menu-iconlogo
huatong
huatong
lay-phyu--cover-image

နှင်းဆီဝင်္ကပါ

လေးဖြူ Lay Phyuhuatong
natburn_starhuatong
Тексты
Записи
သီချင်း - နှင်းဆီဝင်္ကပါ

တေးဆို - လေးဖြူ

မင်းရနံ့လေးတွေဖိတ်ခေါ်နေ

ငါ့ရင်ထဲမူးယစ်စေခဲ့

ဆူးခက်တွေ

အိုဝိုင်းရံပိတ်တားဆီးနေလည်း

လှမ်းခဲ့မယ်

အို..မင်းဘယ်မှာပုန်းကွယ်နေလဲ

မင်းရှိရာလိုက်လို့ရှာ

ဝင်္ကပါထဲကပန်းလေး

ငါမင်းရဲ့အကျဉ်းသားပါကွယ်...

မင်းအတွက်ငါလမ်းတွေပျောက်နေဆဲ

ရက်စက်တဲ့ဆူးခက်များအလယ်

အူး...ချစ်သူနှင်းဆီလေး

မင်းအခုထိပုန်းကွယ်ဆဲ

အဆုံးသတ်မှာနှလုံးသားထဲရူး

ပြန်ဖျက်မရတဲ့ဆူးချက်တွေရယ်

ဝေး..နွေမိုးရယ်ဆောင်းရာသီ

ပြောင်းပေမယ့်ဝေးလို့နေဆဲ

ပေးဆပ်နေ

ငါ့အသွေးတွေငါ့အသားတွေငါပေး

ပေးခဲ့...

ငါမင်းကိုရနိုင်မယ်ဆို

ငါ့ပိုင်ဆိုင်တာတွေအကုန်ပေး

ထောင်ချောက်တွေရဲ့အလယ်မှာ

ငါ့ဘဝစတေး

မင်းရှိရာလိုက်လို့ရှာ

ဝင်္ကပါထဲကပန်းလေးရယ်

ငါမင်းရဲ့အကျဉ်းသားပါကွယ်...

မင်းအတွက်ငါလမ်းတွေပျောက်နေဆဲ

ရက်စက်တဲ့ဆူးခက်များအလယ်

အူး...ချစ်သူနှင်းဆီလေး

မင်းအခုထိပုန်းကွယ်ဆဲ

အဆုံးသတ်မှာနှလုံးသားထဲရူး

ပြန်ဖျက်မရတဲ့ဆူးချက်များရယ်

ရင်ထဲ ဖျက်မရတဲ့ဆူးချက်များနဲ့

ရင် အသည်းထဲဖျက်မရတဲ့ဆူးချက်များနဲ့

ရင်ထဲ ဖျက်မရတဲ့ဆူးချက်များနဲ့

ရင် အသည်းထဲဖျက်မရတဲ့ဆူးချက်များနဲ့

ဝေး..နွေမိုးရယ်ဆောင်းရာသီ

ပြောင်းပေမယ့်ဝေးလို့နေဆဲ

ပေးဆပ်နေ

ငါ့အသွေးတွေငါ့အသားတွေငါပေး

ငါမင်းကိုရနိုင်မယ်ဆို

ငါ့ပိုင်ဆိုင်တာတွေအကုန်ပေး

ထောင်ချောက်တွေရဲ့အလယ်မှာ

ငါ့ဘဝစတေး

မင်းရှိရာလိုက်လို့ရှာ

ဝင်္ကပါထဲကပန်းလေးရယ်

ငါမင်းရဲ့အကျဉ်းသားပါကွယ်...

မင်းအတွက်ငါလမ်းတွေပျောက်နေဆဲ

ရက်စက်တဲ့ဆူးခက်များအလယ်

အူး...ချစ်သူနှင်းဆီလေး

မင်းအခုထိပုန်းကွယ်ဆဲ

အဆုံးသတ်မှာနှလုံးသားထဲရူး

ပြန်ဖျက်မရတဲ့ဆူးချက်တွေရယ်

လမ်းတွေပျောက်နေဆဲ

ရက်စက်တဲ့ဆူးခက်များအလယ်

အူး...ချစ်သူနှင်းဆီလေး

မင်းအခုထိပုန်းကွယ်ဆဲ

အဆုံးသတ်မှာနှလုံးသားထဲရူး

ပြန်ဖျက်မရတဲ့ဆူးချက်များရယ်

အဆုံးသတ်မှာနှလုံးသားထဲရူး

ဖျောက်ဖျက်မရတဲ့ဆူး ဆူးချက်တွေ...

Еще от လေးဖြူ Lay Phyu

Смотреть всеlogo