သီချင်း - အိပ်မက်ဖြစ်ရင်ကောင်းမယ်
တေးဆို - သားငယ်
သိတစ်ဝက် မသိတစ်ဝက်နဲ့
ဖြစ်တစ်ဝက် ပျက်တစ်ဝက်နဲ့
နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့
ဒီညတွေသန်းခေါင်ကျော်ခဲ့
မျက်လုံးတွေကို ငါမှိတ်လို့ထားပေမယ့်
ဒီအတွေးတို့ အေးစက်စက်
အနာဂတ်ထက် လက်တွေ့ခက်
ခံစားချက် နှစ်ပိုင်းတစ်ပိုင်းနဲ့
ဘဝသံသရာအလယ်ထဲ
အချစ်ဆိုတာဟာ
အဆိုးနဲ့အကောင်း ဒွန်တွဲ
နေခဲ့တော့ လိုသလောက်ပေါ့
ငါရင်ခုန်ဖူးပါပြီ
နာကျင်ဖူးပါပြီ
ဒီအချစ်... ဝဋ်ကြွေးပေါ့
တံခါးတွေပြန်ပိတ်တော့
တို့မနီးစပ်မှန်းသိပါတယ်
ငါမချစ်လို့မှမရနိုင်တာ
ကွဲအက်..ဒဏ်ရာ
ဘယ်သူမှမသိခဲ့ဘူး
တစ်ယောက်တည်းကြိတ်ကာရူး
နောက်ဆုံးသိမ်းထားတုန်း
အချစ်တွေရင်မှာ
ဖွင့်ချလို့မရနိုင်တာ
မင်းနားလည်ပါ
အဖြစ်အပျက်တွေက
အိပ်မက်ဖြစ်ရင် တို့တွေ
သိပ်ကောင်းမှာ ရေး...ရေး...
ဒီအတွေးတို့ အေးစက်စက်
အနာဂတ်ထက် လက်တွေ့ခက်
ခံစားချက် နှစ်ပိုင်းတစ်ပိုင်းနဲ့
ဘဝသံသရာအလယ်ထဲ
အချစ်ဆိုတာဟာ
အဆိုးနဲ့အကောင်း ဒွန်တွဲ
နေခဲ့တော့ လိုသလောက်ပေါ့
ငါရင်ခုန်ဖူးပါပြီ
နာကျင်ဖူးပါပြီ
ဒီအချစ်... ဝဋ်ကြွေးပေါ့
ကျေပါစေ ဒီဘဝတော့
တို့မနီးစပ်မှန်းသိပါတယ်
ငါမချစ်လို့မှမရနိုင်တာ
ရက်စက်ကံကြမ္မာ
ဘယ်သူမှမသိခဲ့ဘူး
တစ်ယောက်တည်းကြိတ်ကာရူး
နောက်ဆုံးသိမ်းထားတုန်း
အချစ်တွေရင်မှာ
ဖွင့်ချဖို့မဖြစ်နိုင်တာ
မင်းနားလည်ပါ
နှစ်ဦးကြားဒဏ်ရာ
အိပ်မက်ဖြစ်ရင် တို့တွေ
သိပ်ကောင်းမှာ...
အဆုံးသတ်ပြီပေါ့
မင်းနဲ့ငါ့ရဲ့ဇာတ်လမ်း
တစ်ခန်းရပ်ပြီပေါ့
နောက်ပြန်လွမ်းစရာ
မှတ်တမ်းတွေရှိသေးတော့
အတိတ်မှာကျန်သေးတော့
ဒီသံယောဇဉ်တွေ
မျက်ဝန်းချင်းထိရင်
မြင်တွေ့နိုင်မယ်...ရေး...ရေး...
ငါမချစ်သင့်မှန်းသိပါတယ်ကွာ
မချစ်လို့မှမရနိုင်တာ
ကွဲအက်..ဒဏ်ရာ
ဘယ်သူမှမသိခဲ့ဘူး
တစ်ယောက်တည်းကြိတ်ကာရူး
နောက်ဆုံးမချစ်သင့်မှန်းသိပါတယ်
ငါမချစ်လို့မှမရနိုင်တာ
ရက်စက်ကံကြမ္မာ
ဘယ်သူမှမသိခဲ့ဘူး
တစ်ယောက်တည်းကြိတ်ကာရူး
နောက်ဆုံးသိမ်းထားတုန်း
အချစ်တွေရင်မှာ
ဖွင့်ချဖို့မဖြစ်နိုင်တာ
မင်းနားလည်ပါ
အဖြစ်အပျက်တွေက
အိပ်မက်ဖြစ်ရင် တို့တွေ
သိပ်ကောင်းမှာ ဟေး...ရေး...
အိပ်မက်ဖြစ်ရင် တို့တွေသိပ်ကောင်းမှာ