တေးဆို - ရဲလေး ၊ အိမ့်ချစ်၊ လွှမ်းပိုင် ၊ Bobby Soxer
မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
အချစ်ရယ်ကိုယ့်ဘေးနားမှာခဏလေးရှိချိန်မငိုပါနဲ့
ရို့ ဘယ်သူ့ကိုမှမလိုချင်တော့ပါ ငါအမှန်ကန်ဆုံးပြောတဲ့ဒီစကား
လမ်းခွဲခြင်းကိုမလိုချင်ဆုံးပဲ ပြန်လိုချင်နေတုန်းပဲအရင်တုန်းနေ့ရက်များ
နင့်ပါးစပ်ကထွက်မလာပါစေနဲ့ငါ့ဘက်ကဒီလိုအလွဲတွေလုပ်ချိန်ကျ
အမြဲတမ်းပဲငါဆုတောင်းခဲ့ဖူးပါတယ်
တစ်နေ့တော့လည်းပြန်ဆုံတွေ့မှာပါ
တစ်ယောက်နဲ့တစ်ယောက်ကြားယုံကြည်မှုနဲ့လက်တွေတွဲခဲ့
ဘယ်သူမှကြားဝင်နှောင့်ယှက်ရအောင်
ဒီလိုဆုပ်ကိုင်ထားမယ်အမြဲပဲ
ဒီလိုဘဝရဲ့ရင်ခုန်သံကစုတ်ချက်တွေကိုမမြဲလည်း
ရိုးမြေကျအတူဖြတ်သန်းကြမယ်အဆိုးတွေကြားဝင်ခဲ့လည်း
Babe ဘာအတွက်မှမျက်နှာမမဲ့နဲ့
အနေဝေးသွားလို့ဆယ်ကမ္ဘာခွဲခွဲ
အဖော်ရှာမဖြေအလွမ်းကိုတခြားနဲ့
ပျော်စရာတွေအရမ်းကိုများလည်း
ခြေကုန်လက်ပန်းတကယ်ကျတယ်
ဟန်ဆောင်လို့ထိန်းတောင်မရခဲ့
နောက်ကွယ်မှာနေမယ်နော်သူစိမ်းလိုဘဝနဲ့
ဟန်ဆောင်နေမယ်နော်ချိန်းဆိုကြလည်း
အသိုင်းအဝိုင်းကပြောတဲ့အတင်းမလိုလားတဲ့
ပတ်ဝန်းကျင်ကစကားတွေမင်းမယုံစားနဲ့
တကယ်ကိုပျော်ခဲ့ဖူးတယ်
ကျွန်တော်လေတကယ်ကိုယစ်မူးသူ့အတွက်
အချစ်ဦးမဟုတ်လည်းမင်းကိုတစ်ဘဝလုံးစာအတွက်ငါရည်စူးတယ်
မင်းအချစ်ကြောင့်ငါမင်းသားဖြစ်လိုက်
မင်းအချစ်ကြောင့်ငါအကျဉ်းသားဖြစ်လိုက်
ဒါတွေကို မယုံသေးလည်း
Baby Girl just lookin to my eyes
မင်းကငါအချစ်ဆုံးပါပဲ
ဘယ်သူ့မှ ငါ့အနားမရှိနိုင်ဘူး
တို့ဝေးသွားလည်းအချစ်
Looking to my eye
မနှုတ်ဆက်ချင်ဘူး
ဘဝရဲ့ချော်လွဲမှုတွေနဲ့ တို့နှစ်ယောက်ထပ်ပြီးမတွေ့တော့လည်း
ကြေကွဲရင်းနဲ့ Baby Looking to my eyes
ကိုယ်မနှုတ်ဆက်ချင်ဘူး
မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
မင်းရဲ့မျက်ဝန်းထဲမှာမျက်ရည်စများနဲ့
အချစ်ရယ်ကိုယ့်ဘေးနားမှာခဏလေးရှိချိန်မငိုပါနဲ့
အိုဘေဘီ ငါ့ရဲ့အချစ်က မင်းရဲ့ဘဝကို
ဒုက္ခဖြစ်စေသလား
အနိုင်ယူထားပြီး
တို့နှစ်ယောက် ထိခိုက်ဖို့ကို
မရည်ရွယ်ခဲ့ဘူူး
ငါ့ရဲ့အိပ်မက်ထဲ ငါ့ရဲ့စိတ်ကူးထဲ
ဘယ်လိုမှ ဝေးဖို့ငါမတွေးရဲ
မသိတော့ဘူး
ကိုယ့်အနားကထွက်ခွာသွားတာမရှိတော့ဘူး
မင်းထားခဲ့အမှတ်တရ များစွာ
ပြီးတော့ရူး အိုးရူး
ဘေဘီနောက်အနာဂတ်မှာ
အခွင့်ရှိသေးရင်မင်းနဲ့တွေ့ချင်
မင်းကငါအချစ်ဆုံးပါပဲ
ဘယ်သူမှ ငါ့အနားမရှိနိုင်ဘူး
တို့ဝေးသွားလည်းBabe
Looking to my eyes
ကိုယ်မနှုတ်ဆက်ချင်ဘူး
ဘဝရဲ့ချော်လွဲမှုတွေနဲ့ တို့နှစ်ယောက်ထပ်ပြီးမတွေ့တော့လည်း
ကြေကွဲရင်းနဲ့ Baby Looking to my eye
နှုတ် နှုတ် နှုတ်နှုတ်ဆက်ရမယ့်အချိန်ကျပြီ
စိတ်ရှိတဲ့အတိုင်းပြောလို့မရတဲ့စကားတွေအများကြီး
ငါ့အနားကနင်ထွက်သွားပြီ
ကံကြမ္မာကမျက်နှာသာမပေးဘဲငါတို့ကိုတားဆီး
တကယ်ကိုငါတွေးမထားခဲ့မိပါ
မျှော်လင့်ချက်ဆိုတာကရောရှိရဲ့လားမသိတဲ့ငါ
ဒီလိုအချိန်မှာဝေးရမယ်ဆိုတဲ့အတွေးနဲ့အားအင်ချိနဲ့လာ
ဒါပြဿ နာကြီးခက်ပါပြီ
ပတ်ဝန်းကျင်ကလည်းဝင်စွက်ဖက်လာပြီ
အခုတော့နှစ်ယောက်လုံး နှုတ်ဆက်ထွက်ခွာမည်
နှလုံးသားမှာဒဏ်ရာကလည်းနက်လာပြီ
မျက်ရည်တောင်မှပဲဝဲတက်လာပြီ
ခံစားချက်တွေနဲ့ငါမွန်းကြပ်လာပြီ
အလွမ်းတွေကိုမလိုချင်လို့ငါလက်ကာမိလည်း
ဆက်လာသည်ဆက်တိုက်ဆက်လာပြီ
ချစ်နေရက်နဲ့ ဝေး ဝေးသွားခဲ့ခြင်း
ကံတရားကအခွင့်ရေးဆိုတာပေး ပေးပေးပေးသနားခဲ့ရင်
တစ်ချိန်ချိန်မှာဆုံစည်းခွင့်ရပြီးတော့
ငါတို့နှစ်ယောက်ပြန်လည်တွေ့ရမယ်ထင်
ခံစားချက်တွေကိုစာရွက်ပေါ်မှာငါချရေးသားခဲ့ရင်း
လုံးဝကိုငါမေ့မရတဲ့နင် မေ့ မေ့ မေ့မရတဲ့နင်
အလွမ်းတွေပြေဖို့အချိန်ကအကောင်းဆုံးဆေးဆရာပါထင်
အနာဂတ်ကိုအမှောင်ထုကအုံ့ဆိုင်း
တကယ်ကိုရှေ့ဆက်တိုးလို့မရအောင်ထန်နေခဲ့ပြီမုန်တိုင်း
သေချာတယ်နင်မရှိရင်
ငါ့ဘဝကအလင်းရောင်ပျောက်တဲ့မျက်ကန်းတစ်ယောက်လိုမှုန်မှိုင်း ထုံထိုင်း
ဟန်ဆောင်နေလိုက်မချစ်တဲ့ပုံအတိုင်း
ခံစားချက်တွေကိုမျိုသိပ်ထားပြီးတော့နှုတ်ဆက်စကားကိုပြောပြီး
နင့်ကိုကျောခိုင်းခဲ့ချိန်စိတ်ထဲမှာရှိတဲ့စကားI Dunt Wanna Say Goodbye
မင်းကငါအချစ်ဆုံးပါပဲ
ဘယ်သူမှ ငါ့အနားမရှိနိုင်ဘူး
တို့ဝေးသွားလည်း Babe
Looking to my eyes
ကိုယ်မနှုတ်ဆက်ချင်ဘူး
ဘဝရဲ့ချော်လွဲမှုတွေနဲ့ တို့နှစ်ယောက်ထပ်ပြီးမတွေ့တော့လည်း
ကြေကွဲရင်းနဲ့ Babe Looking to my eye
မနှုတ်ဆက်ချင်ဘူး
မင်းကငါအချစ်ဆုံးပါပဲ
ဘယ်သူမှ ငါ့အနားမရှိနိုင်ဘူး
တို့ဝေးသွားလည်းအချစ်
Looking to my eyes
ကိုယ်မနှုတ်ဆက်ချင်ဘူး
ဘဝရဲ့ချော်လွဲမှုတွေနဲ့ တို့နှစ်ယောက်ထပ်ပြီးမတွေ့တော့လည်း
ကြေကွဲရင်းနဲ့ Babe Looking to my eye
မနှုတ်ဆက်ချင်ဘူး