menu-iconlogo
huatong
huatong
avatar

တို့ကိုမင်းမေ့ပါစေ

ပန်းအိဖြူhuatong
fyahoofyahoohuatong
เนื้อเพลง
บันทึก
တို့ကိုမင်းမေ့ပါစေ ဆို ပန်းအိဖြူ

လမ်းမှာတွေ့လည်း..

သူစိမ်းတစ်ယောက်လို တို့နေပါတော့မယ်..

မနာကျင်ပါဘူးလေ

ကြင်နာနေဆဲ အသည်းနှလုံးနဲ့လူ

မသိသလိုခေါင်းငုံ့ကာရယ်

ရင်ထဲမှာကြိတ်လို့ငိုမယ်

ချစ်နေပေမယ့်လည်း

မတူတဲ့ဘ၀နှစ်ခုဝေးပြီဆွေးပြီ

နောင်ခါဘ၀မှ တို့ဆုံဖို့တောင်းဆုခြွေ..

ဒီဘ၀တော့ ရှိစေတော့နော်..

မေတ္တာနယ်ခြားဝေးပြီ

ဓနရိပ်မှာချစ်သူနေခဲ့ပါ..

ပျော်သလိုနေသွားပါ

အချိန်ဟာကုစားသွား လိမ့်မယ်

တို့ကိုမင်းမေ့ပါစေ

မြတ်ဘုရားထံတောင်းဆုခြွေမယ်

တို့တစ်တွေဟိုတစ်ခါတုန်းက

တွယ်ငြိခဲ့တဲ့အချစ်သံယောဇဉ်

လည်ပြန်မကြည့်နဲ့

အတိတ်ပန်းချီကား ဆေး သားပြယ်

ပြန်မတွေးနဲ့ ရှိစေတော့နော်..

တို့ဝေးခဲ့ချိန်မှာတောင်

ချစ်သူကိုလည်းနှုတ်ဆက်စကားတောင်

ပြောခွင့် မရှိပြီ...

အချစ်ဆိုသည်က ပေးဆပ်ခြင်းလို့

တို့လေနားလည်ပြီ..

ဒီဘ၀တစ်သက် လွမ်းနေတော့မယ်..

မမေ့နိုင်ရင်လည်း..

ကြိုးစားပြီးမေ့ပါအချစ်ဆုံးရယ်..

ဒီလိုပါပဲလေ

ကမ္ဘာမှာချစ်တိုင်းမညားခဲ့ကြတဲ့

တို့လိုချစ်ကြသူတွေ

တို့လိုအသည်းကွဲမှာပါ

အရိပ်လိုကျန်နေခဲ့ပြီ

တစ်ခါကတို့အတိတ်အဆုံးတိုင်ဝေးပြီ

ကိုယ်စီအလွမ်းနဲ့ တို့ဘ၀ချင်းစည်းခြားနေ

ဒီဘ၀တော့ တို့ကိုမေ့ပါ....

မေတ္တာနယ်ခြားဝေးပြီ

ဓနရိပ်မှာချစ်သူနေခဲ့ပါ..

ပျော်သလိုနေသွားပါ

အချိန်ဟာကုစားသွား လိမ့်မယ်

တို့ကိုမင်းမေ့ပါစေ

မြတ်ဘုရားထံတောင်းဆုခြွေမယ်

တို့တစ်တွေဟိုတစ်ခါတုန်းက

တွယ်ငြိခဲ့တဲ့အချစ်သံယောဇဉ်

လည်ပြန်မကြည့်နဲ့

အတိတ်ပန်းချီကား ဆေး သားပြယ်

ပြန်မတွေးနဲ့ ရှိစေတော့နော်..

တို့ဝေးခဲ့ချိန်မှာတောင်

ချစ်သူကိုလည်းနှုတ်ဆက်စကားတောင်

ပြောခွင့် မရှိပြီ..

အချစ်ဆိုသည်က ပေးဆပ်ခြင်းလို့

တို့လေနားလည်ပြီ..

ဒီဘ၀တစ်သက် လွမ်းနေတော့မယ်..

မမေ့နိုင်ရင်လည်း

ကြိုးစားပြီးမေ့ပါအချစ်ဆုံးရယ်..

ဒီလိုပါပဲလေ

ကမ္ဘာမှာချစ်တိုင်းမညားခဲ့ကြတဲ့

တို့လိုချစ်ကြသူတွေ

တို့လိုအသည်းကွဲမှာပါ

အရိပ်လိုကျန်နေခဲ့ပြီ

တစ်ခါကတို့အတိတ်အဆုံးတိုင်ဝေးပြီ

ကိုယ်စီအလွမ်းနဲ့ တို့ဘ၀ချင်းစည်းခြားနေ

ဒီဘ၀တော့ တို့ကိုမေ့ပါ....

เพิ่มเติมจาก ပန်းအိဖြူ

ดูทั้งหมดlogo