menu-iconlogo
huatong
huatong
avatar

ကြိုး

G Fatt/ပန်းရောင်ခြယ်huatong
✰✰🅜🅢🅓_𝓐𝓝𝐂𝓱𝓪𝓷✰✰huatong
Тексты
Записи
“ ကြိုး ”

တကယ် နဖူးတွေ့ ဒူးတွေ့

လမ်းခွဲကြပြီ ဆိုကာမှ

ပြတ်သားဖို့ ခက်နေတဲ့

ငါ့ စိတ်ဓါတ်လေးကို ငါသိပ်သနား

မီးစတဖက် ရေမှုတ်တဖက်နဲ့

ငါတိုင်တွေပတ်… လို့ပါ

ဆက်တွဲမလား ကွဲမလား

မင်းရဲ့ဖက်က ဆုံးဖြတ်ချက်ချပါ

ဘယ်သူမှားမှား

ဘယ်သူမှန်မှန်

နောက်ဆုံးတော့ နင်အနိုင်ပါ

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေ ပြောနေမလဲကအစ

ငါအလိုလို စိတ်ထဲမဝံ့မရဲ

ပေါက်ကွဲ နေမိတော့တာ

ပြန်လာရင် အရင်အတိုင်း

အရင်စိတ်တွေနဲ့ ပြန်ချစ်ဖို့ အသင့်ပါ

နေရာတကာငါတို့ လျောက်သွား

ပျော်ပါးခဲ့တာ အချိန်အကြာကြီးကြာလည်း

နင်မေ့နိုင်လို့လား . . .

Humm…Yeah

တကယ် နဖူးတွေ့ ဒူးတွေ့

အသည်းကွဲသွားပြီ ဆိုကာမှ

(Humm..oh wo)

ပိုချစ်တဲ့ဖက်က

ရှုံးနိမ့်ရမှာ ဓမ္မတာလား

နာကျည်းချက်က တစ်ဝက်

အလွမ်းတဝက်နဲ့ငါ တိုင်တွေပတ် လို့ပါ

(Huuu...)

ဆက်လည်းမတွဲချင်

ကွဲလည်းမကွဲရဲတဲ့ အခြေအနေပါ

ဘယ်သူမှားမှား ဘယ်သူမှန်မှန်

နောက်ဆုံးတော့ နင်အနိုင်ပါ

Yeah..

သူ့ဖက်ကထွက်သွားဖို့ သေချာလည်း

ကျွန်တော့်ဖက်က မပြတ်သားလို့လေဗျ

ပြတ်သားဖို့ဆို ဘယ်လိုနတ်ဘုရားမျိုးတွေသွား

ဆုတောင်းရမလဲဆိုတာ ခင်ဗျားတို့ဖြေပါ

(နောက်တစ်ယောက်က

မင်းပုခုံးကိုဖက်ထားလို့နေမလား)

Hey. မင်းမကြိုက်တဲ့ စီးကရက်တွေ

လက်ကြားထိုးနေကြ ဒီကောင်က

ဌက်ဖျားပိုးတွေများ ဝင်နေသလို

မအိပ်နိုင် မစားနိုင်နဲ့

အလွမ်းတွေကငါ့ ခေါင်းအုံးလေးထက်မှာ

ကွက်ကြားမိုးတွေရွာ

အမြဲနင့်ဖက်က တဖက်သတ်ရန်လုပ်

ကက်ကက်လန်လို့ ရည်းစားထားတာ

လက်ထပ်ရန်မဟုတ် ဆိုပြီး

ငါ့ကို အနီးအနားကအပြတ်အသတ် ကန်ထုတ်

ကွဲသွားတဲ့ အသည်းလေးကို အထပ်ထပ်ပြန်ချုပ်

နင့်လက်က အိုးမည်းနဲ့

နင့်မိဘ မျက်ခွက်ပြန်သုတ်

နင်စော်ကားတဲ့ ငါ့အသိုင်းအဝိုင်းက

တစ်ကျပ် နှစ်ကျပ်တန်မဟုတ်

မာနချင်းပြိုင်ပြီး

ရန်ဖြစ်တဲ့ပွဲတိုင်းမှာ

ပိုချစ်တဲ့ငါပဲ ခွက်ခွက်လန်ရှုံး

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေ ပြောနေမလဲကအစ

ငါအလိုလို စိတ်ထဲ မဝံ့မရဲ

ပေါက်ကွဲနေမိတော့တာ

ဒီအချိန်ဆို ဘယ်သူနဲ့

ဘာစကားတွေပြောနေမလဲ ကအစ

ငါအလိုလို စိတ်ထဲ မဝံ့မရဲ

ပေါက်ကွဲနေမိတော့တာ

ပြန်လာရင် အရင်အတိုင်း

အရင်စိတ်တွေနဲ့ ပြန်ချစ်ဖို့အသင့်ပါ

နေရာတကာငါတို့ လျောက်သွား

ပျော်ပါးခဲ့တာ အချိန်အကြာကြီးကြာလည်း

နင်မေ့နိုင်လို့လား. . .

Hooo . . .

နေရာတကာငါတို့ လျောက်သွား ပျော်ပါးခဲ့တာ

အချိန်အကြာကြီး ကြာလည်း

နင်မေ့နိုင်လို့လား . . .

Еще от G Fatt/ပန်းရောင်ခြယ်

Смотреть всеlogo