menu-iconlogo
huatong
huatong
avatar

အင်းလေးမှာရွာတဲ့မိုး

ဂရေဟမ်huatong
papandmeemawhuatong
เนื้อเพลง
บันทึก

တောင်တွေကာရံထားတဲ့ အလယ်မှာ

အင်းလေး ရေပြင်ပြာ

လှေငယ်လေးတစ်စင်း

တရွေ့ရွေ့လွန့်လူးလာ

ထိုစဉ် မိုးကောင်းကင်မှာ

မှုန်ရီမည်းနက် ရိပ်ခြယ်လာ

လှေရှင်လေး တစ်ယောက်တည်း

အလွမ်းတေး ညည်းလို့သာ

ကမ်းစပ်ကို သူလှော်ခတ်လာ

ထိုစဉ် မိုးတွေမည်းမှောင်ရီကာ

သည်းသည်းရွာပြီတစ်ခါ

လှေငယ်လေးတော့ ကမ်းစပ်ရဲ့အဝေးမှာ

ရေပြင်လှိုင်းများ ခက်ထန်ကာ

မမြင်နိုင်စွမ်းတဲ့ ကမ်းခြေအလာ

လှေရှင်လေး တစ်ယောက်တည်း

အချစ်နဲ့ ကင်းဝေးရှာ

မိုးမင်းရယ် ညှာတာလှည့်ပါ

အင်းလေးမှာ ရွာတဲ့မိုးရယ်

အင်းလေးမှာ ရွာတဲ့မိုးရယ်

တိတ်လှည့်ပါ တိတ်လှည့်ပါ

လွမ်း အထီးကျန်

အဖော်မဲ့ သူ့ကမ္ဘာ

တွေးမိလာ အကယ်၍များသာ

လှေဦးထိပ်မှာ ကြင်နာသူလေးပါလာခဲ့ရင်

သူ ဒီလောက်အားငယ်မည် မထင်ပါ

ကြင်နာမယ့်သူ မရှိနိုင်ခင်မှာ

သူ့အတွက် အဖော်မွန်ဟာ

ရေပြင်ထက်က မိုးစက်မှုန်များသာ

ပြာရီမှိုင်းတဲ့ ကောင်းကင်မှာ

လှေရှင်လေးအတွက် မိုးတွေရွာ

ညှာတာပါ မိုးရယ်

အလွမ်းများနဲ့ သူ့ဘဝမှာ

မိုးပဲသူ အချစ်ဆုံးပါ

အင်းလေးမှာ ရွာတဲ့မိုးရယ်

အင်းလေးမှာ ရွာတဲ့မိုးရယ်

တိတ်လှည့်ပါ တိတ်လှည့်ပါ

လွမ်း အထီးကျန်

အဖော်မဲ့သူ့ကမ္ဘာ

တွေးမိလာ အကယ်၍များသာ

လှေဦးထိပ်မှာ ကြင်နာသူလေးပါလာခဲ့ရင်

သူဒီလောက်အားငယ်မယ် မထင်ပါ

ရေပြင်ထက်မှာ အထီးကျန်တစ်ကိုယ်ရည်

လွမ်းလို့ မဖြေနိုင်သာ

လှေရှင်လေးရဲ့ အားမလျှော့ပါနဲ့ကွာ

မိုးကိုလည်း မချစ်စေချင်ပါ

အားမငယ်ပဲ ဆက်ခါလှော်ပါ

လှေငယ်လေး ထက်မှာ

တနေ့နေ့တော့ ဘဝရဲ့အဖော်

အားပေးမယ့်သူ ပေါ်လာလိမ့်မှာ

เพิ่มเติมจาก ဂရေဟမ်

ดูทั้งหมดlogo
အင်းလေးမှာရွာတဲ့မိုး โดย ဂရေဟမ် – เนื้อเพลง & คัฟเวอร์