ဒွိဟ
ဆို Bobby Soxer(ထက်ထက်)
စိတ်ကူးနဲ့ လက်တွေ့တို့က ထပ်တူတော့ မကျလည်း
နင်ငါ့ကို စိတ်ပျက်ပြီးတော့ ထားသွားလည်း အပြစ်မဆိုရဲ
ငါ့မိဘ ငါ့အသိုင်းအဝိုင်းက နည်းနည်းတော့ ပွားတယ်
သူတိုရဲ့ စိတ်ကြိုက်အတိုင်း ငါ နေနေရတဲ့လူပဲ
စိတ်ကြီးတဲ့ ငါ့ရဲ့အစ်ကိုရဲ့ ဒေါသလည်း ကြောက်ရတယ်
တကယ်တမ်းတော့ ငါ့ရဲ့ဘဝက လှောင်အိမ်ထဲ ငှက်လိုပဲ
သူတိုရဲ့ ပြောစကားများက ငါ့အတွက်ပါ ပြောကြလည်း
ငါချစ်တဲ့ မင်းနဲ့ဝေးတော့ လွမ်းရလည်း ငါပါပဲ
ဘယ်တော့မှ လွတ်လပ်ခွင့်တို့ ငါ့အတွက်ရနိုင်မလဲ
(စိတ်ပျက်ကာလေ ရင်မောတယ်
အချစ်အတွက် တာဝန် မကျေတော့လည်း yay)
ဘယ်တော့မှ မင်းလေး ငါ့ကို ခွဲမသွားပါနဲ့
(တစ်နေ့နေ့ ငါလေ ဖွင့်ပြောမယ် မိဘတွေဆီ ဝန်ခံလိုက်မယ်)
မလွယ်ပါဘူး လူတစ်ယောက်ကို ယုံကြည်ဖို့က မလွယ်ပါဘူး
ဖေဖေ မေမေက ပြောတယ် အချစ်က ပူတယ် မကစားနဲ့
မလွယ်ပါဘူး လူတစ်ယောက်ကို ချစ်လာဖို့က မလွယ်ပါဘူး
ဖေဖေ မေမေမှာထားလည်း မင်းရှေ့ရောက်ရင် အကုန်မေ့သွားတယ်
မလွယ်ပါဘူး မင်းကို မေ့နိုင်ဖို့ကလည်း မလွယ်ပါဘူး
လူကိုထင်တယ် စိတ်ကစားတယ် တော်ကြာရင် ဒါတွေ မေ့သွားမယ်
မလွယ်ပါဘူး မင်းကို ချစ်နေဖို့ကလည်း မလွယ်ပါဘူး
ယုံကြည်ချင် ပါသော်လည်းကွယ် မိဘတွေဆူမှာ ရင်မောတယ်
ချစ်တဲ့သူ ပြောတယ် မိဘတွေ ပြောတယ်
မတူညီ ဒွိဟပြိုင်မျဉ်းထဲမှာ ကြာရင် ရူးတော့မှာပဲကွယ်
ချစ်တဲ့သူ ပြောတယ် မိဘတွေ ပြောတယ်
မတူညီ ဒွိဟပြိုင်မျဉ်းထဲမှာ ကြာရင် ရူးတော့မှာပဲကွယ်
Rap: ဘယ်လိုမေ့ရမလဲ မနေ့တနေ့ကပဲ
အိမ်က ဆူတာခံထားရလို့ ခေါင်းကြိမ်းစရာပဲ
ဒီလို အတွေးကမ္ဘာထဲ ခေါင်းတွေဝေ့ကာလည်
ငါ့အတွက် နှစ်ဦးနှစ်ဖက်စလုံးက အရေးပါတယ်
သြော် စဉ်းစားရ ကျပ်ပါသည်
ဒါပေမယ့် တွေ့ချင်နေတော့လည်း ခက်ပါ၏
မလွမ်းရတဲ့ နေ့ဆိုတာ တစ်ရက်မှမရှိ
အသံလေး ကြားရရင်ပဲ ကျေနပ်ပါပြီ
ရှေ့ကိုတိုးဖို့ ခက်သလို နောက်ဆုတ်ဖို့လည်း မလွယ်
ခံစားချက်ရှိတဲ့ လူက ကျောက်ရုပ် မဟုတ်ပဲကွယ်
ထင်ရာစိုင်းစိတ်ရှိတိုင်း လျှောက်လုပ်ဖို့လဲပဲ
မဖြစ်သေးတော့ မှိုင်နေရတာ ကျောက်ရုပ်လိုပဲ အမြဲ
အချစ်ကိုတွေ့ရင် ဘာမှမမြင်တော့တဲ့
ဆိုရိုးစကားကို အရင်တုန်းကမှန်တယ် မထင်သော်လည်း
လက်တွေ့ ငါသိရပြီ ဘာမှ အဆင်မချောတဲ့
ရှေ့ဆက်ရမယ့် နေ့တွေကို တွေးပြီး ရင်မောတယ်
မလွယ်ပါဘူး လူတစ်ယောက်ကို ယုံကြည်ဖို့က မလွယ်ပါဘူး
ဖေဖေ မေမေက ပြောတယ် အချစ်ကပူတယ် မကစားနဲ့
မလွယ်ပါဘူး လူတစ်ယောက်ကို ချစ်လာဖို့က မလွယ်ပါဘူး
ဖေဖေ မေမေမှာထားလည်း မင်းရှေ့ရောက်ရင် အကုန်မေ့သွားတယ်
မလွယ်ပါဘူး မင်းကို မေ့နိုင်ဖို့ကလည်း မလွယ်ပါဘူး
လူကိုထင်တယ် စိတ်ကစားတယ် တော်ကြာရင် ဒါတွေ မေ့သွားမယ်
မလွယ်ပါဘူး မင်းကို ချစ်နေဖို့ကလည်း မလွယ်ပါဘူး
ယုံကြည်ချင်ပါ သော်လည်းကွယ် မိဘတွေဆူမှာ ရင်မောတယ်
ချစ်တဲ့သူ ပြောတယ် မိဘတွေ ပြောတယ်
မတူညီ ဒွိဟပြိုင်မျဉ်းထဲမှာ ကြာရင် ရူးတော့မှာပဲကွယ်
ချစ်တဲ့သူ ပြောတယ် မိဘတွေ ပြောတယ်
မတူညီ ဒွိဟပြိုင်မျဉ်းထဲမှာ ကြာရင် ရူးတော့မှာပဲကွယ်
Thanks KK