menu-iconlogo
huatong
huatong
avatar

မြခြူ သံ (အပိုင်း၁)

မာမာအေးhuatong
💃🇲🇲💃minKhent💃🇲🇲💃huatong
เนื้อเพลง
บันทึก
Lyrics

မြခြူသံ (၁)

မူရင်းဆို /မာမာအေး

Music By Dr. Hla Buu

မြ ခြူံ .....သံ.....

နှိုင်း စံပုံပြု နုလေသော..

သံစဉ် ခုနှစ်လီ ....

ရင်မှဖြစ်သော

သွေးနဲ့အရင်းတည်

ရင်သွေးရတနာ

မာလာပန်းဝတ်ရည်

ရယ်သည် . ငိုသည်

တီတာခွန်းချို

စကားဆိုဟန်မပီတပီ

တအားငိုသံ တကျီကျီ..

ဘယ်လိုပင် ဖြစ်ပလေစေ

အပြစ်တွေမဟီ ချစ်နေမည်

တလောကလုံး ရှိသမျှ

အမိအဖ စိတ်ဝမ်း

ငြိမ်းချမ်းသာယာ ကြည် ..

အကြင်နာသိမ့်သိမ့်

ရွှင်ကာစိမ့်စိမ့်

တငြိမ်ြ့ငိမ့်တုန်

လှိုင်းဂယက်ခုန်သည်

သာယာအေးမြ

တေးအလှပမာညီ

မြခြူသံ ရောင်ပြန်မြူး..ကွန့် ချီ။

ပမာတစ်ခု စာနု

တွေးရှုရန်သဘော

ပြောပြချင်သည်

မဟာဗဟိုရ် စည်တီး

ရာဇဂြိုလ်ပြည်ကြီးရဲ့ အရှင်

ဘုရင်ဗိမ္မိသာရ

နန်း..ကျဘုရင်သည်

အဖြစ်ဆိုးနဲ့

တိုးရှာတော်မူလေ.. ပြီ

ညီလာခတဲ့ သီဟာသန

ပလ္လင်ထက်ဆီမှသည်

နှောင်တိမ်းယွင်းမှား

ကံကပွေလီ

ထောင်သွင်းအကျဉ်းထား

ခံရခြေပြီ

အမှားစရိုက်တဏှာ

ကပ်တွယ် လှ သားမိုက်

အဇာတသတ်ရယ်က

နန်းရပ်ထီးဖြူ လုယူလေ

တော့သည် ..။

အော် ဒါကိုမှ အားမရ

မတရားသမျှ

သားအလှတစ်ဖန်

သူအကြံပလီ

ဘုရားတလောက်ပါရဲ့

လူမဆန်ပြီ

ရွှေဖဝါးကြာ ငုံ လွှာအစုံကို

သနားမဖက်

အသွားလက်နက်

ဓါးထက်ထက်နဲ့ မွှမ်းပါလို့

ဆား တစ်စက်တစ်စက်

သွန်းရမယ်..တဲ့

တစ်ချက်လွှတ် ရာဇသံ

အမိန့်တော် ပြန်လေ ပြီ ...။

ဒေါသ ရှေ့ထား .....

သားအဇာတသတ် ပြည်မွှေပြီ

အနားလာကပ်တဲ့ ဝေဒေဟီ

စကားတောင် လာမစပ်နဲ့တော့

သေပလေ စေ(စီ)တဲ့။

ပတ္တမြားအရောင်ဖြာတဲ့

စမုတ်ဆောင်ထဲ

ဓါးတစ်တောင် ထွာနဲ့

ဥသျှောင် တဲ

ဘုရား ကျောင်းဒကာကြီးကို

တုပ်နှောင် လှဲတော့သည်

ငရဲ .. ပြည် ...

အဇာတသတ် ထိုမင်းသား

အနာဂါတ်ကို

သူမစဉ်းစားတော့ ... ပြီ။

...

ထားကာမုနိ

ကြွေလုသည်းဆိုင်

တတ်နိုင်ပါဘဲ

သူနိုင်ငါမင်း ပြုတော့သည်

ဓါးတလက်လက်နဲ့ ခြေဆွ

ဆားတစ်စက်တစ်စက်

အရည်ချ

စကားတစ်ချက်တစ်

ချက်တောင် မပီမသ

ဗိမ္ဗိသာရ ဘုရင်နန်းကျ

မရွှင်လန်းသပ

အော် ဘဝင်မချမ်းမြတဲ့

ဝဋ်တရားကို

ခံစားရတော့ သည် ... ။

ပြီးပါပြီ

เพิ่มเติมจาก မာမာအေး

ดูทั้งหมดlogo
website_song_tagtitle