menu-iconlogo
huatong
huatong
avatar

ပန်းနွယ်ကစိမ်း

တွံတေးသိန်းတန်huatong
rburgehuatong
Тексты
Записи
ပန်းနွယ်ကစိမ်း

တွံတေးသိန်းတန်

...

ပန်း နွယ်က စိမ်း

ပန်း နွယ်က စိမ်းတယ်

စုံနံ့သာမြိုင် ရှာပုံဖွင့်ပါ လို့ရယ်

ရင့်နင့်အောင်ချစ်ရှာလွန်းသူ

အပူတပြင်းရှာဖွေ

ရေမြေ ဆုံး ဆုံးစေ့တကယ်

လှဂမုန်းနွယ်ချစ်သက်ဦးရယ်

ဘဝဆုံးတကယ်မပစ်ရက်ဘူးကွယ်

ရူးတယ်ဆိုစေဦးတော့

ဖုန်းကြော့မေပန်းနွယ်ပျိုရယ်

မဆုံးတော့လေ လှမ်းရွယ်ရှာမယ်

မုန်းတော့စေ ပန်းနွယ်ကညာရယ်

စိမ်းရက်တဲ့ပန်းနွယ်ရယ်

စုံနံ့သာမြိုင်မှာရှာပုံဖွင့်သလို

အသည်းနင့်အောင်ချစ်ခဲ့ရသူမို့

ရေမြေဆုံးစေတော့ ရှာရဦးတော့မယ်ကွယ်

အရူးတစ်ယောက်ရယ်လို့များ

ပြောချင်လည်းပြောပေဦးတော့

တောလယ်တောင်အထပ်ထပ်မှာ

မောတယ်လို့တောင်မှနားမနေခဲ့ဘူး

ပန်းနွယ်ရယ်

တောင်မြောက်လေးပါးကိုဖွေရှာ

မျှော်ကြည့်လိုက်ပြန်တော့

အဖော်မရှိတဲ့ကိုယ့်ဘဝမှာ

အသည်းငယ်မိပြန်တယ်

ပျော်သောသူရှာရင်တွေ့ လို့ဆိုပေမယ့်

စိမ်းကားတဲ့ပန်းနွယ်ကိုတော့

ရှာလေ ဝေးလေပါလား ပန်းနွယ်ရေ

စုံနံ့သာမြိုင် ရှာပုံဖွင့်ပါ လို့ရယ်

ရင့်နင့်အောင်ချစ်ရှာလွန်းသူ

အပူတပြင်းရှာဖွေ

ရေမြေ ဆုံး ဆုံးစေ့တကယ်

လှဂမုန်းနွယ်ချစ်သက်ဦးရယ်

ဘဝဆုံးတကယ်မပစ်ရက်ဘူးကွယ်

ရူးတယ်ဆိုစေဦးတော့

ဖုန်းကြော့မေပန်းနွယ်ပျိုရယ်

မဆုံးတော့လေ လှမ်းရွယ်ရှာမယ်

မုန်းတော့စေ ပန်းနွယ်ကညာရယ်

မြိုင်ဗွေ သြော်ဂနိုင်မြေစပ်မှာတဲ့

မှိုင်တွေ မှိုင်တွေရပ်ကာကွယ့်

ဘယ်ဝယ် မြောက်တောင်

ဖွေရောင် မျှော်ကြည့်

အဖော်မရှိတစ်ကိုယ်တည်း

အသည်းငယ်သလိုနှယ်

ပူပုံပန်းရယ်လွမ်းတယ်

ပန်းနွယ်ရေရှာလေဝေး တယ်

သီတာမြလား

မြစ်နား တစ်လျှောက်

ရောက်ခဲ့ရာဝယ်

လှိုင်းရေသောင်စပ်မှာ တောင်ပံယှက်ပျံ

ငှက်မောင်နှံကိုမှ မြင်ရသော် ခဏ

သြော် မရွှင်ပျနိုင်တယ် ရင်မှလှိုက်လှဲ

ပန်းနွယ်ကိုပဲ တလို့ဆွေးမိတယ်

ရွှေရင်ပူမီး ဗျာကြီးသူသောကလှိုင်းဝယ်

အချစ်ဇော နဲ့ နစ်မျောခဲ့ ဖြေမပြေ တယ်

သီတာမြလား

မြစ်နား တစ်လျှောက်

ရောက်ခဲ့ရာဝယ်

လှိုင်းရေသောင်စပ်မှာ တောင်ပံယှက်ပျံ

ငှက်မောင်နှံကိုမှ မြင်ရသော် ခဏ

သြော် မရွှင်ပျနိုင်တယ် ရင်မှလှိုက်လှဲ

ပန်းနွယ်ကိုပဲ တလို့ဆွေးမိတယ်

ရွှေရင်ပူမီး ဗျာကြီးသူသောကလှိုင်းဝယ်

အချစ်ဇော နဲ့ နစ်မျောခဲ့ ဖြေမပြေ တယ်

အပြစ်ရှာသွေဖီ စိမ်းသူရဲ့

ပန်းနွယ်ရယ်

လမ်း လမ်းဘယ်မမြင်တယ်

သြော် လမ်း ဘယ်မမြင်တယ်

ရွှေ ပင်လယ် စီး သည်သို့

နီး နီးမယ်မထင် တော့ တယ်

ပန်းနွယ်ရေ

မြသီတာမြစ်အလွှာနား ရောက်ပြန်တော့

လှိုင်းကလေးတွေ ပြေးတက်လာတဲ့သောင်စပ်မှာ

ငှက်မောင်နှံတောင်ပံယှက်လို့

ပျံဝဲနေတာကို မြင်ရပြန်တယ်ကွယ်

အဲ့ဒီအခါမျိုးမှာလည်း

ပန်းနွယ်ကိုပဲတွေးပြီးဆွေးမိပြန်တယ်ပေါ့

ဒါပေမယ့် အပြစ်ရှာသွေဖီပြေးတဲ့ပန်းနွယ်ရေ

ရွှေပင်လယ်ကာစီးလို့ နီးနိုင်မယ်မထင်ပေမယ့်

ကမ္ဘာကုန်ကျယ်သရွေ့တော့

ရှာပုံချဲ့ရဦးမယ်ကွယ်

ရင်မောဖွယ် သြော်ရှာပုံခရီးမှာဖြင့်

ကမ္ဘာကုန်ကျယ်သရွေ့ ပြေးနိုင်စွမ်းပေဦးမယ်

ဘယ်သောအခါမှ ဆုံလာ တွေ့မယ်

စိမ်းလေသူပန်းနွယ်ရယ်

ကမ္ဘာမြေဆုံးတောင် ဖုန်းမောင်ရှာဖွေ မယ်

ပန်းနွယ်ကစိမ်း စိမ်း တယ်

ကျေးဇူးတင်ပါတယ် ..

winbo29

Еще от တွံတေးသိန်းတန်

Смотреть всеlogo