Hope
ဟောဒီကမ္ဘာလောကကြီးထဲမှာလေ
ချစ်လျက်နဲ့အကြောင်းအမျိုးမျိုးကြောင့်
ခွဲခွါသွားရတဲ့ချစ်သူတွေ
သန်းပေါင်းများစွာကိုရှိခဲ့ဘူးလိမ့်မယ်
စိန်၊ရွှေ၊ငွေစည်းစိမ်ကြောင့်မို့လို့
တစ်ယောက်နဲ့တစ်ယောက်
ရည်ရွယ်ချက်ရည်မှန်းချက်တွေ
မတူညီလို့
ကိုယ်စိကိုယ်စိပါလာမဲ့မိဘပတ်ဝန်းကျင်
အသိုင်းဝိုင်းတွေပေါင်းစပ်လို့မရနိုင်လို့
စသည်ဖြင့် အများကြီးပေါ့ဗျာ
ဒါပေမဲ့အဲ့ဒီလိုငါတို့ကို
ထာဝရဝေးသွားအောင်
လုပ်နိုင်တဲ့အရာတွေ
အားလုံး အားလုံး အားလုံးကို
ပြစ်ပယ်စွန့်ခွါထားခဲ့ပြီးတော့
ဘယ်သူမှမရှိတဲ့နေရာလေးတခုမှာ
နှစ်ယောက်ထဲပဲသွားနေချင်လိုက်တာ
ဆိုတဲ့အတွေးမျိုးလေး တွေးခဲ့ဖူးလား
ကျွန်တော်က တွေးခဲ့ဖူးတယ်
CHO:တနေ့နေ့မေ့လက်ကိုတွဲလို့
ဟိုး..အဝေးကြီးသွားချင်တယ်
တနေ့နေ့ ငါ့ရဲ့ရင်ထဲမှာ
ထွေးပွေ့လို့ထားချင်တယ်
ဝိုင်နီလေးနှစ်ခွက်နဲ့အတူတူ
ကြယ်စင်တွေကိုငေးကြည့်လိုက်ချင်လည်း
မလွယ်ပါဘူး အချစ်ရယ်
သူကျွန်တော့်ကိုမေးဖူးတယ်
ထွက်ခွါသွားတဲ့သူနဲ့ကျန်ခဲ့တဲ့သူ
ဘယ်သူကပိုလွမ်းလဲတဲ့
ကျွန်တော် ကျွန်တော်မသိဘူးဗျာ သိလား
ဒါပေမဲ့ကျွန်တော်ဖြေခဲ့ပါတယ်
ဘယ်လိုခွဲခွါမှုမျိုးမှာပဲဖြစ်ဖြစ်
နှလုံးသာကြီးတဲ့သူက
ပိုလွမ်းပါတယ်လို့....
ပင်လယ်ကြီးကိုဘယ်သူမှ
မပိုင်ဆိုင်ကြပါဘူး
ဒါပေမဲ့အများအားဖြင့်
ပင်လယ်ကြီးကိုတွေ့ရင်ပျော်ကြတယ်
ပင်လယ်ကြီးကို ချစ်ကြတယ်
အဲ့ဒီတော့ ပိုင်ဆိုင်ရမှာအချစ်ဆိုတာ
မဟုတ်ဘူးလို့ကျွန်တော်ယုံကြည်လာတယ်
ဟောဒီကမ္ဘာလောကကြီးကချမှတ်ထားတဲ့
စည်းမျည်းစည်းကမ်းတွေအကုန်လုံးကို
ကျွန်တော်နားမလည်ပါဘူး
ပညာတွေလည်းအများကြီးမတတ်ဘူး
ဒါပေမဲ့ ပိုင်ဆိုင်ခွင့်မရှိလဲပဲ....
ချစ်နေအုံးမှာပါ....မေ
တကယ်ပါမင်းဆိုတာ
ဒီရင်ကဒုတိယအသက်ပါကွာ
ဟိုး...ငါ့ဘဝကတကယ်အရေးကြီးဆုံး
အစိတ်အပိုင်းလည်းမင်းပါပဲ
မျှော်လင့်ချင်းဆိုတာ
မှုန်ဝါးဝါးရှိတော့တာပါ
မသိဘူးတမ်းတမိနေတုန်း
ငါရူးသွပ်မိနေတုန်း......
CHO:တနေ့နေ့မေ့လက်ကိုတွဲလို့
ဟိုး..အဝေးကြီးသွားချင်တယ်
တနေ့နေ့ ငါ့ရဲ့ရင်ထဲမှာ
ထွေးပွေ့လို့ထားချင်တယ်
ဝိုင်နီလေးနှစ်ခွက်နဲ့အတူတူ
ကြယ်စင်တွေကိုငေးကြည့်လိုက်ချင်လည်း
မလွယ်ပါဘူး အချစ်ရယ်
မလွယ်ပါဘူး အချစ်ရယ်
CHO:တနေ့နေ့မေ့လက်ကိုတွဲလို့
ဟိုး..အဝေးကြီးသွားချင်တယ်
တနေ့နေ့ ငါ့ရဲ့ရင်ထဲမှာ
ထွေးပွေ့လို့ထားချင်မိတယ်
ဝိုင်နီလေးနှစ်ခွက်နဲ့အတူတူ
ကြယ်စင်တွေကိုငေးကြည့်လိုက်ချင်လည်း
မလွယ်ပါဘူး အချစ်ရယ်
တနေ့နေ့မေ့လက်ကိုတွဲလို့
ဟိုး..အဝေးကြီးသွားချင်လည်း
တနေ့နေ့မေ့လက်ကိုတွဲဖို့
မလွယ်ပါဘူး အချစ်ရယ်...