menu-iconlogo
huatong
huatong
avatar

အောင်မြင်မှုနောက်ကွယ်

Eaint Chithuatong
Тексты
Записи
သီချင်း - အောင်မြင်မှုနောက်ကွယ်

တေးဆို - အိမ့်ချစ်

ဘုရားကပေးထားတဲ့ဘဝ

သီချင်းများနဲ့စခဲ့ရ လျှောက်ခဲ့တဲ့

လမ်းမထက် မိတ်ဆွေရန်သူ

အများကြီးတွေ့ခဲ့ရ

ခံစားချက်တွေလည်း ပိုမိုသာ

ပြင်းပြလာခဲ့ မှန်ကန်စွာ

ပေးဆပ်တဲ့ ငါ့သစ္စာမြဲလို့နေဆဲ

တစ်ချိူ့ကဖိနှိပ်ကြ

ဟန်ဆောင်ကောင်းပြခဲ့ကြ

အထင်အမြင်သေးတဲ့အကြည့်နဲ့

ကြည့်သမျှ အားလုံး ခေါင်းငြိမ့်ခဲ့ရ

ဒဏ်ရာတွေများလို့နေလည်း

ရင်ငုံနှုတ်ပိတ်နေခဲ့

ဘာကိုမှဂရုမစိုက်ပဲရှေ့ကိုဆက်

အမုန်းပွားဆဲ ရှုံ့ချတဲ့

သူများကြောင့်စိတ်ပျက်အားတွေငယ်

ထူးပြီးကဲအားပေးတဲ့ပရိတ်သတ်ရဲ့

အားနဲ့ရှေ့ကိုဆက် စိတ် ဓာတ်လည်း

မကျခဲ့ပဲဘုရားရှေ့တောင်းဆုပြုနေဆဲ

ကြိုးစားခဲ့တစ်နေ့နေ့တော့ရောက်ရမယ်

ငါ့ရဲ့ပန်းတိုင်အတွက်

အိုး... အဆင်ပြေနေတာကိုသာ

လူတွေမြင်ကြတယ် မပြေလည်မှုနဲ

စိတ် ဓာတ်ကျတဲ့နေ့တွေ

ဘယ်သူများတွေ့မယ်

ဘယ်သူများသိမယ်

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး..ပျော်နေတာကိုသာ

လူတွေမြင်နေကြတယ်

အငိုမျက်လုံးနဲ့အပြုံးနဲ့ငါ့ရဲ့မျက်နှာ

ဘယ်သူများတွေ့မယ်

ဘယ်သူများသိမယ်

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး.....အိုး.....အိုး.....

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

သီချင်းများကြားထဲကဘဝ

မိသားစုရှေ့ကရပ်ခဲ့ရ

နာကြည်းတဲ့စိတ်တစ်ချိူ့တို့

ပေါက်ထွက်လို့မသွားဖို့

ဘုရားရှေ့ဦးညွှတ်ကြ

ဆယ်စုနှစ်ဆိုတဲ့ အချိန်ကိုငါ

ဖြတ်လို့ကျော်ခဲ့

အချိန်တွေပြန်ရစ်လိုက်ရင်

ငါ့ရဲ့ဘဝဇာတ်လမ်း၁ပုဒ်လိုပဲ

အမုန်းပွားဆဲ ရှုံ့ချတဲ့

သူများကြောင့်စိတ်ပျက်အားတွေငယ်

ထူးပြီးကဲအားပေးတဲ့ပရိတ်သတ်ရဲ့

အားနဲ့ရှေ့ကိုဆက် စိတ် ဓာတ်လည်း

မကျခဲ့ပဲဘုရားရှေ့တောင်းဆုပြုနေဆဲ

ကြိုးစားခဲ့တစ်နေ့နေ့တော့ရောက်ရမယ်

ငါ့ရဲ့ပန်းတိုင်အတွက်

အိုး... အဆင်ပြေနေတာကိုသာ

လူတွေမြင်ကြတယ် မပြေလည်မှုနဲ

စိတ် ဓာတ်ကျတဲ့နေ့တွေ

ဘယ်သူများတွေ့မယ်

ဘယ်သူများသိမယ်

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး..ပျော်နေတာကိုသာ

လူတွေမြင်နေကြတယ်

အငိုမျက်လုံးနဲ့အပြုံးနဲ့ငါ့ရဲ့မျက်နှာ

ဘယ်သူများတွေ့မလဲ

ဘယ်သူများသိမလဲ

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး.....အိုး.....အိုး.....

အိုး... အဆင်ပြေနေတာကိုသာ

လူတွေမြင်ကြတယ် မပြေလည်မှုနဲ

စိတ် ဓာတ်ကျတဲ့နေ့တွေ

ဘယ်သူများတွေ့မယ်

ဘယ်သူများသိမယ်

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

ဒီအောင်မြင်မှု

ဒီအောင်မြင်မှုတွေလို

အိုး... အဆင်ပြေနေတာကိုသာ

လူတွေမြင်ကြတယ် မပြေလည်မှုနဲ

စိတ် ဓာတ်ကျတဲ့နေ့တွေ

ဘယ်သူများတွေ့မယ်

(ဘယ်သူတွေတွေ့မှာလဲ)

ဘယ်သူများသိမယ်

(ဘယ်သူတွေသိမှာလဲ)

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး..ပျော်နေတာကိုသာ

လူတွေမြင်နေကြတယ်

အငိုမျက်လုံးနဲ့အပြုံးနဲ့မျက်နှာ

ဘယ်သူများတွေ့မလဲ

ဘယ်သူများသိမလဲ

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

အိုး.....အိုး.....အိုး.....

ဒီအောင်မြင်မှုရဲ့နောက်ကွယ်

Еще от Eaint Chit

Смотреть всеlogo