သီချင်း : ရွှေရောင်နေ့သစ်
တေးဆို : ကေကေမိုး
လူဆိုတာခံစားချက်နဲ့ဒါမှန်တယ်
ငါမငြင်းပါဘူးယုံကြည်ရာမျှော်လင့်ချက်အတွက်အသက်ရှင်ဆဲ
ဟိုအရင်လိုမင်းတစ်ယောက်တည်းလမ်းမှာပျောက်ဆုံးနေ
အမှောင်မှာတစ်ယောက်တည်းငိုမနေနဲ့နော်
ငါပြောမယ်နားထောင်နင်ဟာလှဲ...လှဲ..လှဲကျ
မခံနိုင်အောင်အားနဲ့လာလူတွေဟားဟားတိုက်
လှောင်ရယ်နေကြမှာ..မဖြစ်စေနဲ့ငါတို့အားလုံးပြန်သမိုင်းသစ်ကို
အတူဖန်တီးမယ် အကြိမ်ကြိမ်လှဲကျထိအရှုံးမပေးနဲ့
အတူပြန်ထမယ်ယုံကြည်ပါရှေ့ရေးတွေ
သတ္တိတွေဘယ်ရောက်သွားလဲရွှေရောင်နေ့သစ်ကို
စိတ်သစ်နဲ့ကျော်ဖြတ်သွားမယ် ကိုယ်တိုင်ဆုံးဖြတ်ပါ
ကိုယ့်ဘဝရဲ့အောင်မြင်ခြင်းကိုဘယ်သူမှမတားဆီးနိုင်
မနှောက်ယှက်နိုင်လာဟစ်ကြွေးစို့
ဟိုမှာတွေ့ရတဲ့မိုးကောင်းကင်တိမ်ကိုကွေ့လို့နာမည်ရေးထိုးမယ်
ဆေးကွင်းပြင်တောင်ပံတစ်ချပ်လိုငါပျံနေမယ်
ပျံသန်းနေမယ် ငါပျံနေမယ် ပျံသန်းနေမယ် ငါပျံနေမယ်
မနာလိုသူတွေတစ်ကယ်ကိုပေါတယ်
နေထိုင်ရာလူ့လောကရဲ့အလယ်တွေးမနေနဲ့
ဒါအောင်မြင်မှုရဲ့အစပဲတားဆီးပိတ်ပင်တာတွေဟာ
ခဏလေးမေ့ထားနော်မင်းရဲ့လက်ထဲမကြာခင်
ရမဲ့ဆုတွေရှိတယ်နင်ဟာလှဲကျတဲ့အခါ
မခံနိုင်အောင်အားနဲ့လာလူတွေဟားဟားတိုက်
လှောင်ရယ်နေကြမှာ..မဖြစ်စေနဲ့ငါတို့အားလုံးပြန်သမိုင်းအသစ်ကို
အတူဖန်တီးမယ် အကြိမ်ကြိမ်လှကျထိအရှုံးမပေးနဲ့
အတူပြန်ထမယ်ယုံကြည်ပါရဲရဲတင်
သတ္တိတွေဘယ်ရောက်သွားလဲရွှေရောင်နေ့သစ်ကို
စိတ်သစ်နဲ့ကျော်ဖြတ်သွားမယ် ကိုယ်တိုင်ဆုံးဖြတ်ပါ
ကိုယ့်ဘဝရဲ့အောင်မြင်ခြင်းကိုဘယ်သူမှမတားဆီးနိုင်
မနှောက်ယှက်နိုင်လာဟစ်ကြွေးစို့
ဟိုမှာတွေ့ရတဲ့မိုးကောင်းကင်တိမ်ကိုကွေ့လို့နာမည်ရေးထိုးမယ်
ဆေးကွင်းပြင်တောင်ပံတစ်ချပ်လိုငါပျံနေမယ်
ပျံသန်းနေမယ် ငါပျံနေမယ် ပျံသန်းနေမယ် ငါပျံနေမယ် (၄ခေါက်ဆိုပါ)