ရုပ်ဆိုးမ
အမေက မွေးတဲ့ အချိန်တုန်းက
အဖေကခေါ်တယ် သမီးချောတဲ့
သနပ်ခါးနဲ့ ပါးကွက်ကြားကို
စွဲမက်စွာ ငါအမြဲလိမ်းတယ်
Revion တံဆိပ်နဲ့ နှုတ်ခမ်းနီ
မှန်ကိုထုတ်ထုတ်ပြီးတော့ကြည့်
အရွယ်ရောက်တော့ အလှခြင်းပြိုင်
အားလုံးထဲငါဘယ်သူမှမနိုင်
ဝိုး … ငါအရမ်းပဲဝနေလား
ဝိုး … ငါ့ကိုလေဘယ်သူမှ စိတ်မဝင်စား
ဝိုး … အမြဲလိုလို ရှုံးနိမ့်သွားရ
ဝိုး … ငါ့နာမည်က ရုပ်ဆိုးမ
ကောင်မလေးများ ကြားထဲမှာ
ရေပန်းစားတဲ့ ကောင်လေးကို
တိတ်တခိုးလေး သဘောကျတော့
တဖက်သတ်အချစ်နဲ့ ရင်တွေမော
အိမ်မက်ထဲထိ စိတ်ကူးယဉ်
အတွဲရသွားတော့ ကျန်နေရစ်
စိတ်ညစ်ညစ်နဲ့ စွတ်စားတော့
ငါ့ကိုယ်အလေးချိန် တဖြေးဖြေးတိုး
ဝိုး … ငါအရမ်းပဲဝနေလား
ဝိုး … ငါ့ကိုလေဘယ်သူမှ စိတ်မဝင်စား
ဝိုး … အမြဲလိုလို ရှုံးနိမ့်သွားရ
ဝိုး … ငါ့နာမည်က ရုပ်ဆိုးမ
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ပေါင်ချိန် ၁၃၀
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ပေါင်ချိန် ၁၄၀
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ပေါင်ချိန် ၁၅၀
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ဝိတ်ချတော့မယ်
ပေါင်ချိန် ၁၉၀
ဝိုး … ငါအရမ်းပဲဝနေလား
ဝိုး … ငါ့ကိုလေဘယ်သူမှ စိတ်မဝင်စား
ဝိုး … အမြဲလိုလို ရှုံးနိမ့်သွားရ
ဝိုး … ငါ့နာမည်က ရုပ်ဆိုးမ
ဝိုး … ငါအရမ်းပဲဝနေလား
ဝိုး … ငါ့ကိုလေဘယ်သူမှ စိတ်မဝင်စား
ဝိုး … အမြဲလိုလို ရှုံးနိမ့်သွားရ
ဝိုး … ဝိုး … ရုပ်ဆိုးမ
ရုပ်ဆိုးမ