သီချင်း - ကွဲ 
သံစဉ် - Glock 
စာသား - X-Box ၊ Wai Gyi 
တေးဆို - X-Box ၊ Irene Zin Mar Myint 
ဒီလိုပါပဲ ပုံမှန်အတိုင်း အလုပ်တွေငါလုပ် 
အိပ်ခါနီးတစ်ချက်တော့ အတွေးထဲမှာလာရှုပ် 
ပျော်စရာအတိတ် Memory တွေဆီ တွေးတိုင်းထပြုံး 
ဓာတ်ပုံတွေပါပြန်ကြည့်မိရင် အိပ်မရတစ်ညလုံး 
စည်းခြားထားတဲ့ မီးများလို 
သမီးရည်းစားထပ် ဇနီးမယားလို 
မနီးစပ်ခဲ့တဲ့ တို့နှစ်ယောက်ဇာတ်လမ်းလေး 
ခဏ သတိရလို့ 
ငါတို့လမ်းခွဲပြီးရင် ထပ်တွေ့ဖို့နင်မပူဆာနဲ့ 
ငါတို့လမ်းခွဲပြီးရင် ဝမ်းနည်းပြီးနင်မငိုပါနဲ့ 
ရင်ကွဲလဲ မင်းဆုံးဖြတ်ချက်အတိုင်းပါပဲ 
ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ဒါနဲ့ 
ငါတို့လမ်းခွဲပြီးရင် မေ့ပစ်ဖို့နင်မကြေညာနဲ့ 
ငါတို့လမ်းခွဲပြီးရင် 
လမ်းတစ်ဝက်ကြီး နင်ပြန်မလာနဲ့ 
နင်နဲ့မှ အသဲတွေကွဲနေတယ် ငါလဲ 
ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ငါနဲ့ 
ပြန်လိုချင်လဲ ရင်နာနာနဲ့ငါထွက်ပြေးလာတယ် 
နင်မငိုပါနဲ့ ဒီလိုပါပဲ ဘဝဟာ 
မင်းချစ်တတ်သွားခဲ့ရင် 
ဂေါက်တောက်တောက် ငါ့အဖြစ်ဟာ 
ဒဏ္ဍာရီထဲမှာပဲ ငါကျန်ရစ်ခဲ့ပါမယ် 
ခဏခဏ ပြတ်ကြတယ်ငါတို့ 
တွဲခဲ့တာတစ်ခဏအတွက် မဟုတ်တစ်ဘဝလုံး 
သေအောင်နာကျင်နေပါစေ 
ငါဆေးမထည့်ပါ အနာကို 
ခံစားရတာကြိုက်တဲ့အကျင့်က 
မွေးကတည်းကပါလို့ပဲ 
Phone Bill ၃ထောင် တစ်လသုံးတယ် 
အဖော်မဲ့လို့ ဖုန်တက်နေပြီ ငါ့ဖုန်းလဲ 
ပြီးတော့ Weight ပါကျသွားတယ် ၁၃၀ 
မင်းကငါ့ချစ်သူဟောင်းတွေက အလှဆုံးပဲ 
အနာဂတ်မှာလက်တွဲသူဟာ ငါမဟုတ်ခဲ့ 
ဒါဆို ဘာလို့ဘဝထဲလာရှုပ်လဲ (ကောင်မလေး) 
ငါတို့လမ်းခွဲပြီးရင် ထပ်တွေ့ဖို့နင်မပူဆာနဲ့ 
ငါတို့လမ်းခွဲပြီးရင် ဝမ်းနည်းပြီးနင်မငိုပါနဲ့ 
ရင်ကွဲလဲ မင်းဆုံးဖြတ်ချက်အတိုင်းပါပဲ 
ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ဒါနဲ့ 
ငါတို့လမ်းခွဲပြီးရင် မေ့ပစ်ဖို့နင်မကြေညာနဲ့ 
ငါတို့လမ်းခွဲပြီးရင် 
လမ်းတစ်ဝက်ကြီး နင်ပြန်မလာနဲ့ 
နင်နဲ့မှ အသဲတွေကွဲနေတယ် ငါလဲ 
ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ငါနဲ့ 
ညှိမရတော့တာ အတော်ကြာခဲ့ 
ငါနဲ့အဆင်မပြေရလေ မင်းပိုပျော်ပါတယ် 
မင်းစောက်တလွဲဘော်ဒါတွေ ညှော်တာနဲ့ 
မင်းကဂေါ်တာနဲ့တော့လဲ အတော်ပါပဲ 
မသိစိတ်ကအမြဲလို ဝမ်းနည်းတဲ့အသိဝင် 
အပြင်မထွက်ချင်ဘူး မင်းနဲ့အခန်းထဲပဲရှိချင် 
ရှေ့ဆက်ဖို့ ငါ့အင်အားတွေကတစ်ခြမ်းထဲပဲရှိ 
လမ်းခွဲပြီး ဒီသီချင်းကနေ လှမ်းဆဲခဲ့သည် 
နင်မမြင်အောင်အသဲကွဲပြီးမှ 
မေ့ပစ်လိုက်တယ် ရင်နာနာနဲ့ 
ဒီလူကိုမောင်းထုတ်ပြီးမှ 
သိပ်ရက်စက်တယ် မကြေညာနဲ့ 
လမ်းခွဲ ပေးလိုက်ပြီပဲ 
မင်းအတွက် အမြဲတမ်းရှိတယ် 
နေပူမှာ ရပ်စောင့်မိတဲ့ 
ငါ့ရဲ့အဖြစ်ကို မလှောင်ပါနဲ့ 
ဒီလူကို မောင်းထုတ်ပြီးမှ 
နောက်ထပ်တစ်ယောက် နင်မရှာပါနဲ့ 
လမ်းခွဲ ပေးလိုက်ပြီပဲ 
အရမ်းလဲ ချစ်ခဲ့ပြီးပြီ 
ဟိုး .. ဘာကျန်သေးလဲ 
(ငါတို့လမ်းခွဲပြီးရင် ထပ်တွေ့ဖို့နင်မပူဆာနဲ့) 
(ငါတို့လမ်းခွဲပြီးရင် ဝမ်းနည်းပြီးနင်မငိုပါနဲ့) 
(ရင်ကွဲလဲ မင်းဆုံးဖြတ်ချက်အတိုင်းပါပဲ) 
(ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ဒါနဲ့) 
(ငါတို့လမ်းခွဲပြီးရင် မေ့ပစ်ဖို့နင်မကြေညာနဲ့) 
(ငါတို့လမ်းခွဲပြီးရင်) 
(လမ်းတစ်ဝက်ကြီး နင်ပြန်မလာနဲ့ 
(နင်နဲ့မှ အသဲတွေကွဲနေတယ် ငါလဲ) 
(ရှင်ကွဲလဲ ကွဲချင်ကွဲမှာပဲ ငါနဲ့)