menu-iconlogo
huatong
huatong
avatar

သူငယ်ချင်းလေးပါတဲ့

နန္ဒစိုင်း/စိုင်းစိုင်းခမ်းလှိုင်huatong
Takakira_Takartahuatong
เนื้อเพลง
บันทึก
သူငယ်ချင်းလေးပါတဲ့

ရေး / ဆို - စိုင်းစိုင်းခမ်းလှိုင် ft. နန္ဒစိုင်း

S . A . I plus နန္ဒစိုင်း

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ နည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ နည်းနည်းလောက်

သူမကိုတွေ့တဲ့ အပြာရောင် SUNDAY တစ်ရက်......

ထပ်ပီးတော့တွေ့ခဲ့ နွေရာသီကျောင်းပိတ်ရက်....

သူ့နောက်ကိုလိုက်နေတဲ့...

အရမ်းအရမ်းကိုကြိုက်နေတဲ့...

ကောင်လေးတွေ အရူးအမူးမိုက်နေခဲ့.....အိုး

ဘာမှငါအသေချာမသိတော့ အဖြေရှာကြည့်

ငါ့ကိုငါပြန်ကာကြည့်...

ချစ်တယ်လို့ ထင်လာမိ.....

အိပ်ရာထမှန်ကြည့်....

သူ့မျက်နှာမြင်ယောင်မိ....

အရိပ်လိုလိုထင်ယောင်ပီး

ငါ့ရဲ့စိတ်ကတွေဝေခဲ့.....

တစ်ယောက်ထဲနေခဲ့တာ ရူးချင်ပီ

သူနဲ့ငါနှစ်ယောက်တည်း

လက်ကိုတွဲယစ်မူးချင်မိ...

အခုလိုအိပ်မရလို့...

ကြမ်းပြင်ကြီးမှာ လူးလိမ့်ပီး....

ရင်ထဲမှာအချစ်ဆူးတွေပဲ စူးနေပြီ

သူကအထူးအထွေမသိ ငါပဲရူးနေမိ

နေ့တိုင်းငါကျူရှင်အောက်မှာစောင့်ခဲ့

အခုအချိန်အထိပဲ....

အကြိမ်များစွာ ကြိုးစားလည်း..

ပြန်ရတာစကားတစ်ခွန်းတည်း....

သူပြောတာ သူငယ်ချင်းပဲတဲ့...

Cho: သူငယ်ချင်းလေးပါတဲ့..

သူငယ်ချင်းလေးပဲတဲ့ကွယ်..

ဒီလို အကြိမ်ကြိမ်အခါခါ ပြောပါတယ်

ချစ်ရသူရယ်....

နောက်ထပ်နောက်တစ်ယောက် မချစ်ဖူး

ယဉ်ယဉ်လေးနဲ့ ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေ ကြီးကုန်ရင်

ခက်ရချည်ရဲ့....

ကြမ်းတမ်းတဲ့ငါ့နှလုံးသား...

သူ့ကိုတွေ့တော့နူးညံ့..

ဆိုးရွားတဲ့ငါ့အကျင့်တွေ...

ပြောင်းပြန်ဖြစ်တာ ထူးဆန်း..

အချစ်ကိုငါစူးစမ်း နေခဲ့မိတာရူးနှမ်း

ညပေါင်းများစွာ အိပ်မက်ထဲမှာ..

လက်ပစ်ကြီးငါကူးခတ်...

ငါ့ စိတ်တွေထူးခတ်...

လတွေနှစ်တွေကူးဖြတ်ခဲ့..

သူက အချိန်တွေဆွဲပီးအမှုအမှတ်မဲ့..

စိတ်ကူးယဉ်ပီး ကြည်နူးတတ်တဲ့..

ငါ့ရဲ့တစ်ဖက်သတ်ရင်ခုန်သံတွေ အခုရပ်ခဲ့

သူနဲ့ငါသူငယ်ချင်းတွေ..

ဖုန်းဆက်တယ် အပျင်းပြေ..

နောက်ထပ်ငါကြားမိပါတယ်...

ခြေရှုပ်တဲ့ သတင်းတွေ...

မဟုပ်ဖူးလို့ငြင်းနေလဲ ....

အဖြေကရှင်းနေ.....

အပြင်မှာလူတွေပြောနေကြတဲ့

သူနဲ့ငါ့ရဲ့ အတင်းတွေ အဖျင်းတွေ..

မယုံနိုင်လို့ နောက်ယောင်ခံလိုက်..

ဒီမျက်စိနဲ့မြင်လိုက်ရမှ..ငါ့မှာခေါင်းငိုက်စိုက်

အဲဒီကောင် ဘယ်သူလဲ

ပြန်ရတာအဖြေတစ်ခုတည်း..

သူပြောတာ သူငယ်ချင်းပဲတဲ့...

Cho: သူငယ်ချင်းလေးပါတဲ့..

သူငယ်ချင်းလေးပဲတဲ့ကွယ်..

ဒီလို အကြိမ်ကြိမ်အခါခါ ပြောပါတယ်

ချစ်ရသူရယ်....

နောက်ထပ်နောက်တစ်ယောက် မချစ်ဖူး

ယဉ်ယဉ်လေးနဲ့ ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေ ကြီးကုန်ရင်

ခက်ရချည်ရဲ့....

သူငါ့ကိုသူငယ်ချင်းလို ပေါင်းပီးတော့

ငါတို့ရဲ့အသက်တွေကြီးလာလို့..

အို့... ကျောင်းပီးတော့ ...

ဒီတစ်ခါချစ်ပါလို့ အဖြေကို တောင်းကြည့်တော့...

ခေါင်းကိုငြိမ့်ပီး ပြောပြန်တယ် ဖြည်းဖြည်းပေါ့....

ငါက အလုပ်မရှိဘဲ ကျောင်းဆက်တက်

သူက အလုပ်လုပ်တယ် ရုံးတက်တယ်

နောက်ပီး ခိုင်းစရာရှိရင် ဖုန်းဆက်တယ်

အပြုံးတစ်ချက်နဲ့...

အသုံးချဖို့ဆို လုပ်ရက်တယ်...ဟေး...

အဲဒီနောက်ဘုရားမှာ ဦးချဆုတောင်း

မစဉ်းစားပဲနဲ့ အတွေးထဲရောက်လာ သူ့အကြောင်း

စိတ်လှုပ်ရှားလို့ တည်ငြိမ်လာအောင် တရားထိုင်

အဲဒီငါ့ရဲ့စိတ်ကို ငြိမ်ငြိမ်နေအောင်မထားနိုင်

သူရုံးကအစ်ကိုကြီးနဲ့ တွဲလျှောက်တုန်း

ဖြစ်ချင်တော့ ငါဖယ်ရီကားကို စောင့်နေတုန်း..

နှုတ်လာဆက်တော့ အလိုက်မသိပဲမေးမိခဲ့....

သူပြောတာသူငယ်ချင်းပဲတဲ့....

သူငယ်ချင်းလေးပဲတဲ့ကွယ်..

ဒီလို အကြိမ်ကြိမ်အခါခါ ပြောပါတယ်

ချစ်ရသူရယ်....

နောက်ထပ်နောက်တစ်ယောက် မချစ်ဖူး

ယဉ်ယဉ်လေးနဲ့ ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေ ကြီးကုန်ရင်

ခက်ရချည်ရဲ့....

Cho: သူငယ်ချင်းလေးပါတဲ့..

သူငယ်ချင်းလေးပဲတဲ့ကွယ်..

ဒီလို အကြိမ်ကြိမ်အခါခါ ပြောပါတယ်

ချစ်ရသူရယ်....

နောက်ထပ်နောက်တစ်ယောက် မချစ်ဖူး

ယဉ်ယဉ်လေးနဲ့ ရူးတော့မယ်

အချိန်တွေကုန်လို့အသက်တွေ ကြီးကုန်ရင်

ခက်ရချည်ရဲ့....

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ

နည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ

နည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ

နည်းနည်းလောက်

ငါနဲ့မင်းသူငယ်ချင်းဘဝတစ်လျှောက်

မင်းရင်ထဲကအချစ်တွေပေးပါ

နည်းနည်းလောက်

เพิ่มเติมจาก နန္ဒစိုင်း/စိုင်းစိုင်းခမ်းလှိုင်

ดูทั้งหมดlogo