ယုံလားတော့မသိဘူး
တေးဆို - နီနီဝင်းရွှေ
ယောကျာ်းတွေလေ
ပြောလိုက်ရရင်
မကောင်းပါဘူး
မိန်းကလေးများဆို
အကောင်းမထင်ဘူး
ပလီတွေ အညာတွေ
မာယာ များတယ်
ယောကျာ်းတွေလေ ဖွဲ့လို့
ပြောတတ်ကြတယ်
မိန်းမဆိုရင် နှိမ်ချင်ကြတယ်
မိန်းမဆိုရင် ပြောချင်ကြတယ်
မိန်းမဆိုတာ နဒီမြစ်လို
ကွေ့ကောက် တတ်တယ်တဲ့
ယောကျာ်းဆိုတာ သပွတ်အူလို
ရှုပ်တတ်တာ တွေကို
ထည့်ပြောအုံးပေါ့
ဒါမှလဲ သမာသမတ်ဆိုစကား
တို့နားမှာ ကြားဝင်မယ်
မိန်းမဆိုတာ လူသားပေမို့
အမှားမကင်းတာ မှန်ပေမဲ့
ယောကျာ်းတွေလဲ
လူသားဆိုတော့
မှားတတ် ကြမှာပဲ
မိန်းမမှားရင် ပြောပြီးမှည့်တယ်
ယောကျာ်းမှားရင်
ဆောရီးတဲ့ကွယ်
ဒါမျိုးဆို မကျေနပ်ဘူး ဟေ့
ယောကျာ်းတွေကို
မကျေနပ်ဘူး ဟေ့
မိန်းကလေးတွေ
ရည်းစားများရင်
မျက်နှာများတယ် ကဲ့ရဲ့တယ်
ယောက်ျားတွေ ရည်းစားများတော့
စန်းပွင့်တယ်လို့ ပြောကြတယ်
ယောကျာ်းကောင်းတော့
မောင်းမ တစ်ထောင်
ဂုဏ်ယူဝင့်ကြွား ပြောကြတယ်
ရည်းစားတစ်ထောင်
လင်ကောင် တစ်ယောက်
ဒီစကားဆို သူတို့နားခါးတယ်
မာယာ တစ်သိန်း
ပလိန်း အနန္တာ
သူတို့ပြောကြ စကားကွယ်
လျှာသကာလိမ်း
မစိမ်းနိုင် သမျှ
သူတို့ပြောသမျှ ယုံရတယ်
မိန်းမမာယာ သဲကိုးဖြာ
အပြစ်ဖွဲ့လို့ အမြဲပြောတယ်
ယောကျာ်းဆိုတာ အမြဲပျိုညာ
အချစ်အတွက် လို့ပဲ
ပြောကြတယ်
မိန်းမမကောင်းကြောင်း
ပြောတတ်တယ်
မိန်းမနဲ့လည်း မကင်းနိုင်တယ်
အဲဒါ ယောကျာ်းကွယ်
ဘာတွေပဲ ပြောနေပြောနေကွယ်
တို့မိန်းကလေးတွေလည်း
ခက်ပါတယ်
သူတို့နဲ့ မကင်းနိုင်သမျှရယ်
အချစ်ဆိုတာ ရှိ နေအုံးမယ်
ဒါပေမဲ့ကွယ်
မကျေနပ်ဘူး ဟေ့
မကျေနပ်ဘူး ဟေ.
ဒါမျိုးဆို မကျေနပ်ဘူးဟေ့
ယောကျာ်းတွေကို
မကျေနပ်ဘူး ဟေ့
မိန်းကလေးတွေ
ရည်းစားများရင်
မျက်နှာများတယ် ကဲ့ရဲ့တယ်
ယောက်ျားတွေ ရည်းစားများတော့
စန်းပွင့်တယ်လို့ ပြောကြတယ်
ယောကျာ်းကောင်းတော့
မောင်းမ တစ်ထောင်
ဂုဏ်ယူဝင့်ကြွား ပြောကြတယ်
ရည်းစားတစ်ထောင်
လင်ကောင် တစ်ယောက်
ဒီစကားဆို သူတို့နားခါးတယ်
မာယာ တစ်သိန်း
ပလိန်း အနန္တာ
သူတို့ပြောကြ စကားကွယ်
လျှာသကာလိမ်း
မစိမ်းနိုင် သမျှ
သူတို့ပြောသမျှ ယုံရတယ်
မိန်းမမာယာ သဲကိုးဖြာ
အပြစ်ဖွဲ့လို့ အမြဲပြောတယ်
ယောကျာ်းဆိုတာ အမြဲပျိုညာ
အချစ်အတွက် လို့ပဲ
ပြောကြတယ်
မိန်းမမကောင်းကြောင်း
ပြောတတ်တယ်
မိန်းမနဲ့လည်း မကင်းနိုင်တယ်
အဲဒါ ယောကျာ်းကွယ်
ဘာတွေပဲ ပြောနေပြောနေကွယ်
တို့မိန်းကလေးတွေလည်း
ခက်ပါတယ်
သူတို့နဲ့ မကင်းနိုင်သမျှရယ်
အချစ်ဆိုတာ ရှိ နေအုံးမယ်
ဒါပေမဲ့ကွယ်
မကျေနပ်ဘူး ဟေ့
မကျေနပ်ဘူး ဟေ.
ဒါမျိုးဆို မကျေနပ်ဘူးဟေ့
ယောကျာ်းတွေကို
မကျေနပ်ဘူး ဟေ့
ကျေးဇူးတင်ပါတယ်