menu-iconlogo
huatong
huatong
avatar

နှလုံးသားရှိတဲ့အရပ်

Grahamhuatong
nancybeaumonthuatong
Тексты
Записи
သီချင်း - နှလုံးသားရှိတဲ့အရပ်

တေးဆို - ဂရေဟန်

သူတကယ်ကို ချစ်ကြင်နာသူ

လိုတာ ဖြည့်စွမ်းပေးသူ

ဒဏ်ရာတွေကို ဝေမျှရင်း

ချစ်ခဲ့လေသူ မင်းဘယ်မှာ

အသွေးအသား များနဲ့ထပ်တူ

ပေးမျှယူခဲ့သူ

သူရင်မှာ အချစ်ပန်းကြွေပြီ

နာကျင်သိမြင်လာ

လှမ်းခဲ့မင်းရှိရာ နှလုံးသားရှိတဲ့အရပ်

တစ်ခါပြန်ပြီးတော့ ရောက်ခဲ့မယ်

အတွေးမှာ

နာကျင်စွာ တမ်းတခဲ့မိရာ

ရင်မှာ နှလုံးသား ရှိတဲ့အရပ်

ဟိုအရင်လို ကြည်ဖြူ

တကယ်ကို မင်းလေးခွင့်လွှတ်မလား

ကိုယ်ပြန်လည် တောင်းပန်ချင်ခဲ့မိ

နာကျင်စေခဲ့ မင်းအသည်းမှာ

ကိုယ်လိုရာကိုသာ ယူငင်ပြီး

တို့ရှောင်ဖယ်ခဲ့သူပါ

မင်းနှလုံးသား နဲ့ထပ်တူ

အခုမှ သိမြင်လာ

ကိုယ်တိုင် နာကျင်ခံစားမိမှ

ရင်မှာ သိမြင်လာ

လှမ်းခဲ့မင်းရှိရာ နှလုံးသားရှိတဲ့အရပ်

တစ်ခါပြန်ပြီးတော့ ရောက်ခဲ့မယ်

အတွေးမှာ

နာကျင်စွာ တမ်းတခဲ့မိရာ

ရင်မှာ နှလုံးသားရှိ တဲ့အရပ်

ဟိုအရင်လို ကြည်ဖြူ

တကယ်ကို မင်းလေး ဆီးကြိုမလား

အားလုံး အချစ်တွေမင်းယူ

အို အသည်းက တောင်းဆိုပြီး

ကိုယ်နှလုံးသားထဲက အပြစ်တို့

သူခွင့်လွှတ်မယ့် အချိန်ထိ

လှမ်းခဲ့မင်းရှိရာ နှလုံးသားရှိတဲ့အရပ်

တစ်ခါပြန်ပြီးတော့ ရောက်ခဲ့မယ်

အတွေးမှာ

နာကျင်စွာ တမ်းတခဲ့မိရာ

ရင်မှာ နှလုံးသားရှိ တဲ့အရပ်

ဟိုအရင်လို ကြည်ဖြူ

တကယ်ကို သူခွင့်လွှတ် ဦးမလား

Еще от Graham

Смотреть всеlogo
နှလုံးသားရှိတဲ့အရပ် от Graham - Тексты & Каверы