ်မရတဲ့ကြိုးတွေ

တချိန်မှာရုန်းမရအောင်

ရစ်တွယ်တော့မှာ

ငါ့အဖြစ်ဟာ မဆွတ်ခင်ကတည်းက

တိမ်းညွှန့်ချင်ခဲ့တဲ့ ပန်းပါ

မင်းအပြုံးတွေ အကြည့်တွေရဲ့ကြား

လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပါ..

တွေ ့ရှိခဲ့ပီ ဘုရားဖန်ဆင်းတဲ့

ငါ့ရဲ့ နောက်ထပ်ကိုယ်တခြမ်း

မင်းပဲကွာ မင်းပဲ

တွေ ့ရှိခဲ့ပီ နဖူးမှာရေးတဲ့

ငါ့ရဲ့ဖူးစာရှင်က မင်းပဲကွာ မင်းပဲ

ငါစောင့် စား နေခဲ့တယ်

အိမ်မက်ထဲက မင်းသားလေးဟာ

မင်းပဲ

ဘာ တွေ ထပ် လိုအုံးမလဲ

နင်သာအနားရှိရင်

အားလုံးပြည့်စုံသွားမယ်

မင်းပခုံးလေးမှီ မင်းရင်ခွင်လေးထဲ

မင်းအနမ်းများ ခံယူရင်း

အသက်ဆက်မယ်..

ငါ့ဘဝထဲကို သူဝင်ကာလှမ်းလာ

နွေးထွေးတဲ့ အချစ်တို့နဲ့

လက်ကမ်းကာ

အချစ်သင်ခန်းစာမှာ

ငါက သူငယ်တန်းပါ

ရုန်းနိုင်စွမ်း မရှိလောက်အောင်

ခြေကုန်လက်ပမ်းကျ

ရင်ခုန်သံတွေ ပိုမြန်စေလို့လေ

အရာရာကို ရင်ဆိုင်မယ် တို့တတွေ

နေ့ နေ့ ညည

အချိန်ရှိတိုင်း တဖြည်းဖြည်းနဲ့

ခိုင်မြဲအောင်တည်ဆောက်ထားတဲ့

သံယောဇဉ်ကြိုးကလေး

တိုင်တည်မယ် ဒီကမ္ဘာနဲ့ မိုးမြေ

ချစ်သူရင်ခွင်ထဲမှာ ခေါင်းလေးကိုတိုးဝှေ့

ကမ္ဘာမြေပြင်ဆုံးတဲ့အထိတို့တွေ

အရာရာကို လက်တွဲပီး

ဖြတ်ကျော်ကြစို့ဟေ့

အေဒင်ဥယျာဉ်ထဲက ပန်းသီးကိုခူး၍

ဘဝထဲ ဝင်လာခဲ့သော

မင်းသားလေးနဲ့ နဖူးတွေ့ဒူးတွေ့

အချစ်ကိုတွေ့ရှိခဲ့သူတဦးလေ

ဖူးစာရှင်လေး မင်းကြောင့်ငါ့မှာ

ရင်ခုန်သံတွေမူးမေ့

ငါ စောင့် စား နေခဲ့တယ်

အိမ်မက်ထဲက မင်းသားလေးဟာ

မင်းပဲ

ဘာတွေ ထပ်လိုအုံးမလဲ

နင်သာအနားရှိရင်

အားလုံးပြည့်စုံသွားမယ်

မင်းပခုံးလေးမှီ မင်းရင်ခွင်လေးထဲ

မင်းအနမ်းများ ခံယူရင် အသက်ဆက်မယ်

တစ်နေ့ပီးတစ်နေ့

အချိန်တွေကြာလည်းချစ်ပါ

တစ်နှစ်ပီးတစ်နှစ် ခိုင်မြဲတဲ့သစ္စာ

တစ်နေ့ပီးတစ်နေ ့

လျော့မသွားတဲ့မေတ္တာနဲ့

နာရီမိနစ်စက္ကန့်တိုင်း

သံယောဇဉ်ပိုဖြစ်လာ

အချစ်ဆိုတာက ဘုရားပေးတဲ့ ဖူးစာ

မမြင်နိုင်တဲ့မှင်နဲ့ ရေးထားတယ် နဖူးမှာ

နင်နဲ့တွေ့မှ ငါ့ဘဝက ကြည်နူးစရာ

အချိန်တိုင်း ပျော်စရာများ

ဖန်တီးပေးသူတဦးပါ

တခါတလေ စိတ်ဆိုးစိတ်ကောက်တဲ့

အချိန်မျိုး

ဒီလိုနဲ့ စိတ်ချင်းဝေးသွားကြမှာကို

စိုးရိမ်လို့

တယောက်နဲ့တယောက်

ရှိတဲ့ မာနတွေချိုးနှိမ်လို့

တော်ပြီကွာနောက်တခါ

ရန်မဖြစ်ဘူးကျိန်ဆို

အချိန်တွေ ဖြတ်ကျော်ရင်းနဲ့အတူ

တသက်လုံး နင့်ရဲ့ဘေးမှာ

ရှိနေချင်တဲ့သူ

နင်နဲ့တွေ့မှ အချစ်ကို

ကိုးကွယ်ခဲ့တဲ့သူ

နားလည်မှုဆိုတာက

အချစ်ရဲ့ဝှက်ဖဲတစ်ခု

ငါ စောင့် စား နေခဲ့တယ်

အိမ်မက်ထဲက မင်းသားလေးဟာ

မင်းပဲ

ဘာတွေ ထပ်လိုအုံးမလဲ

နင်သာအနားရှိရင်

အားလုံးပြည့်စုံသွားမယ်

မင်းပခုံးလေးမှီ မင်းရင်ခွင်လေးထဲ

မင်းအနမ်းများ ခံယူရင်း

အသက်ဆက်မယ်.....

Еще от Bobby Soxer

Смотреть всеlogo