menu-iconlogo
huatong
huatong
double-jjixk-gabby-why---double-j-cover-image

WHY - Double J

Double J/Jixk Gabbyhuatong
ᴅᴀɪꜱʏhuatong
Тексты
Записи
- စကားလုံးရဲ့ အဆုံးမှာ

မင်းလေး မျက်ရည်ပြို~

နာကျင်စွာနဲ့

လမ်းခွဲခြင်းကိုရွေး

ကမ္ဘာတူနေလည်း

ချစ်ဖို့ မဖြစ်နိုင်သေး

မချစ်လို့မှမဟုတ်တာကို

မင်းလည်း သိမယ်လို့..

ဝန်ခံချင်ရက်

ဖွင့်ဟ ခွင့်တောင်မရခဲ့

ပိုင်ဆိုင်ချင်ရက်

စွန့်လွှတ် လိုက်တာ

ငါ့အမှား~ပဲ

ရူးရူးမိုက်မိုက်

တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်

မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကိုဘာကြောင့်များ ချစ်မိသွားလဲ?

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ?

အေးတိအေးစက်

မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့

စကားလုံးများကြောင့်ရယ်

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ?

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ..?

- အဲ့ဒီညမှာ အသည်း‌တွေ ကွဲတာနဲ့စ

နောက်ထပ် လူတစ်ယောက်ကို

ထပ်ချစ်နိုင်သေးလားလို့ မင်းမေးရင်

အရာအားလုံးဟာ

မင်းနဲ့သက်ဆိုင်တယ်လို့မင်းတွေးရင်

ဒါဟာအမှန်တရားပဲလေ

အချစ်ရေ မင်းနဲ့မဝေးချင် (˃̣̣̥ᯅ˂̣̣̥)

ငါ့အိပ်မက်တွေဟာ

ဟိမဝန္တာ နှင်းတွေထဲကို ရောက်ခဲ့

ဒြပ်မဲ့ ကွန်ကရစ်နဲ့လုပ်ထားတဲ့

မီးတောင်များပေါ် ရောက်ခဲ့

တစ်ဝေါဝေါ ဆင်းနေတဲ့မြစ်ရဲ့

မလွန်ဆန်နိုင်ခြင်းပေါ် ရောက်ခဲ့

မင်းရဲ့ အချစ်ဆိုတဲ့ နာကျင်ရခြင်းပေါ်

တိုက်တွေ ဆောက်ခဲ့

ငါဟာ မင်းနဲ့ပတ်သက်ရင်

စိတ်ပျော့နေ လွန်းလို့တဲ့ ရူးမိုက်စရာ

မင်းပန်းပဲခူးခူး

လမ်းပဲကူးကူး

ဘဝမှာ ဂရုစိုက်ပါ

အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ

အပတ်တိုင်းမှာ ငါ့ဆီ ရောက်လာ

နိုင်ငံတော် သတင်းစာထဲ ထည့်ရေးရင်

မင်းက ထရယ်လောက်မလား?

ချစ်တယ်

တကယ်ဆို ခေါင်းတွေသာငြိမ့်မိသူ

မင်း‌မျက်နှာလေး မြင်ရဖို့ ကံကြမ္မာကို

ဓားနဲ့ကြိမ်းမိသူ

ပျော်ရွှင်ခဲ့တာ မင်းနဲ့ငါ

တကယ်ဆို ချစ်ခဲ့တာ မင်းနဲ့ငါ

အသည်းတွေ ကွဲခဲ့လည်း

နောင်တတွေမရခဲ့တာ မင်းနဲ့ငါ

- ရူးရူးမိုက်မိုက်

တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်

မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကိုဘာကြောင့်များ ချစ်မိသွားလဲ?

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ?

အေးတိအေးစက်

မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့

စကားလုံးများကြောင့်ရယ်

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ?

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ..?

ဟိုး..ဝိုး~(ဝူးဝို)³~

ဟိုး~

~

~

~

ရူးရူးမိုက်မိုက်

တို့ စွဲလမ်းကြတယ်

အချစ်တစ်ခုအောက်

မှာ ကျရှုံးခဲ့ရတယ်

ငါနင့်ကိုဘာကြောင့်များ ချစ်မိသွားလဲ?

ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလဲ?

အေးတိအေးစက်

မင်း အပြုံးများနောက်ကွယ်

မပြောဖြစ်ခဲ့တဲ့

စကားလုံးများကြောင့်ရယ်

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ?

ငါနဲ့နင်နဲ့ ဘာကြောင့်ဝေးခဲ့ရလဲ..?

aw..~

Prod by Cracky!

19:17SATJUN142025DAISY

Еще от Double J/Jixk Gabby

Смотреть всеlogo