သီချင်း - စည်း
တေးဆို - ဝိုင်ဝိုင်း
ဝမ်းနည်းတတ်သူကို
မင်းထပ်မနှိပ်စက်နဲ့တော့
အချစ်ကကိုယ့်အတွက်ဆို
အမြဲတမ်းရှုံးမယ့်တိုက်ပွဲတစ်ခု
နောက်တစ်ခေါက်မရှုံးချင်ပါ
မင်းငါ့အတွက်မတွေးနဲ့တော့
ဟိုး အဝေးဆုံးတစ်ဖက်မှာ
ဘဝကိုပြန်အသစ်စ
မင်းကြောင့်သာမပြောရက်ပါ
မလွန်ဆန်ရဲတဲ့ကံတရားရှိခဲ့လို့ပဲ
ဒီလိုဇာတ်သိမ်းဖို့ပညတ်ထား
နောက်လူရင်မှာပျော်နိုင်မှာပါ
ငါ့အနားမလာနဲ့တော့
အခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင်အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ
ခြောက်သွေ့သစ်ပင်တောင်
အမြဲထာဝစဉ်မခြောက်ခမ်းဘူး
တစ်နေ့တော့မိုးထဲမှာ
အမွှေးဆုံးပန်းများပွင့်လန်းလို့
ငြိမ်းချမ်းတဲ့ရင်ခွင်
မင်းမှေးစက်အိပ်လိုက်တော့
မဝေးသောတို့အတိတ်ဟာ
အိပ်မက်လိုသာကျန်ရစ်ခဲ့
မင်းကြောင့်သာမပြောရက်ခဲ့ပါ
ဒီလိုအဆုံးသတ်ဖို့အကြောင်းရှိခဲ့လို့ပဲ
မလွန်ဆန်နိုင်ရဲတဲ့တို့ကံတရား
နောက်လူရင်မှာပျော်နိုင်မှာပါ
ငါ့အနားမလာနဲ့တော့
အခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင်အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ
ဒီလိုမင်းတစ်ယောက်တည်းကိုပဲ
အပြစ်ငါမပြောရက်ခဲ့ပါ
မလွန်ဆန်ရဲလောက်တဲ့ကံတရားလှည့်စား
နောက်လူရင်မှာပျော်နိုင်မှာပါ
ငါ့အနားမလာနဲ့တော့
အခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင်အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ
နောက်လူရင်မှာပျော်နိုင်မှာပါ
ငါ့အနားမလာနဲ့တော့
အခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင်အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ
မင်းနဲ့ကိုယ်နဲ့စည်းတစ်ခုခြားလို့ထား