menu-iconlogo
huatong
huatong
avatar

ပျို့မောင်ဖုန်း

Myint Zu Thinhuatong
moniquefauntkeroyhuatong
Тексты
Записи
သီချင်း - ပျို့မောင်ဖုန်း

တေးဆို - မဥ္ဇူသင်း

ပျို့ မောင်ရေ ပျို့ မောင်ရေ

ရွာအဝင် တာလမ်း ဆီက

လှမ်း လာခဲ့လေ မြန်း လာခဲ့လေ

ထားနှမ အဖော်တွေ စုံနေ

မောင့် လာလမ်း စောင့် ကာမှန်း

ကြိုနှင့် မယ်လေ

သဘာဝ ပန်းချီကား ရှု့စား ပါဦးလေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

ပျို့ မောင်ရေ ပျို့ မောင်ရေ

ရွာအဝင် တာလမ်း ဆီက

လှမ်း လာခဲ့လေ မြန်း လာခဲ့လေ

ထားနှမ အဖော်တွေ စုံနေ

မောင့် လာလမ်း စောင့် ကာမှန်း

ကြိုနှင့် မယ်လေ

သဘာဝ ပန်းချီကား ရှု့စား ပါဦးလေ

ပျို့ မောင်ဖုန်း

တစ်ရွာလုံး ရှု့မဆုံးပေ

တို့ ရွာနံဘေး လယ်ကလေး ရေဖွေး

ပြေး ကာကြည့် အရေး ပါဘိ

သည်လယ် သည်မြေ တို့အတွက်ပဲလေ

တစ်နှစ် တာလုံး စုကာ ရုံး

ထွန်တုံး နဲ့ပဲလေ ထွန်တုံး နဲ့ပဲလေ

တို့အမြဲသာပ ပျော်ကြ ရွှင်ကြ

အို အို တောသဘာ၀ အမှန်တွေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

တို့ ရွာနံဘေး လယ်ကလေး ရေဖွေး

ပြေး ကာကြည့် အရေး ပါဘိ

သည်လယ် သည်မြေ တို့အတွက်ပဲလေ

တစ်နှစ် တာလုံး စုကာ ရုံး

ထွန်တုံး နဲ့ပဲလေ ထွန်တုံး နဲ့ပဲလေ

တို့အမြဲသာပ ပျော်ကြ ရွှင်ကြ

အို အို တောသဘာ၀ အမှန်တွေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

ရွာနောက်ဖေး ချောင်းကလေးကရေ

မြောင်းဖောက်ကာ သွယ်

ဆယ်သူဆယ် ဖို့သူဖို့

ချွေးကလေးစို့တော့

အမောပြေအပန်းပြေ

နားလို့နေ အများတို့ တတွေ

ထမင်းဆီဆမ်း လက်ဖက်ရည် ကြမ်းနဲ့

မြည်းပါတယ် တော်ရေ တော်ရေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

ရွာနောက်ဖေး ချောင်းကလေးကရေ

မြောင်းဖောက်ကာ သွယ်

ဆယ်သူဆယ် ဖို့သူဖို့

ချွေးကလေးစို့တော့ အမောပြေအပန်းပြေ

နားလို့နေ အများတို့ တတွေ

ထမင်းဆီဆမ်း လက်ဖက်ရည် ကြမ်းနဲ့

မြည်းပါတယ် တော်ရေ တော်ရေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

အမူပိုပို မြူ ချိုချို

ကညာပျိူ တစ်သင်းရယ်တို့

ရေခပ် ဆင်းပါလို့

ညနေခင်း လေညှင်းလေပြေ

ကာလသား လူပျို တစ်သိုက်မှာ

ပုလွေတိုပိုက် သျှောင် ငိုက်စိုက်နဲ့

ပိုးလိုက် ပန်းလိုက် ပျော်လိုက်ကြပေ

ညနေဝင် မေခင်အပြန်လမ်း မလေ

မှန်းကာနေ လွမ်းစရာ အခြေ

သံစာစာ ညံစာစာ

လည်ချင်းတွဲယှက်လို့

ငှက်မောင်နှံတွေ ဆိုတေးသံပြိုင်

ကျူးရင့်လို့နေ မြူးကြတဲ့ အခြေ

အိပ်တန်း ကိုယ်စီ ရှာကြ

သဘာဝအခြေ သာလှသလေ

ပျို့ မောင်ဖုန်း တစ်ရွာလုံးရှု့ မဆုံးပေ

အမူပိုပို မြူချိုချို

ကညာပျိူ တစ်သင်းရယ်တို့

ရေခပ်ဆင်းပါလို့

ညနေခင်း လေညှင်း လေပြေ

ကာလသား လူပျို တစ်သိုက်မှာ

ပုလွေတိုပိုက် သျှောင်ငိုက် စိုက်နဲ့

ပိုးလိုက် ပန်းလိုက် ပျော်လိုက် ကြပေ

ညနေဝင် မေခင်အပြန်လမ်းမလေ

မှန်းကာနေ လွမ်းစရာအခြေ

သံစာစာ ညံစာစာ

လည်ချင်းတွဲယှက်လို့

ငှက်မောင်နှံတွေ ဆိုတေးသံပြိုင်

ကျူးရင့်လို့နေ မြူးကြတဲ့ အခြေ

အိပ်တန်း ကိုယ်စီ ရှာကြ

သဘာဝအခြေ သာလှ သလေ

ပျို့မောင်ဖုန်း တစ်ရွာလုံး ရှု့မဆုံးပေ

Еще от Myint Zu Thin

Смотреть всеlogo