ရိုးမအလှ
တေးရေး ခွန်သန်းထွန်း
တေးဆို ဘိုဖြူ
..................
ရှမ်းရိုးမထက်ကို
အလည်လာဖို့ဖြင့်ဆို
အပျော်ရွှင်ဆုံးရှိမဲ့
လ, တန်ဆောင်တိုင်
လှမ်းခဲ့ဖို့ ဖိတ်ခေါ်တယ်
မြန်ပြည်အနှံ့ ချစ်ဆွေတွေ
ဪ တစ်ခါတစ်ခေါက်ဖြင့်
ရောက်စေချင်
နှင်းကလေးများကြားမှာ
သာယာသော မြို့တော်
စည်ပင်တဲ့ ဗုဒ္ဓရဲ့ ကထိန်ပွဲ
မြူးကြွကြွအိုးစည်
ဗေထုံတီး ဘဝဂ်ညံ
ပြိုင်ဆင်နွဲ မိုးထက် မီးပုံးပျံ
သိုင်းအကရယ် တို့ရဲ့ရိုးရာ
အလှပဆုံး ပေါင်းဖွဲ့မှု သဏ္ဍာန်
တစ်သက်မမေ့အောင်
စွဲလိမ့်မယ် ရင်ထဲ
ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှု အလှူလက်နဲ့ မပြတ်သလို
ဘုရားဆုပန် ဗုဒ္ဓရှင်ထံဝယ်
.....................
တေးရေး ခွန်သန်းထွန်း
.....................
တစ်မူးရလို့ တစ်ပဲလှူ
သာသနာပြုစိတ်တွေ
အစဥ်အလာကောင်း များနဲ့
ရှမ်း တောင်သူ
ကြားဘူးမဲ့ စကားရယ်,
မယုံရင်တော့ဖြင့်ကွယ်
တုနိုင်ရိုး တုကြည့်လှည့်ဦးလေ
နှင်းကလေးများကြားမှာ
သာယာသော မြို့တော်
စည်ပင်တဲ့ ဗုဒ္ဓရဲ့ ကထိန်ပွဲ
မြူးကြွကြွအိုးစည်
ဗေထုံတီး ဘဝဂ်ညံ
ပြိုင်ဆင်နွဲ မိုးထက် မီးပုံးပျံ
ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှု အလှူလက်နဲ့ မပြတ်သလို
ဘုရားဆုပန် ဗုဒ္ဓရှင်ထံဝယ်
ဆောင်းနှင်းရယ် အအေးဓာတ်ကဲပို
ဖိုးလငယ် ဝင်းပရွှန်းစို
မိုးထက် ဝဠာ နက္ခတ်စုံချိန်ဝယ်
........................
ရိုးမအလှ
တေးဆို ဘိုဖြူ
........................
ရှမ်းရိုးမထက်ကို
အလည်လာဖို့ဖြင့်ဆို
အပျော်ရွှင်ဆုံးရှိမဲ့
လ, တန်ဆောင်တိုင်
လှမ်းခဲ့ဖို့ ဖိတ်ခေါ်တယ်
မြန်ပြည်အနှံ့ ချစ်ဆွေတွေ
ဪ တစ်ခါတစ်ခေါက်ဖြင့်
ရောက်စေချင်
တစ်မူးရလို့ တစ်ပဲလှူ
သာသနာပြုစိတ်တွေ
အစဥ်အလာကောင်း များနဲ့
ရှမ်း တောင်သူ
ကြားဘူးမဲ့ စကားရယ်,
မယုံရင်တော့ဖြင့်ကွယ်
တုနိုင်ရိုး တုကြည့်လှည့်ဦးလေ
သိုင်းအကရယ် တို့ရဲ့ရိုးရာ
အလှပဆုံး ပေါင်းဖွဲ့မှု သဏ္ဍာန်
တစ်သက်မမေ့အောင်
စွဲလိမ့်မယ် ရင်ထဲ
ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှု အလှူလက်နဲ့ မပြတ်သလို
ဘုရားဆုပန် ဗုဒ္ဓရှင်ထံဝယ်
ကျေးဇူးတင်ပါသည် ။
....................