menu-iconlogo
huatong
huatong
avatar

ရှင်သန်ခြင်း

Wyne Honeyhuatong
sol2lunahuatong
Тексты
Записи
ရှင်သန်ခြင်း

မလှပခဲ့တဲ့ နေ့တို့လည်းရှိ

မခွဲဘဲ တို့နှစ်ယောက်သွားမယ်နော်…

အချိုးအကွေ့များနဲ့ နေ့တို့လည်းရှိ

အတူတူ ကူးဖြတ်သွားမယ်နော်….

စမ်းသပ်လို့မရ အလွမ်းနေ့များလည်းရှိ

လက်တွဲထိုးဖောက်လို့ သွားမယ်နော်..

ပန်းခင်းထားတဲ့ နေ့တို့လည်းရှိ

အတူတူ ရှေ့ဆက်လို့ သွားမယ်နော်…

မျှော်လင့်ချက်မဲ့တဲ့ နေ့တို့လည်းရှိ

အားများတော့ ရှိမှဖြစ်လိမ့်မယ်..

ငွေကြေးများခန်းတဲ့ နေ့တို့လည်းရှိ

အတူတူ ခရီးဆက်သွားမယ်နော်…

အိမ်မက်အသစ်များ ပေးမယ့်နေ့တို့အရောက်

တို့နှစ်ယောက် ကြိုးစားလို့သွားမယ်နော်…

သီချင်းသစ်များနဲ့ တို့ရဲ့နေ့တွေအရောက်

အတူတူ ကူးဖြတ်လို့ သွားမယ်နော်…

အားလုံးအတွက်ပေါ့ လှတဲ့မနက်ဖြန်

တို့နှစ်ယောက်ကြိုးစားပေးမယ်နော်

အဆွေးများအလွမ်းများ ဝေးတဲ့မနက်ဖြန်

ဝေကာပေးဖို့ သွားမယ်နော်…..

မျှော်လင့်ချက်များ ဖြည့်မယ့်နေ့တို့အရောက်

တို့နှစ်ယောက် ကြိုးစားလို့သွားမယ်နော်

သီချင်းသစ်များနဲ့ အများအတွက်နေ့တွေအရောက်

ဟူး ဟူ အတူတူ ကူးဖြတ်လို့ သွားမယ်နော်….

ဟူး ဟူ အတူတူ မင်းလေးနဲ့ သွားမယ်နော်….

ဟူး ဟူ အတူတူ ကူးဖြတ်လို့ သွားမယ်နော်…..

Еще от Wyne Honey

Смотреть всеlogo