ဆူးကြားကနှင်းဆီ ဆို အောင်သူ
ပန်းတွေကြွေသောလမ်းမှာ
လျှောက်ကာနေခဲ့မိတယ်
ဓနဂုဏ်အသိုင်းဝိုင်းရယ် ခြားနားပြီပေါ့
ထိုးဖောက်မလာနိုင်ဘူး အချစ်ဆုံး သူရယ်
ပုံပြင်ထဲ မှာ ရာဇ၀င်ထဲ မှာ
မင်းသမီးလေး နဲ့ ချစ်ကြိုးသွယ်ကာ
အို စောင်းလုလင်ရယ်..
အားကျနေ လည်း အဖော်မဲ့တဲ့သူပါ
မထိုက်တန်သည်ပန်း မလှမ်းဝံ့ပါ
မွှေး လွန်းသည်ပန်းကို မနမ်းဝံ့ပါ
နှင်း ဆီ အချစ်..ရယ်
မမီတာကိုဆွတ်ခူးမိလို့
အသည်းလေးဆူးပေါ့ ဒီမောင်ရင်ထဲဝယ်
ခြား နား ဝေး..ကွာ
နှင်းဆီလိုပဲလှတယ် ဆူးခတ်ရန်ကာထား
မှန်း လို့ လှမ်း..ရွယ်
ဆူးတွေထက်လွန်းလှတယ် အသည်းလေးတွေကြွေပျက်
စိုး ရိမ် တယ်..
အား ငယ် ဖွယ်..
ဒီမောင်နဲ့မတန် ထိုက်သင့်တဲ့သူပန်ပေါ့
စိန်ရောင်မြရောင်ခြယ် အချစ် ဆုံး သူအတွက်
ခွင့်လွှတ်လိုက်ပြီဟယ်…..
နှင်း..ဆီ အချစ်..ရယ်
ခုနှစ်ဆောင်တိုက်ခန်းထဲက
မင်းသမီးလေးလိုသာယာစေပေါ့ကွယ်
ပန်းတွေကြွေသောလမ်းမှာ
လျှောက်ကာနေခဲ့မိတယ်
ဓနဂုဏ်အသိုင်းဝိုင်းရယ် ခြားနားပြီပေါ့
ထိုးဖောက်မလာနိုင်ဘူး အချစ်ဆုံး သူရယ်
ပုံပြင်ထဲ မှာ ရာဇ၀င်ထဲ မှာ
မင်းသမီးလေး နဲ့ ချစ်ကြိုးသွယ်ကာ
အို စောင်းလုလင်ရယ်..
အားကျနေ လည်း အဖော်မဲ့တဲ့သူပါ
မထိုက်တန်သည်ပန်း မလှမ်းဝံ့ပါ
မွှေး လွန်းသည်ပန်းကို မနမ်းဝံ့ပါ
နှင်း ဆီ အချစ်..ရယ်
မမီတာကိုဆွတ်ခူးမိလို့
အသည်းလေးဆူးပေါ့ ဒီမောင်ရင်ထဲဝယ်
ခြား နား ဝေး..ကွာ
နှင်းဆီလိုပဲလှတယ် ဆူးခတ်ရန်ကာထား
မှန်း လို့ လှမ်း..ရွယ်
ဆူးတွေထက်လွန်းလှတယ် အသည်းလေးတွေကြွေပျက်
စိုး ရိမ် တယ်..
အား ငယ် ဖွယ်..
ဒီမောင်နဲ့မတန် ထိုက်သင့်တဲ့သူပန်ပေါ့
စိန်ရောင်မြရောင်ခြယ် အချစ် ဆုံး သူအတွက်
စွန့်လွှတ်လိုက်ပြီဟယ်…..
နှင်း..ဆီ အချစ်..ရယ်
ခုနှစ်ဆောင်တိုက်ခန်းထဲက
မင်းသမီးလေး လို သာယာစေ ပေါ့ ကွယ်…