menu-iconlogo
huatong
huatong
avatar

စက်ခေါင်းအမှတ် 009

Khin Maung Htoohuatong
rsissonhuatong
Тексты
Записи
သီချင်း - စက်ခေါင်းအမှတ် 009

တေးဆို - ခင်မောင်ထူး

မှောင်မိုက်မဲ ညတစ်ညမှာ

ကြယ်တွေမလင်းကင်းမဲ့ကာ

ငွေလမင်းလည်း ထို့အတူမပေါ်လာ

ဒါပေမယ့် ရထားစက်ဆရာ

တာဝန်အရ ခရီးထွက်ခွာ

ညင်သာစကားလေးနဲ့

အချစ်ကလေးခွန်းတုန့်ရှာ

မီးခိုးတွေ တလူလူလိမ့်တက်ကာ

ရထားလမ်းခရီးမှာ

တောင်စဉ်အသွယ်သွယ်

ကွေ့ဝိုက်ရင်း ဖြတ်ကျော်လာ

ရင်ဝယ် ဝမ်းမြောက်ဝမ်းသာ

ပျော်ရွှင်မြူးသူ့မျက်နှာ

အိမ်ပြန်ရောက်ရင်

ချစ်သူကလေး လက်ဆက်မှာ

မကြာခင်ပဲ လမ်းခရီးမှာ

တောင်ပြိုပြီး ကျရောက်လာ

မှောင်မိုက်မဲမှုကြောင့်ရော်ရမ်းမှန်းကာ

တကယ်ကြေကွဲ ဝမ်းနည်းစရာ

လူတွေ ဘုရား ဘုရားနဲ့သာ

အုံကာဝိုင်းဝန်းလို့ ရင်ဖိကြည့်ကြရှာ

မိုးနဲ့လေ ဒဏ်ကြောင့်လား

ရထားမှာ တအားတိမ်းမှောက်ကာ

မမျှော်လင့်ဘဲနဲ့ကွာ သူ့ခမျာ…

ထိုစဉ် ရထားပျက်အောက်မှာ

မြင်ကာမကွဲပြားနဲ့သာ

အချစ်ဦးလေးအတွက်

အမှာစကားပဲဖြစ်မှာ…

မြို့ရဲ့အစွန်တစ်နေရာမှာ

ချစ်သူနှစ်ဦး တို့အတွက်ကွာ

အိမ်ရာသစ်ကလေး

အသင့်တစ်ခု ရှိပြီကွာ

ဒါပေမယ့်မင်းတစ်ယောက်သာ

နေပါတော့ ချစ်သက်လျာ

နောင်အခါဘဝကျမှ

ဆုံဆည်းတော့မပေါ့ကွာ…

Еще от Khin Maung Htoo

Смотреть всеlogo
စက်ခေါင်းအမှတ် 009 от Khin Maung Htoo - Тексты & Каверы