menu-iconlogo
huatong
huatong
--cover-image

မီးအိမ်ရှင်

ထွန်းထွန်းhuatong
💫A_N_Chan💫huatong
Тексты
Записи
မီးအိမ်ရှင်

တေးရေး-စောဘွဲ့မှူး

တေးဆို - ထွန်းထွန်း(Examplez)

ကြွေကာလေ မစဲ

နေပူပူတွေထဲ ပျံကာဝဲ

တောင်တန်းကြီးလည်း

ခိုက်ခိုက်တုန်တုန် နေစဉ်မှ

တောင်ပေါ်ကြွေတဲ့ နှင်းထု

ုမြူခြေတွေရစ်ဆိုင်း ငွေတိမ်လှိုင်း

တစ်တောင်လုံးမှူိင်းလို့ လှမ်းမမြင်နိုင်

နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ

ချင်းမိခင် တောင်တန်းချမ်းနေတယ်

ထိုစဉ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး

တောင်ခြေမှ တောင်ထွဋ်ဖျားအထိ

တရွေ့ရွေ့ ညင်သာစွာလာနေ

တောင်ပေါ် ဆရာမလေး

စေတနာရှင်မလေး သူလာနေပြီ

ရင်တွင်းအမောဆို့ နှင်းတွေစို

သွေးခဲမတက် အအေးဓာတ်ကို

ရင်ဆိုင်ကာ တို့အတွက်လေ

ထက်မြတ်တဲ့ အခွင့်အရေုးဖြစ်တဲ့

ပညာတွေ သင်ပေးခဲ့

တောင်တန်းမြေမှ မီးအိမ်ရှင်မလေး

ဂရုဏာရှင်မလေး နှင်းတွေစို

ဟိုတစ်နွေဆီက သူငယ်စဉ်တွယ်တာတဲ့

ကြင်နာသူ မြေပြန့်သားလေး လိုက်လို့

လာခေါ်စဉ် တစ်ချိန်က

ကြင်နာသူ တစ်ဖက်

တောင်ပေါ်မြေ တစ်ဖက် ဒီအခက်အခဲ

လက်တွဲဖြုတ်လို့ ခေါင်းခါခဲ့

နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ

ချင်းမိခင် တောင်တန်းချမ်းနေချိန်

သွေးခဲမတက် အအေးဓာတ်ကို

ရင်ဆိုင်ကာ တို့အတွက်လေ

ထက်မြတ်တဲ့အခွင့်အရေုးဖြစ်တဲ့

ပညာတွေသင်ပေးခဲ့

တောင်တန်မြေမှ မီးအိမ်ရှင်မလေး

ဂရုဏာရှင်မလေး နှင်းတွေစို

ကျေးဇူးတင်ပါသည်?

Thank You?

Еще от ထွန်းထွန်း

Смотреть всеlogo