menu-iconlogo
huatong
huatong
avatar

Thu Nge Chin Lay Par Dae'

Sai Sai Kham Leng/Nanda Saihuatong
ohiotexashuatong
Тексты
Записи
What... s.a.i plus nanda sai

ငါနဲ့မင်းသူငယ်ချင်းဘဝတစ် လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ် လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

သူမကိုတွေ့ခဲ့အပြာရောင် Sunday တစ်ရက်

ထပ်ပြီးတော့တွေ့ခဲ့ နွေရာသီကျောင်းပိတ်ရက်

သူ့နောက်ကိုလိုက်နေတဲ့ အရမ်းအရမ်းကိုကြိုက်နေတဲ့ကောင်လေးတွေ အရူးအမူးမိုက်နေတယ် အိုး

ဘာမှကိုအသေအချာမသိတော့ အဖြေရှာကြည့်

ငါ့ကိုယ်ငါပြန်ကာကြည့် ချစ်တယ်လို့ထင်လာမိ အိပ်ယာထမှန်ကြည့် သူ့မျက်နှာမြင်ယောင်မိ

အရိပ်လိုလိုထင်ယောင်ပြီး ငါ့ရဲ့စိတ်က တွေဝေခဲ့

တစ်ယောက်တည်းနေခဲ့တာ ရူးချင်ပြီ

သူနဲ့ငါနှစ်ယောက်တည်း လက်ကိုတွဲ ယစ်မူးချင်ပြီ

အခုလိုအိပ်မရတော့ ကြမ်းပြင်ကြီးမှာလူးလိမ့်ပြီး

ရင်ထဲမှာအချစ်ဆူးတွေပဲ စူးနေပြီ

သူကအထူးအထွေမသိ ငါပဲရူးနေပြီ

နေ့တိုင်းငါကျူရှင်အောက်မှာစောင့်နေခဲ့ အခုအချိန်အထိပဲ

အကြိမ်များစွာကြိုးစားလည်း ပြန်ရတာစကားတခွန်းတည်း

သူပြောတာသူငယ်ချင်းပဲတဲ့

သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ်ချစ်ရသူရယ်

နောက်ထပ်နောက်တစ်ယောက်မချစ်ဘူး

ယဉ်ယဉ်လေးနဲ့ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေကြီးကုန်ရင်

ခက်ရချည်ရဲ့

ကြမ်းတမ်းတဲ့ငါ့နှလုံးသား သူ့ကိုတွေ့ တော့နူးညံ့

ဆိုးရွားတဲ့ငါအကျင့်တွေပြောင်းပြန်ဖြစ်တာထူးဆန်းအချစ်ကိုငါစူးစမ်း နေခဲ့မိတာရူးနှမ်း

ညပေါင်းများစွာအိမ်မက်ထဲမှာ လက်ပစ်ကြီးငါကူးခတ်

ငါ့စိတ်တွေထူးခတ် လတွေနှစ်တွေကူးဖြတ်ခဲ့

သူကအချိန်တွေဆွဲပြီး အမှုအမှတ်မဲ့

စိတ်ကူးယဉ်ပြီးကြည်နူးတတ်တဲ့

ငါ့ရဲ့တစ်ဖက်သတ်ရင်ခုန်သံတွေအခုရပ်ခဲ့

သူနဲ့ငါသူငယ်ချင်း တွေ ဖုန်းဆက်တယ် အပျင်းပြေ

နောက်ထပ်ငါ ကြားမိပါတယ်ခြေရှုပ်တဲ့သတင်းတွေ

မဟုတ်ဘူးလို့ငြင်းနေလည်း အဖြေကရှင်းနေ

အပြင်မှာလူတွေပြောနေကြတယ်သူနဲ့ငါ့ရဲ့အတင်းတွေအဖျင်းတွေမယုံနိုင်လို့နောက်ယောင်ခံလိုက်

ဒီမျက်စိနဲ့မြင်လိုက်ရမှ ငါ့မှာခေါင်းငိုက်စိုက်

အဲဒီကောင်ဘယ်သူလဲ ပြန်ရတာအဖြေတစ်ခုတည်း

သူပြောတာသူငယ်ချင်းပဲတဲ့

သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ်ချစ်ရသူရယ်

နောက်ထပ်နောက်တစ်ယောက်မချစ်ဘူး

ယဉ်ယဉ်လေးနဲ့ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေကြီးကုန်ရင်

ခက်ရချည်ရဲ့

သူငါ့ကိုသူငယ်ချင်းလိုပေါင်းပြီးတော့

ငါတို့ရဲ့အသက်တွေကြီးလာလို့ အိုး ကျောင်းပြီးတော့

ဒီတစ်ခါချစ်ပါလို့အဖြေကို တောင်းကြည့်တော့

ခေါင်းကိုညိတ်ပြီးတော့ပြောပြန်တယ်ဖြည်းဖြည်းပေါ့ ငါကအလုပ်မရှိပါ ကျောင်းဆက်တတ်

သူက အလုပ်လုပ်တယ်ရုံးတက်တယ်

နောက်ပြီးခိုင်းစရာရှိရင် ဖုန်းဆက်တယ်

အပြုံးတစ်ချက်နဲ့ အသုံးချဖို့ဆို လုပ်ရက်တယ် ဟေး

အဲဒီနောက်ဘုရားမှာဦးချ ဆုတောင်း

မစဉ်းစားဘဲနဲ့အတွေးထဲရောက်လာသူ့အကြောင်း

စိတ်လှုပ်ရှားလို့ တည်ငြိမ်လာအောင်တရားထိုင်

အဲဒီငါ့ရဲ့စိတ်ကိုငြိမ်ငြိမ်နေအောင်မထားနိုင်

သူ့ရုံးကအစ်ကိုကြီးနဲ့တွဲလျှောက်တုန်း

ဖြစ်ချင်တော့ ငါဖယ်ရီကားကိုစောင့်နေတုန်း

နှုတ်လာဆက်တော့အလိုက်မသိဘဲမေးမိခဲ့

သူပြောတော့သူငယ်ချင်းပဲတဲ့

သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ်ချစ်ရသူရယ်

နောက်ထပ်နောက်တစ်ယောက်မချစ်ဘူး

ယဉ်ယဉ်လေးနဲ့ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေကြီးကုန်ရင်

ခက်ရချည်ရဲ့

သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ်ချစ်ရသူရယ်

နောက်ထပ်နောက်တစ်ယောက်မချစ်ဘူး

ယဉ်ယဉ်လေးနဲ့ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေကြီးကုန်ရင်

ခက်ရချည်ရဲ့

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါနည်းနည်းလောက်

Еще от Sai Sai Kham Leng/Nanda Sai

Смотреть всеlogo

Тебе Может Понравиться