menu-iconlogo
huatong
huatong
avatar

မောင့်အချစ်အညှိုးပန်း

ဘိုဖြူ Bo Phyuhuatong
raceheavyhuatong
เนื้อเพลง
บันทึก
မောင့်အချစ်အညှိုးပန်း

ဘိုဖြူ

တေးရေး စိုင်းခမ်းလိတ်

winbo29

Intro . .

ငယ်စဉ်က အမှတ်မထင် ဝင်လာပြီး ညည်းနေတဲ့

မြတ်နိုးစိတ် ပြန်ရှင်သန်လာချိန်

သေရာကနိုးထလိုက်သလိုပဲ ချိုမျက်နှာလေးက

ရယ်ပြုံးရွှင်လှပ နာပျော်ဖွယ်

တေးသီချင်းများရဲ့ကြားထဲက

အိပ်မက်ဆန်ဆန် လမ်းလျှောက်လာမယ်

မျှော်သူရင်မောစေတဲ့

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

တစ်ပွင့် တစ်ပွင့် ရယ်ပါ

အခါလွန်မှပွင့်လာတဲ့

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

တစ်ပွင့် မောင်အချစ်ဆုံး တစ်ပွင့်

ဘယ်တော့မှနောက်မကျဘူးသိလား

စောင့်သူအတွက် နှစ်ဆတိုး ဝမ်းပန်းတသာ

အအိုပါလို့ ရိုးလာသူ ပါးစပ်ညောင်း

ဖြူစင်တဲ့စိတ်ကိုမြင်လို့ သနား

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

မြင်တော့လည်း မနေ့တစ်နေ့ကအတိုင်းပဲ

အသွင်မပြောင်းပါ အထင်မသေးပါ

လာနေတော့ မောင့်ရဲ့ရင်မှာ . . .

မောင်အချစ်ဆုံး အညှိုးပန်းလေး

မောင်အချစ်ဆုံး အညှိုးပန်းလေး

ဘယ်တော့မှ မညှိုးနိုင်ပေ

. . .

အပူအပင်မကြုံတွေ့မီ ပျော်စရာ

ဘဝမစနိုင်ခင် လမ်းတစ်ဆစ်ချိုး

ကံကြမ္မာလေထန်ချိန်

ကျိန်စာများတိုက်သလား လောကဓံရယ် . . .

ဘယ်လောက်ကြံ့ခိုင်လည်းပဲ စိုမျက်ရယ်ရွှဲနဲ့

ရင်နာဖွယ်တေးသီချင်းများရဲ့ကြားထဲက

စက်ရုပ်ဆန်ဆန်

နှုတ်ဆက်ရှာတယ် မဆုံနိုင်တဲ့မှတ်ထင်တဲ့

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

တစ်ပွင့် တစ်ပွင့် ရယ်ပါ

သံသရာဝဋ်ကြွေးမကုန်တဲ့

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

တစ်ပွင့် မောင်အချစ်ဆုံး တစ်ပွင့်

သေလွန်သည်အထိလည်းချစ်ဦးမှာ

ဘယ်လိုကံအကျိုးပေးများလည်းဟင်

မကြင်နာသူ လက်မှာကြာနေရ

ဒီလိုနဲ့ဟောင်ကုန်ဒီအဖြစ်များ . . .

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

မနာလိုသူလှိုင်းဂယက် ဆက်ရိုက်ဆဲ

လာလှည့်ပါ ခိုလှည့်ပါ

အလုံခြုံဆုံးမောင်ရဲ့ရင်မှာ

မောင်အချစ်ဆုံး အညှိုးပန်းလေး

မောင်အချစ်ဆုံး အညှိုးပန်းလေး

ဘယ်တော့မှ မရိုးနိုင်ပေ . . .

Solo . .

အရင်ပုံစံ လက်ရာပျော်ဝင်လို့

ကိန်းနေဆဲ မင်းဘက်က

ပြန်လာပြီဆိုတော့

စိန်ခေါ်ကာခေါင်းမော့ရဲပြီပဲ

ဘာပြောစရာရှိလဲ

ဘာကြောက်စရာရှိလဲ

ရှင်သန်စမျိုးဆက်သီချင်းများကြားထဲက

အချီးကျူးခံမယ် အကဲ့ရဲ့ခံမယ်

ထာဝစဉ်ယုံမှတ်နေဆဲ

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

တစ်ပွင့် တစ်ပွင့် ရယ်ပါ

ထာဝရမက်မောနေဆဲ ချစ်အညှိုးပန်း

ချစ်အညှိုးပန်း

တစ်ပွင့် မောင်အချစ်ဆုံး တစ်ပွင့်

လူနေခြုံကြားလို့ပြောကြလည်း

စိတ်နေဘုံဖျားလို့ကြွားပြမယ်

လူလယ်မှာရွံသလိုမနေပါနဲ့

ပုံမှန်အနေအထားနဲ့ ပုံမှန်သွား . . .

ချစ်အညှိုးပန်း ချစ်အညှိုးပန်း

ဇာပဝါနဲ့အောက်ကထွက်ခဲ့ပါ

စိန်များအလယ် စိန်တစ်လုံးပဲ

ဂုဏ်ယူဖို့မောင်ရဲ့ဝန်တာ . . .

မောင်အချစ်ဆုံး အညှိုးပန်းလေး

မောင်အချစ်ဆုံး အညှိုးပန်းလေး

ဒီတော့မှအဖိုးတန်မယ် . . .

Thank ..

winbo29

เพิ่มเติมจาก ဘိုဖြူ Bo Phyu

ดูทั้งหมดlogo