menu-iconlogo
huatong
huatong
avatar

သားကြီး

ဘိုဖြူhuatong
🕊ရဲနိုင်🕊huatong
เนื้อเพลง
บันทึก
ဒီတစ်နှစ်တော့

လွဲသွားပြန်ပြီးထင်ပါတယ်

တစ်ယောက်တည်းကြိတ်

အရှက်ရခဲ့တာ

လူတွေမသိခဲ့

မှိန်ဖျော့တဲ့အပြုံးနဲ့

သံယောဇဉ်အကြည့်နဲ့

ကြင်နာသူလေးကနှစ်သိမ့်တယ်

မျှော်လင့်ချက်ကတော့

အရောင်ပိုမှိန်လာတယ်

သူငယ်ချင်းကမေးတော့

ကျွန်တော်ရင်ခုန်လာတယ်

တူ တူမများနဲ့

ညီ ညီမများရဲ့

ငင်နေတဲ့ကြိုးကတင်းလွန်းတယ်

အကိုကြီးတော့အဖရာ

လိုအပ်ချက်တိုင်းမှာ

အမေ့နားမှာအမြဲတမ်း

ရှိနိုင်ဖို့ကြိုးစား

အမေကတော့ပြောတယ်

ကျွန်တော်အသက်

ဘယ်လောက်ကြီးလဲ

အမေ့အသိမှာ

ကလေးပဲရှိသေးတယ်

ကျွန်တော့်ခေါင်းကလေး

ပွန်သပ်ကာရယ်အမေရယ်ကျီစယ်

အမေ့အနားမှာအမြဲတမ်း

ရှိနေမှာဒီသားပဲ

အမေ့နှုတ်ခမ်းကပြုံးလည်း

ကြေကွဲတဲ့အကြည့်အတွက်

ကျွန်တော်စကားတွေ

အမြဲတမ်းဆွံ့အဆဲ

အကိုကြီးတော့အဖရာ

မိသားစုအရေးမှာ

ရှေ့တန်းက

မတ်မတ်ရပ်တည်နိုင်ဖို့ကြိုးစား

အမေကတော့ပြောတယ်

အဖေနဲ့အမေအတွက်တဲ့

ချန်နေမယ့်သားကြီးရှိသေးသတဲ့

ဒီတစ်နှစ်တော့

လွဲသွားပြန်ပြီးထင်ပါတယ်

တစ်ယောက်တည်းကြိတ်

အရှက်ရခဲ့တာ

လူတွေမသိခဲ့

မှိန်ဖျော့တဲ့အပြုံးနဲ့

သံယောဇဉ်အကြည့်နဲ့

ကြင်နာသူလေးကနှစ်သိမ့်တယ်

မျှော်လင့်ချက်ကတော့

အရောင်ပိုမှိန်လာတယ်

သူငယ်ချင်းကမေးတော့

ကျွန်တော်ရင်ခုန်လာတယ်

တူ တူမများနဲ့ ညီ ညီမများရဲ့

ငင်နေတဲ့ကြိုးကတင်းလွန်းတယ်

အကိုကြီးတော့အဖရာ

မိသားစုပြဿနာ

အမေ့နားမှာအမြဲတမ်း

ရှိနိုင်ဖို့ကြိုးစား

အမေကတော့ပြောတယ်

ကျွန်တော်အသက်

ဘယ်လောက်ကြီးလဲ

အမေ့အသိမှာ

ကလေးပဲရှိသေးသတဲ့

အဖေနဲ့အမေအတွက်တဲ့

ချန်နေမယ့်သားကြီးရှိသေးသတဲ့

အဖေနဲ့အမေအတွက်တဲ့

ချန်နေမယ့်သားကြီးရှိသေးသတဲ့

ကျေးဇူးတင်ပါတယ်

ရဲနိုင်

เพิ่มเติมจาก ဘိုဖြူ

ดูทั้งหมดlogo