menu-iconlogo
huatong
huatong
avatar

မာယာလောက [JOOX Original] - Single

Team 143huatong
rdhuntingtonhuatong
Тексты
Записи
သီချင်း - မာယာလောက

ရေး/ဆို - Team143

တီး - Phatkidz

အိုး စိတ်ကူးထဲကအတိုင်း…

မင်းစိတ်ထဲကအတိုင်း

အိမ်မက်များဆီသို့မှောင်မိုက်ခြင်းရဲ့

အဆုံးသတ်လမ်းတစ်ဖက်

အလင်းတန်းရှိနေတယ်

မြင်နိုင်တာထက်ပိုလှမ်းလို့ကြည့်ပါ

ဝင်္ကပါမာယာတောမှာရှင်သန်နေခိုက်

သဘာဝအလှတရားကိုရှာဖွေလိုက်စမ်းပါ

Ohhhh ငါမရင်းနှီးတဲ့ဒီကမ္ဘာမြေထဲ

Ohhh ရှင်သန်ရင်းနေ့ရက်တွေရှာဖွေဆဲ

Ohhh တကယ်ပါငါ့အတွက်

အထီးကျန်စရာတွေနဲ့

ဖုံးကွယ်ထားတဲ့အတိတ်ကရုံးထွက်

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

Don’t give a f**k ဂရုစိုက်မနေနဲ့

တောနက်တွေကြားထဲက ရုန်းထွက်လာခဲ့

လွတ်လပ်တဲ့ကမ္ဘာမြေဟာ မင်းအတွက်ပါပဲ

ငြိမ်းချမ်းတဲ့ကမ္ဘာမြေမှာ လက်နက်တွေနဲ့ Yahh

မင်းတွေးမနေနဲ့

old school တွေ New school တွေ

မင်းတွေးမနေနဲ့

ငါလက်တွေ့မှာ ရူးသွပ်မှုကိုထုဆစ်နေတယ်

စောက်ပိုပြော ဘယ်သူကလာပြီး

ထမင်းကျွေးမှာလဲ Yahh

မင်းအတွက်ပါပဲ

မင်းဟာမင်းအတွက်ကြောင့် သတ်ဖြတ်လာခဲ့

မင်းဟာမင်းအတွက်ကြောင့် အသက်ဆက်နေဆဲ

AK47နဲ့ 223 ဟာမင်းအတွက်ပါပဲ

Ohhhh ငါမရင်းနှီးတဲ့ဒီကမ္ဘာမြေထဲ

Ohhh ရှင်သန်ရင်းနေ့ရက်တွေရှာဖွေဆဲ

Ohhh တကယ်ပါငါ့အတွက်

အထီးကျန်စရာတွေနဲ့

ဖုံးကွယ်ထားတဲ့အတိတ်ကရုံးထွက်

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

ရှင်သန်နေရတဲ့လောကကြီးက

တခါတလေတောနက်ကြီးလို

အကောင်းနဲ့အဆိုးအလင်းနဲ့အမှောင်

အကုန်လုံးကရောယှက်ပြီးမို့

အသက်ရှုရှောင်နေရာရဖို့အမှန်တရားဆို

ပြောမထွက်သည့်အချိုး

မခံနိုင်လို့ပြောတော့အရိုင်းအစိုင်းလို့

လက်ညှိုးတွေဆက်တိုက်ကြီးထိုး

မက်လုံးတွေပေးသားပေါက်တွေမွေးစွဲစားမယ့်

ထောင်ချောက်တွေပြည့်လည်း

ငါတို့ကနွံထဲနစ်တဲ့စိန်တွေလိုမျိုး

အရောင်တောက်နေသေးတယ်

မြေခွေးလိုလူတွေရဲ့ကောက်ကျစ်ယုတ်မာမှုတွေကို

မာန်တင်းပြီးနေခဲ့

ခြင်္သေ့လိုယှဉ်ပြိုင်တိုက်ခိုက်ရင်း

သိမ်းငှက်လိုပျံရင်းနဲ့သေမယ်

ငါတို့တွေကငါတို့ပဲအကြည့်တွေက

မုန်းလည်းဘယ်လိုမျိုးသူနဲ့မှနှိုင်းယှဉ်ပြစရာမလို

တချို့တွေလိုကောက်ကျစ်နာမည်ကောင်းဟစ်ပြီး

နောက်ကျောကိုဓားလာထိုး

ခံရတဲ့အကွက်တွေတွေကများလာလို့

တချို့တွေကမုန်းလဲငါတို့တွေကပြုံး

ငါတို့တွေလိုစစ်မှန်တဲ့ငြိမ်းချမ်းခြင်းရဖို့

ဆယ်စုနှစ် ၂ခုကျော်ရုန်းလိုက်ဦး

Ohhhh ငါမရင်းနှီးတဲ့ဒီကမ္ဘာမြေထဲ

Ohhh ရှင်သန်ရင်းနေ့ရက်တွေရှာဖွေဆဲ

Ohhh တကယ်ပါငါ့အတွက်

အထီးကျန်စရာတွေနဲ့

ဖုံးကွယ်ထားတဲ့အတိတ်ကရုံးထွက်

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

La La La La La La...

အလှဆုံးသောဘဝရဲ့အဆုံးသတ်

Еще от Team 143

Смотреть всеlogo

Тебе Может Понравиться

မာယာလောက [JOOX Original] - Single от Team 143 - Тексты & Каверы