- ဟေမာန်ဆောင်း
မြူမှုန်ကြား
ဝင်လာခဲ့တဲ့ ချစ်သူလေးရယ်
တကယ်လို့များ
ဝေးသွားကြရင်
အပြင်မှာ အေးတိုင်း လွမ်းနေမလား
December
- မနက်ခင်း မြူခိုးတွေကြားမှာ လမ်းတွေလျှောက်မယ်
ပြီးရင်မင်းကြိုက်တတ်တဲ့ Cherry ပန်းတွေကောက်မယ်
ငါ့ Hoodie အိတ်ကပ်ထဲ မင်းလက်ကလေးရှိရင် အချမ်းပေ့လောက်တယ်
ငါ့နှုတ်ခမ်းလေးတွေ ခြောက်ကပ်ပီးကွဲတာ မင်းနမ်းရင်ပျောက်တယ်
မြက်ပင်လေးတွေအထက်မှာ စီးကျနေတဲ့
December မျက်ရည်စက်တွေအတူ အလွမ်းတွေ ကြီးထွားနေခဲ့
မင်းက မေ့တတ်တဲ့ရောဂါနဲ့ သတိမရပေမယ့်
ငါက မေ့မရတဲ့ရောဂါနဲ့ သတိရနေဆဲ :
- အေးမြတဲ့ ဆောင်းညရယ်
မေ့မရခဲ့ ဒီဇင်ဘာ အလွမ်းများရယ်
မင်းအကြောင်းတွေးရင် နွေးသွားတယ်
တမ်းတစဲ လွမ်းမောစဲ မျှောင်လင့်စဲပါ
ချစ်ရသူရယ်
- ၇၅၀ + ၇၅၀ ဆို
ဘယ်လောက်ရမလဲလို့ သင်္ချာလိုမေးမယ်
အလွမ်းကို ထင်းစည်းလေးလုပ်
အချမ်းပြေဖို့ မီးပုံလေးတစ်ခုကို
ရင်မှာဖိုပေးမယ်
မင်းက နမ်းမဝတဲ့ ပန်းချီကားထဲက
ချယ်ရီပန်းလေး
သို့သော် အပြင်မှာပိုမွှေးတယ်
အေးချမ်းမှာကိုဖော်ဆောင်တဲ့
နှင်းစက်ကလေးမို့
ချစ်မဝခဲ့ပါ ခင်ကညာပျိုလေးရယ်
မနီးစပ်ရတဲ့ ၂၀၂၂
ပြက္ခဒိန်ယူ ဆွဲဖြဲပီး
မြေမြှုပ်ပစ်မှာ အခုတကယ်
လူချင်းဝေးလည်း စိတ်ချင်းနီးနေလို့
ခြေရှုပ်စရာလူရယ်လို့
ထွေထွေထူးထူးမရှိခဲ့ပါ
ကြွေကွဲလွယ်တဲ့ ကြွေရုပ်လွှာလူငယ်ရဲ့
ကြည်နူးစရာ အတွေးတစ်ခုက
တစ်မြေဆုံးမှာ သူရယ်
ကိုရယ် ပေါင်းရမှာသိပေမယ့် ဝေးရတော့
ဒီနှစ်တော့ ရန်ကုန်ဆောင်းလို
နေလုံးပမာပူတယ်
- အေးမြတဲ့ ဆောင်းညရယ်
မေ့မရခဲ့ ဒီဇင်ဘာ အလွမ်းများရယ်
မင်းအကြောင်းတွေးရင် နွေးသွားတယ်
တမ်းတစဲ လွမ်းမောစဲ မျှောင်လင့်စဲပါ
ချစ်ရသူရယ်
- တစ်လောကလုံးက
အေးစက်တဲ့ အကြည့်တွေနဲ့
မင်းသာ အနွေးထွေးဆုံး
ကိုယ်ရဲ့အနားမှာရှိနေတယ်
BABY! When I'm with you
အိမ်မပြန်ချင်တော့ဘူး
ကိုယ်က Light Skin
မင်းက Chocolate
မင်းရဲ့ခါးလေးက
ကိုယ့်ရဲ့အားနည်းချက်
မင်းသာမရှိရင် အရမ်းအေးမှာ
December ညတွေနဲ့ အလွမ်းတေးကဗျာ
- မျက်စိနောက်စရာ
နေရာတိုင်းမှာ အတွဲတွေတောက်လျှောက်
ကြည်နူးနေကြချိန်
တစ်ယောက်ထဲအထီးကျန်
ကြောင်တွေထပျောက်
ကံတရားက စိတ်ပုတ်ပြီးတော့
ခွဲလို့ထားတာဘာ့ကြောင့်
ဒီနှစ်တော့ ပြန်ဆုံကြမယ်ဆိုတဲ့ ကတိလည်း
ခုကျတော့ အထမမြောက်
လွမ်းရတဲ့နေ့တွေထဲက ရုန်းထွက်ချင်
အရင်လို သတိရတိုင်း
မင်းဆီကို ဖုန်းဆက်ချင်လည်း
တစ်မြေဆီခြားနေခဲ့ နှစ်ယောက်စလုံးက
အလုပ်တစ်ဖက်နဲ့ဆိုတော့
အတူမရှိနိုင်တော့ X mas နဲ့ ဒီဇင်ဘာ ၃၁
- အေးမြတဲ့ ဆောင်းညရယ်
မေ့မရခဲ့ ဒီဇင်ဘာ အလွမ်းများရယ်
မင်းအကြောင်းတွေးရင် နွေးသွားတယ်
တမ်းတစဲ လွမ်းမောစဲ မျှောင်လင့်စဲပါ
ချစ်ရသူရယ်
(မြူမှုန်ကြား
ဝင်လာခဲ့တဲ့ ချစ်သူလေးရယ်
တကယ်လို့များ
ဝေးသွားကြရင်
အပြင်မှာ အေးတိုင်း လွမ်းနေမလား
December)