menu-iconlogo
huatong
huatong
avatar

Pyan Tot Kwal

Wyne Su Khaing Theinhuatong
saydeezb120huatong
Тексты
Записи
ပြောဖို့စကားလေး တို့မှာမကုန်သေးလည်း

မင်းအနားလေးပဲ ဆက်နေချင်သေးလည်း

နံရံပေါ်မှာ နာရီတွေက ရွေ့နေတယ်

အတူဆုံချိန်ဟာ ကုန်တာမြန်လွန်းခဲ့

တို့လက်ဖျားတွေ အေးနေပါပြီကွယ်

နှလုံးသွေးများလည်း တိုးနေတာသိတယ်

ရင်ခုန်သံကို ကိုယ်တိုင်သတိထားမိတော့လည်း

တခုခုပြောင်းလဲသွားမှာ သိပ်စိုးတယ်

အချစ်ရယ် ပြန် ပြန်တော့ကွယ်

အပြင်မှာ မိုးလည်းရွာတော့မယ်

နေရစ်ခဲ့ပါရစေ တစ်ယောက်တည်း

တို့နှုတ်ဆက်သင့်ပြီပဲ

ဒီထက်ပိုပြီး တို့မနီးချင်တော့နဲ့

ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်

လှပလွန်းတဲ့ မိုးတိမ်တွေကြားထဲ

လွင့်မျောလို့မသွားဖို့ တို့လေ တကယ်ခက်ခဲ

အတင်းပဲ ကြိုးစားရုန်းရဦးမယ်

ဇွတ်တိုးဖို့ သတ္တိနည်းတယ် ဆိုမလားကွယ်

တို့ဘဝလေးကို နားလည်ပါ အချစ်ရယ်

နှလုံးသားလေးက မင်းကို မနှင်ရက်လည်း

အသိစိတ်တချို့က တို့ကို သတိပေးလို့နေတယ်

တခုခုပြောင်းလဲသွားမှာ စိုးပါတယ်

အချစ်ရယ် ပြန် ပြန်တော့ကွယ်

အပြင်မှာ မိုးလည်း ရွာတော့မယ်

နေရစ်ခဲ့ပါရစေ တစ်ယောက်တည်း

တို့နှုတ်ဆက်သင့်ပြီပဲ

ဒီထက်ပိုပြီး တို့မနီးချင်တော့နဲ့

ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်

ပြန် ပြန်တော့ကွယ်

အပြင်မှာ မိုးလည်း ရွာတော့မယ်

နေရစ်ခဲ့ပါရစေ တစ်ယောက်တည်း

တို့နှုတ်ဆက်သင့်ပြီပဲ

ဒီထက်ပိုပြီး တို့မနီးချင်တော့နဲ့

ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်

Еще от Wyne Su Khaing Thein

Смотреть всеlogo