Lyrics: ကိုယ့်ချစ်သူ
The Lats
သိပ်ချစ်လို့မင်းကိုခွင့်လွှတ်ခဲ့တယ်
ဒါကိုမင်းသိနဲ့ငါ့အပေါ်ဆိုးခဲ့တယ်
ကလေးလေးမဟုတ်တော့တာမင်းသိအောင်
ငါဖွင့်ပြောရမှာလား
တစ်ခါတစ်လေအပြောလေးကြမ်းလို့
မင်းစိတ်ကောက်တာ
မျက်ဝန်းလေးများကမျက်ရည်ကျတဲ့အခါ
ကလေးဆိုးလေးတစ်ယောက်လိုချော့ရတာ
ကိုယ်သိပ်ချစ်မိနေတာ
ဒါတွေကိုသိလျက်နဲ့မင်းကိုချစ်နေခဲ့တာ
တချိန်မှာမင်းထားသွားခဲ့ရင်
အဆုံးသတ်လိုက်ပြီလား
မင်းကိုအမြဲတမ်းလိုကျကြင်နာသူအနားမှာ
အလိုလိုက်အလိုက်တသိကိုယ်နေခဲ့တာ
မင်းရက်စက်ဖို့များလား
အတွေးတွေ အဝေးထိနယ်ချဲ့
ဝေဒနာတွေ ချန်ထားကာ
ရင်ခွင်ဟောင်းရဲ့ အချစ်စစ်ကို
မင်းလေးနားလည်ပေးပါ ချစ်သူရာ
သတိရလို့ မင်းဆီဖုန်းဆက်ရင်
မဆိုင်သလိုစကားလုံးများနဲ
့ငါ့ကိုပြောခဲ့တယ်
ကလေးမင်းစိတ်ညစ်မှာ စိုးလို့ကွာ
ကိုယ်ရှောင်ပေးခဲ့တာပါ
မဆုံနိုင်ဝေးသွားခဲ့တော့ငါ့မှာမေ့လို့မရပါ
ဘယ်အချိန်တွေခွင့်ရမလဲငါ့မှာသိခွင့်မရှိပါ
မင်းနဲ့နီးတဲ့နေ့ကို ရောက်ခဲ့လျှင်
ကိုယ်ကြိုနှင့်လို့နေမှာ
ဒါတွေကိုသိလျက်နဲ့မင်းကိုချစ်နေခဲ့တာ
တချိန်မှာမင်းထားသွားခဲ့ရင်
အဆုံးသတ်လိုက်ပြီလား
မင်းကိုအမြဲတမ်းလိုကျကြင်နာသူအနားမှာ
အလိုလိုက်အလိုက်တသိကိုယ်နေခဲ့တာ
မင်းရက်စက်ဖို့များလား
အတွေးတွေ အဝေးထိနယ်ချဲ့
ဝေဒနာတွေ ချန်ထားကာ
ရင်ခွင်ဟောင်းရဲ့ အချစ်စစ်ကို
မင်းလေးနားလည်ပေးပါ ချစ်သူရာ..
Instrument....
မင်းကိုအမြဲတမ်းလိုကျကြင်နာသူအနားမှာ
အလိုလိုက်အလိုက်တသိကိုယ်နေခဲ့တာ
မင်းရက်စက်ဖို့များလား
အတွေးတွေ အဝေးထိနယ်ချဲ့
ဝေဒနာတွေ ချန်ထားကာ
ရင်ခွင်ဟောင်းရဲ့ အချစ်စစ်ကို
မင်းလေးနားလည်ပေးပါ ချစ်သူရာ..
မင်းလေးနားလည်ပေးပါ.....
မင်းလေးနားလည်လိုက်စမ်းပါ ချစ်သူရာ
..........................................................
အမှားပါရင် တောင်းပန်ပါတယ်။