menu-iconlogo
huatong
huatong
avatar

လင်းခေးအဝင်(female version)

ဆိုင်စံhuatong
cvise321huatong
เนื้อเพลง
บันทึก
လင်းခေးအဝင်(female version)

ဆိုင်စံ

Introး

တောပန်းကလေးများနဲ့

့လှချင်တိုင်း လှနေပါတယ်

လမ်းလေးကွေ့ ကောက်ရာ

ဘေး နှစ်ဘက်မှာ

အဆင်းအတက် ခရီးဆက်လို့

ဖြတ်ကျော် မြင်ကွင်း ရှေ့မှာ

တောင်ပြာတန်းတွေ ဆီးလို့ကာ

မွေးရပ်မြို့ ကလေးဆီ ရောက်ဖို့နီး

တွေးပျော်နေပြီ

မိဘနဲ့ အမျိုးအဆွေ အားလုံးကို

အပေါင်းအသင်း ရောင်းရင်းများ

ဝမ်းသာလို့မဆုံး ပေါ့လေ

ကျယ်ကျယ် လောင်လောင် နှုတ်ဆက်နေ

သာယာတဲ့

တိမ်လွှာတိမ်လိပ် အနားရောက်အောင်

တောင်ပြာတွေ အဆင့်အဆင့် မြင့်မားစွာ

ရောက်ချင်စော

မျှော်သူရင် မောနွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ ဆိုင်းလို့ရယ်

နှင်းမြူတွေ လွမ်းခြုံ တဲ့ကြား

ချောင်းကလေး ကလည်းအသာ

စီးဆင်းတာ

အတန်းလိုက် ကိုင်းနဲ့ခြံ

ဝိုင်းရံကာတဲ့ မြို့အ၀င်

နေညိုချိန် ပန်းချီကား အလားပမာ

Music

သာယာတဲ့

တိမ်လွှာတိမ်လိပ် အနားရောက်အောင်

တောင်ပြာတွေ အဆင့်အဆင့် မြင့်မားစွာ

ရောက်ချင်စော

မျှော်သူရင် မောနွမ်းလှပြီ

အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ ဆိုင်းလို့ရယ်

နှင်းမြူတွေ လွမ်းခြုံ တဲ့ကြား

ချောင်းကလေး ကလည်းအသာ

စီးဆင်းတာ

အတန်းလိုက် ကိုင်းနဲ့ခြံ

ဝိုင်းရံကာတဲ့ မြို့အ၀င်

နေညိုချိန် ပန်းချီကား အလားပမာ

By AyeKyaw greentiger

เพิ่มเติมจาก ဆိုင်စံ

ดูทั้งหมดlogo