ဧရာဝတီ
ခင်ဝမ်း
တိမ်တိုက်တွေရဲ့  အဆုံး
အနောက်ဘက်က
အဝေး..မိုးကုတ်တစ်နေရာမှာ
နေရောင်
တစ်ချို့  ရှိနေသေး......
မြူ တွေ ဆိုင်းနေတဲ့ 
ရခိုင်ရိုးမ ရဲ့  အရိပ်
ဟိုဘက် ကမ်းခြေ
မြစ်ရိုးမှာ မှောင်မိုက်နေပြီ....
အေးမြတဲ့ မြောက်လေကြောင်းကို
ဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့... ရှိမဲ့
ခရီးဝေးကို ပျံသန်းခဲ့ရလို့ 
ပင်ပန်း ခဲ့ ပြီလား
ခရီးဖော် အပေါင်းအသင်းတွေနဲ့ 
မိုးမချုပ်မီ အိမ်ကို ပျံ ခဲ့ ပြီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
တည်ငြိမ်တဲ့ သူရဲ့  ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်
တည်ငြိမ်တဲ့ သူရဲ့  ရေအလျဉ်
ရင့်ကျက်တဲ့ရေပြင်
ကြည့်  လိုက်စမ်းပါ
ခမ်းနားတဲ့ သူရဲ့  အသွင်
မဟာ သဘာဝရှင်....
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
မှိုင်းညို့  တဲ့ အေးမြခြင်း
လောကရဲ့ 
အမိုး ကောင်းကင်တစ်နေရာမှာ
ငွေကြယ် ကလေး လင်းလက်နေခဲ့ 
အပြာရောင် လွှမ်းနေတဲ့ 
ငွေညရဲ့  အောက်
တစ်ကိုယ်တော် ခရီးကို ထွက်ဖို့ 
မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
တည်ငြိမ်တဲ့ သူရဲ့  ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်
တည်ငြိမ်တဲ့ သူရဲ့  ရေအလျဉ်
ရင့်ကျက်တဲ့ရေပြင်
ကြည့်  လိုက်စမ်းပါ
ခမ်းနားတဲ့ သူရဲ့  အသွင်
မဟာ သဘာဝရှင်....
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ
ဧရာဝတီ